သြဂုတ် ၃၀ ရက်နေ့အတွက် သိသင့်တဲ့ သတင်းများ

ဒုက္ခသည်စခန်းက ရိုဟင်ဂျာသားအမိ

GETTY IMAGES
ဒုက္ခသည်စခန်းက ရိုဟင်ဂျာသားအမိ

(၁) ကုလ လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်

ရာထူးကနေ အနားယူတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ အယ်လ် ဟူစိန်က နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်နယ်အောင်ဆန်းစုကြည်ကို ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ အတွက် ဒေါ်အောင်ဆန်းစုကြည် က နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ တုန်းကတော့ အခု ဖြစ်ပေါ်နေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆု ပြန်လည် ရုပ်သိမ်းသွားဖို့ မရှိဘူးလို့ နိုဘယ်ဆု ကော်မတီက ကြေညာချက် ထုတ်ခဲ့ပါတယ်

() ကျောက်ဆည်မြို့က AGTI ကျောင်းသား ဓားထိုးခံရလို့ သေဆုံး

ကျောက်ဆည်မြို့မှာ AGTI ကျောင်းသားတဦးဟာ မနေ့ညက ဓားထိုးခံရတာကြောင့် သေဆုံးသွားပြီး ဓားထိုးနဲ့ထိုးသူ သုံးဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ကျောက်ဆည်ရဲစခန်းမှူးက ဘီဘီစီကို ပြောပါတယ်။

မနေ့ည ၁၀နာရီလောက်အချိန်မှာ သေဆုံးသူ ကိုနေမင်းထက်နဲ့ သူငယ်ချင်းစီးလာတဲ့ ဆိုင်ကယ်နဲ့ တခြားဆိုင်ကယ်တို့ ဆိုင်ကယ်နှစ်စီး တိုက်မိသလိုဖြစ် ချိတ်မိရာကနေ ရန်စတာ၊ ပြီးတော့ နောက်ကနေ လိုက်လာပြီး အပြန်အလှန်ထိုးရင်းကြိတ်ရင်းနဲ့ တရားခံဘက်က ဓားနဲ့ တချက်ထဲ ထိုးလိုက်တာ နှလုံးဖောက်ဝင်ဒဏ်ရာနဲ့ ဆေးရုံရောက်မှ သေတာလို့ ကျောက်ဆည်ရဲစခန်းမှူးက ပြောပါတယ်။

() တောင်ငူမြို့နယ်တွင်းက ရပ်ကွက်နဲ့ကျေးရွာတွေ ရေဘေးသင့်

တောင်ငူမြို့နယ် သဖန်းပင်ကျေးရွာ ၊ ဆင်ရွာနဲ့ ရွာတန်းရှည် အပါအဝင် ကျေးရွာ ၁၅ ရွာခန့် နှင့် အမှတ် ၉ ရပ်ကွက် အပါအဝင် ရပ်ကွက် ၅ ခုခန့် ရေဘေးသင့်တာကြောင့် နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ယာယီ ခိုလှုံနေရပါတယ်။

ရေဘေးသင့် ပြည်သူ ၅၀၀၀ ခန့်ရှိနေတယ်လို့လဲ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

စစ်တောင်မြစ်ရေနဲ့ ဆွာချောင်း ရေလှောင်တမံကရေတွေကြောင့် တောင်ငူအနိမ့်ပိုင်းကျေးရွာနဲ့ ရပ်ကွက်တွေမှာ မနေ့ကညပိုင်းတည် ရေဝင်နစ်မြှုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် ည ၈ နာရီလောက်ကတည်းက ရေတွေတိုးဝင်လာလို့ ဒေသခံတွေဟာ တောင်ငူမြို့ ပေါ်တော်မူဘုရာဝန်းက ရေဘေးရှောင် စခန်းနဲ့ မြို့ပေါ်က ရေဘေးရှောင် စခန်းတွေမှာ သွားရောက် ခိုလှုံနေရတယ်လို့ တောင်ငူမြို့ ၉ ရက်ကွက် ကြက်ရှာစွန်းအနိမ့်ပိုင်း ရပ်ကွက်မှာ နေထိုင်တဲ့ မြို့ခံဦးသန်းညွှန့်က ဘီဘီစီကို ပြောပါတယ်။

() ကချင်ပြည်နယ်တွင်း အခြေအနေများနဲ့ပတ်သက်လို့ အစီရင်ခံစာထွက်ရှိ

ကချင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ခွင့်ကို ငြင်းပယ်မှုကို လက်နက်သဖွယ် အသုံးပြုလုပ်ဆောင်နေတဲ့ ပုံစံများ အကြောင်းဆိုပြီး Fortify Rights အဖွဲက ဧပြီလ ၃၀ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က မြန်မာ့တပ်မတော် ဟာ ကချင်ပြည်နယ်ထဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ဆုံးဖြတ် ခဲ့အပြီးမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ငါးနှစ်တာ ကာလတခုအတွင်း ကချင်ပြည်နယ်မှာ အဓိက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုပေါင်း (၁၉၅) ခုကို အခြေခံတဲ့ စာမျက်နှာ (၆၈) မျက်နှာပါရှိတဲ့ “အရာရာတိုင်းကို သူတို့ပိတ်ထားတယ် ” ဆိုတဲ့ အစီရင်ခံဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ၊ ပြည်တွင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများရဲ့ လုပ်ငန်းများအပေါ် တားဆီးပိတ်ပင်မှုများ၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ စစ်ပွဲဥပဒေတွေကို ချိုးဖောက်တယ်လို့ ဆိုနိုင်တဲ့ လုပ်ဆောင်ချက်များကို အသေးစိတ်မှတ်တမ်းတင် ဖော်ပြထားကြောင်း ရေးသားထားပါတယ်။

ပိတ်ပင်နေတဲ့ အားဖြည့်အချိုရည်

SCIENCE PHOTO LIBRARY
ပိတ်ပင်နေတဲ့ အားဖြည့်အချိုရည်

( ၅) ၁၈ နှစ်အောက် ကလေးတွေ အားဖြည့်အချိုရည် မသောက်ရ

အင်္ဂလန်မှာ အားဖြည့် အချိုရည်တွေကို ၁၈ နှစ် အောက် ကလေးတွေကို ရောင်းချခွင့် ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒီ အားဖြည့် အချိုရည်တွေမှာ သကြားနဲ့ ကဖင်း ဓာတ် အများအပြား ပါဝင်ပြီး ဒါဟာ အဝလွန်ရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးတွေကို အားဖြည့် အချိုရည် ရောင်းချခွင့်ကို တရားမဝင် ပြုလုပ်ဖို့ အများပြည်သူလူထုနဲ့ တိုင်ပင် နှီးနှော ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

บทความก่อนหน้านี้เลขาฯ ป.ป.ช. ปัดตอบความคืบหน้า จีที 200 งดวิจารณ์ เปรียบเป็น ‘พระเครื่อง’
บทความถัดไปกลางวันแสกๆ หนุ่มจ่อมือถือถ่ายใต้กระโปรงสาวดื้อๆ กลางป้ายรถเมล์ จ้องตาเป็นมัน(คลิป)