ကိုရီးယားက ဆွေမျိုးတွေ ပြန်လည် ပေါင်းဆုံပွဲ

မောင်နှမ ၃ ယောက် ပြန်လည် ဆုံတွေ့စဉ်

EPA
မောင်နှမ ၃ ယောက် ပြန်လည် ဆုံတွေ့စဉ်

တောင် နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံက အဘိုးအို အဘွားအိုတွေဟာ မိသားစုဝင်တွေကို ပြန်တွေ့တဲအခါ ဝမ်းနည်း ဝမ်းသာ ရောထွေးနေတဲ့ စိတ်ခံစားမှုတွေကို သူတို့ မျက်နှာပေါ်မှာ အထင်းသား မြင်နေရပါတယ်။

အသက် ၈၉ နှစ် နဲ့ ၈၆ နှစ် အရွယ် အဘွားအို ၂ ဦး က သူတို့ရဲ့ အသက် ၇၆ နှစ် အရွယ် မောင်ဖြစ်သူ နဲ့ ပြန်လည် စုံဆည်း နိုင်ခဲ့ပါတယ်။

‘ဒီလို တွေ့ရဖို့ နှစ်တွေအများကြီး စောင့်ခဲ့ရတာ၊ အခုတော့ ဒီအချိန် ရောက်ခဲ့ပြီ လို့ မောင်နှမ ၃ ယောက် က ဖက်ရင်း ပြောခဲ့ကြပါတယ်။

အခု မိသားစု ပြန်လည် ပေါင်းဆုံပွဲကို မြောက်ကိုရီးယားက ၈၃ ဦး တောင်ကိုရီးယားက ၈၉ ဦး လာရောက်ခွင့် ရခဲ့ကြတာပါ။

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့တဲ့ မိသားစုဝင်တွေ ပြန်ဆုံနိုင်ဖို့ ၂ ဖက် အစိုးရက စီစဉ်ပေးခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား တနိုင်ငံဆီက တဖက်ကို လူ ၁၀၀ စီ ရွေးချယ်ခဲ့တာပါ။

ဒါပေမယ့် သူတို့တွေ့ချင်တဲ့ မိသားစုဝင်တွေ မရှိတော့ဘူးဆိုပြီး အကြောင်းပြန်စာ ရတဲ့ သူအချို့တော့ ဒီပွဲကို မလာရောက်ခဲ့ကြပါဘူး။

အသက် ၇၀ ကျော် သားဖြစ်သူနဲ့ ပြန်တွေ့ခဲ့တဲ့ မိခင်

EPA
အသက် ၇၀ ကျော် သားဖြစ်သူနဲ့ ပြန်တွေ့ခဲ့တဲ့ မိခင်

အခု တွေ့ဆုံပွဲမှာတော့ အသက် ၉၂ နှစ် အရွယ် အဖွားအို လည်း အသက် ၇၂ နှစ် အရွယ် ရောက်နေပြီဖြစ်တဲ့ သားဖြစ်သူ နဲ့ ပြန်ဆုံနိုင်ခဲ့ပါတယ်။

‘ဒီလိုနေ့မျိုး ရောက်လာ လိမ့်မယ်လို့ တခါမှတောင် စိတ်မကူးမိခဲ့ဘူး’ လို့ အဖွားအို ကပြောပါတယ်။

မြောက်ကိုရီးယားက ကွမ်ဂန် အပန်းဖြေစခန်းမှာ လုပ်တဲ့ ပြန်လည် ဆုံတွေ့ပွဲကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး တောင်ကိုရီးယားက ဘတ်စ်ကားတွေနဲ့ လာရောက်ခဲ့ကြပါတယ်။

သူတို့တွေဟာ ဒီအပန်းဖြေစခန်းမှာ ၃ ရက်ကြာ နေရမှာဖြစ်ပြီး တနေ့ကို နာရီ အနည်းငယ်နဲ့ စုစုပေါင်း ၁၁ နာရီကြာပဲ တွေ့ဆုံ စကားပြောခွင့် ရကြမှာပါ။

မိသားစုဝင်တွေ ပြန်လည် ဆုံတွေ့ပွဲ

EPA
မိသားစုဝင်တွေ ပြန်လည် ဆုံတွေ့ပွဲ

တောင်ကိုရီးက လာသူတွေကတော့ သူတို့ဆွေမျိုးတွေအတွက် အဝတ်အထည်၊ ဆေးဝါး နဲ့ အစားအသောက် တွေ ယူလာခဲ့ကြပါတယ်။

တွေ့ဆုံကြတဲ့ မိသားစုဝင် အများစုဟာ အသက် ၈၀ ကျော် အဘိုးအို အဘွားအို တွေ ဖြစ်ကြလို့ လိုအပ်ရင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ အသင့်ပြင်ထားကြပါတယ်။

ကိုရီးယားစစ်ပွဲမှာ ကွဲကွာခဲ့ကြတဲ့ မိသားစုဝင်တွေ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ မေလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့ တွေ့ဆုံဆွေးနွေးစဉ်ကတည်းက သဘောတူထားခဲ့တာပါ။

လာမယ့် သီတင်းပတ်တွေအတွင်းမှာလည်း ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်

บทความก่อนหน้านี้เณรสุดวิกฤต ผ่าสมองไม่ได้! เหยื่อ ‘หลวงตา’โหด แม่หวังปาฏิหาริย์-เอาเรื่องถึงที่สุด
บทความถัดไปอวดเซ็กซี่แบบรัวๆ เมย์ พิชญ์นาฏ จัดเต็ม ใส่บิกินีดำอวดหุ่นเซียะริมหาด