စက်တင်ဘာ ၁၂ ရက် သိသင့်တဲ့သတင်းများ

မုန်တိုင်းခိုဖို့ စောင့်နေတဲ့ အမေရိကန်ပြည်သူတွေ

EPA
မုန်တိုင်းခိုဖို့ စောင့်နေတဲ့ အမေရိကန်ပြည်သူတွေ

(၁) မုန်တိုင်းကြောင့် ထောင်နဲ့ချီမြန်မာတွေလည်း ပြောင်းရွှေ့ရ

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်ကို မကြာခင် ဝင်ရောက်တိုက်ခိုက်တော့မယ့် မုန်တိုင်းဒဏ်ကနေ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြတဲ့လူတွေထဲမှာ ထောင်နဲ့ချီတဲ့ မြန်မာပြည်သားတွေလည်း ပါပါတယ်။

အင်အားပြင်း ဟယ်ရီကိန်းမုန်တိုင်း ဖလိုရက်ခ် Hurricane Florence ဟာ တနာရီကို မိုင် ၁၄၀ လောက် ရွေ့လျားတိုက်ခိုက်သွားမယ်လို့ အမေရိကန်မိုးလေဝသက ခန့်မှန်းပါတယ်။

မြောက်ကာရိုလိုင်းနားမှာရှိတဲ့ မြို့တော်တော်များများကို မုန်တိုင်းဝင်ရောက်တိုက်ခိုက်မှာဖြစ်ပြီး အပျက်အစီးတွေလည်း များနိုင်တဲ့အတွက် ကမ်းခြေမှာနေတဲ့လူတွေ အပါအဝင် ဒေသခံတွေအားလုံးကို ကြာသာပတေးနေ့ နောက်ဆုံးထားပြီး ဘေးလွှတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်က သတိပေးထားတယ်လို့ မြောက်ကာရိုလိုင်းနားမှာ နေထိုင်တဲ့ မြန်မာပြည်က ကရင်ဒုက္ခသည် စောကရယ်မူးက ဘီဘီစီကို ပြောပါတယ်။

မြောက်ကာရိုလိုင်းနားက မြို့ဆယ်မြို့မှာ ကရင်၊ ချင်း၊ ရှမ်းလူမျိုးနဲ့ တခြားမြန်မာပြည်သားတွေ ၇ ထောင်လောက် နေထိုင်ကြတယ်လို့ ကရင်ဒုက္ခသည် အဖွဲ့အစည်းက ပြောပါတယ်။

(၂) ကုလသမဂ္ဂ အထွေထွေညီလာခံကို အတိုင်ပင်ခံ မတက်ရောက်

ဗီယက်နမ် မှာကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘီဘီစီကို အတည်ပြုပြောပါတယ်။

၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အာဆီယံကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဒီဖိုရမ်ကို တက်ရောက်ဖို့ ဗီယက်နမ်ဝန်ကြီးချုပ်က ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကိုတော့ အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင့်တို့ တက်ရောက်ဖို့ ရှိပါတယ်။

(၃) ဘီဘီစီ နာမည်ကြီး အစီအစဉ်တင်ဆက်သူနှစ်ဦး နှုတ်ထွက်

ဘီဘီစီမှာ လူသိများ နာမည်ကြီးနေတဲ့ ဝန်ထမ်းတွေရဲ့ လစာစာရင်းတွေ ထုတ်ပြန်လိုက်ပြီးနောက် ရေဒီယို တူး နဲ့ ရေဒီယို ဖိုးက နာမည်ကြီး အစီအစဉ်တင်ဆက်သူ နှစ်ဦးဖြစ်တဲ့ ခရစ်အီဗန် နဲ့ အက်ဒီမဲလ် ဟာ အလုပ်က နှုတ်ထွက်သွားပါတယ်။

သူတို့ရဲ့ တနှစ်လစာဝင်ငွေဟာ ပေါင်သန်းနဲ့ချီပြီး ရတဲ့စာရင်းကို အများက သိပြီးတဲ့အချိန်မှာတော့ ဝေဖန်ပြောဆိုတာတွေ ရှိခဲ့လို့ ဖြစ်ပါတယ်။

(၄) ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ ၁၈ ကြိမ်မြောက် အစည်းအဝေးစတင်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရဲ့ ၁၈ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ယနေ့ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ JMC-U အဖွဲ့ဝင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်သား ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။

တရုတ်ဈေးကွက်ကြောင့် မြန်မာဆင်တွေမလုံခြုံတော့

BBC
တရုတ်ဈေးကွက်ကြောင့် မြန်မာဆင်တွေမလုံခြုံတော့

(၅) တရုတ်ဈေးကွက်ကြောင့် မြန်မာဆင်တွေမလုံခြုံတော့

တရုတ်နိုင်ငံက ဈေးကွက်မှာ ဆင်ထွက်ပစ္စည်းဈေးကွက် လိုအပ်ချက်ကြောင့် တောဆင်ရိုင်းတွေကို သက်ရောက်မှုရှိစေတယ်လို့ ဗြိတိန်တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တဖွဲ့ ဖြစ်တဲ့ Elephant Family က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆင်သရေအပါအဝင် ဆင်ကထွက်တဲ့ ပစ္စည်းတွေကို တရုတ်နိုင်ငံမှာ ဆေးဝါးဖော်တဲ့အခါနဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ ဆင်မြန်းတဲ့အခါမှာ အသုံးပြုနေတာ များလာတဲ့အတွက် မြန်မာပြည်က မုဆိုးတွေဟာ ဆင်ဆွယ်တွေ သာမကပဲ ဆင်မနဲ့ ဆင်သားလေးတွေကိုပါ ပစ်မှတ်ထား မုဆိုးလိုက်ကြတယ်လို့ Elephant Family အဖွဲ့က ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ဈေးသည်တယောက်ကို ဆင်သားရေ ရနိုင်မလားဆိုပြီး အဖွဲ့က မေးကြည့်စုံစမ်းတဲ့အခါ ၄ နာရီတွင်းရှာပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အစတုန်းကတော့ ဆင်စွယ်ကိုလိုက်တယ် နောက်ပိုင်းဆင်စွယ်တင်မဟုတ်ပဲ ဆင်သားရေ ဆင်နှမောင်း အသားတွေကိုလည်းယူတယ် ပြီးတော့ရောင်းတယ်။ ရောင်းရင် တရုတ်ပြည်ဘက်ရောင်းတယ်။

အစတုန်းကတော့ ဆင်စွယ်ကို လိုက်တယ်။ နောက်ပိုင်း ဆင်စွယ်တင်မဟုတ်တော့ပဲ ဆင်သားရေ ဆင်နှာမောင်း နဲ့အသားတွေကို ယူတယ်။ အသေတွေကို ရောင်းတာရှိသလို တချို့တွေကလည်း အရှင်တွေကို မောင်းပြီးတော့ တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံဘက် ရောင်းတယ်လို့ ဒေါက်တာဖုန်းဝင်းက ဆိုပါတယ်။

บทความก่อนหน้านี้พีค! ชายช้ำรัก-ทะเลาะกับผจก. จุดไฟเผาโกดังสินค้า วอดวายเสียหาย 32 ล้าน
บทความถัดไปย้อนดูความฝัน โอ วรุฒ ที่ไม่เคยได้ทำ? จนถึงวันจากโลกนี้ไป