ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ကို ပုဒ်မ ၂ ခုနဲ့ စွဲချက်တင်

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ စစ်တွေခရိုင် တရားရုံးက ဒီကနေ့မှာပဲ စွဲချက်တင်လိုက်ပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၁) ၊ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်တာ ဖြစ်ပြီး၊ ပုဒ်မ ၁၇ (၁) ကိုတော့ ပလပ် (ပယ်ဖျက်) လိုက်တယ်လို့ စာရေးဆရာ ဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

သူတို့တွေကို အကြောင်းအခြင်းအရာ တခုတည်းကို မူတည်ပြီး ပုဒ်မ ၃ ခု ခွဲပြီး တရားစွဲဆိုခဲ့ရာက ပုဒ်မ တခုကို ပလပ်လိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီနေ့ချမှတ်လိုက်တဲ့ စွဲချက်တွေဟာ မှားယွင်းတယ်၊ ကျေနပ်မှု မရှိလို့ ဥပဒေနဲ့ အညီ ပြင်ဆင်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ဆီ ပြင်ဆင်မှု တင်သွင်းသွားမယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ကို ကျုးလွန်ပါက သေဒဏ်ဖြစ်စေ ၊ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပြီး၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ကို ကျုးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရက ပုဒ်မ ၁၂၂ (၁) ၊ ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ ၁၇/၁ (မတရားအသင်းနဲ့ ဆက်သွယ်မှု) တို့နဲ့ တရားစွဲခဲ့တာပါ။

บทความก่อนหน้านี้‘ราชันมังกร’หวังคืนฟอร์มเก่งดับซ่าเมืองทองหนีโซนตกชั้น
บทความถัดไปแอร์ฟอร์ซลั่นยังเล่นเต็มที่แม้ตกชั้นทีมแรก-สุพรรณบุรีขาด2แข้งหลัก