Khaosod
Online

วันอาทิตย์ ที่ 23 ก.พ. 2563

ဂျပန် တိုင်ဖွန်း ကြောင့် အနည်းဆုံး ၁ဝ ဦး သေဆုံး

5 ก.ย. 2561 - 19:30 น.
ဂျပန်
AFP
ဂျေဘီ ရဲ့ ဒဏ်ကို အဓိက ခံစားခံရတာက ဂျပန် အနောက် မြောက်ပိုင်း က အိုဆာကာ နဲ့ ကျိုတို မြို့တွေ

ဂျပန် နိုင်ငံမှာ ၂၅ နှစ် အတွင်း အဆိုးရွား ဆုံးလို့ ဆိုနိုင်တဲ့ မုန်တိုင်း ဂျေဘီ ဝင်ရောက် ခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံး ခဲ့ရပြီး အဆောက်အဦ အတော်များများ ပျက်စီး ဆုံးရှုံး ခဲ့ရပါတယ်။

မုန်တိုင်း ဂျေဘီ ရဲ့ ဒဏ်ကို အဓိက ခံစားခံရတာက ဂျပန် အနောက် မြောက်ပိုင်း က အိုဆာကာ နဲ့ ကျိုတို မြို့တွေပဲ ဖြစ်ပါတယ်။

အဲဒီ မြို့တွေ က အဆောက်အဦတွေ ပြိုကျ ပျက်စီး ခဲ့ရပြီး အနည်းဆုံး လူ သုံးသန်း လောက်ဟော မုန်တိုင်း ဒဏ် ကို ခံစားခဲ့ရပါတယ်။

ကျိုတို မြို့မှာ နေထိုင် တဲ့ ကိုတိုး က သူကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်း အခြေအနေနဲ့ ပတ်သက်လို့ နေအိမ်တွေမှာ ခေါင်မိုးတွေ လန်သွား ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး အဆောက်အဦး အကာအရံ မှန်တွေ ကွဲကုန်ပြီး ၂၂ နာရီကျော် ကြာအောင် လျှပ်စစ်မီး ပြတ်တောက် ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

အခု ဆိုရင် အိုဆာကာ နဲ့ ကျိုတို မြို့တွေမှာ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ ကလည်း ဆိုးဆိုးရွား ရွား ပြတ်တောက် လျှက် ရှိနေပါတယ်။

ဂျပန်
AFP
ကားတွေ အတုန်း အရုံးပျက်စီး

လေဆိပ်မှာ ခရီးသည် ထောင်နဲ့ချီ ပိတ်မိ နေပြီး မုန်တိုင်း တိုက်ခတ်ပြီး နောက်ဆက် တွဲ အခြေအနေ အဖြစ် ရေကြီးမှုတွေ မြေပြိုမှုတွေ ကြုံတွေ့ ရနိုင်ကြောင်း ကျွမ်းကျင်သူတွေ က ပြောဆို နေပါတယ်။

မုန်းတိုင်း ဒဏ်ကြောင့် အနည်းဆုံး လူ ၃၀၀ လောက်ဟာ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြတယ်လို့ အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ယိုရှီဟီဒေး ဆူဂါ က ပြောပါတယ်။

နောက်ထပ် လူပေါင်း ၁ သန်း ကျော် ကို မုန် တိုင်း နောက်ဆက် တွဲ အဖြစ် အပျက် တွေ နဲ့ ရင်ဆိုင် ရနိုင်တဲ့ အတွက် သတိ နဲ့ စောင့်ကြည့် နေထိုင် ကြဖို့ အစိုးရ က သတိပေး ချက် တွေ ထုတ်ပြန် ထားပါတယ်။

ဂျပန်
AFP
မုန်တိုင်းဒဏ်ခံ အဆောက်အဉီတွေပေမယ့် အင်အင်းပြင်းလွန်းတော့ မှန်တွေ ထိခိုက် ပျက်စီး

ဒါပေမယ့် ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အချိန် အထိ အိုဆာကာ မြို့က အိမ် အလုံးရေး ၈ သိန်းကျော်မှာ လျှပ်စစ်မီး ပြတ်တောက်လျှက် ရှိနေဆဲ ဖြစ်ပါတယ်။

လတ်တလော အချိန်မှာတော့ တိုင်ဖွန်း ဂျေဘီကို အပူပိုင်း မုန်တိုင်း ငယ် အဖြစ် အဆင့် ပြောင်းလဲ သတ်မှတ် လိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံ မြောက်ပိုင်း ကို တော့ ဝင်ရောက် တိုက်ခတ် နေဆဲ ဖြစ်ပါတယ်။

တဖြည်းဖြည်း နဲ့ အားပျော့ ပျက်ပြယ်ပြီး ကုန်တွင်းပိုင်း ကို ဖြတ်ကျော် ဝင်ရောက် သွားမယ် ဆိုပြီးတော့လည်း ကျွမ်းကျင်သူတွေက ပြောဆို နေကြပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဂျပန် တိုင်ဖွန်း ကြောင့် အနည်းဆုံး ၁ဝ ဦး သေဆုံး
ข่าวที่เกี่ยวข้อง