သွင်းဂိုးတွေနဲ့ ဝေဖန်မှုတွေကို တိတ်စေခဲ့ ရော်နယ်လ်ဒို

atl

AFP
ရော်နယ်လ်ဒိုဟာ အမှတ်ပေးလိဂ် သွင်းဂိုး ၄၀ဝပြည့်တဲ့ ၅ယောက်မြောက် ကစားသမား ဖြစ်လာ

စီးရီးအေ ရာသီအဖွင့်ပွဲတွေမှာ ဂိုးပေါက် ပျောက်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို အတွက်တော့ ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲပါ။ ချန်ပီယံ ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ ဆာဆူလိုကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုး ၂ဂိုးစလုံးကို ရော်နယ်လ်ဒိုက သွင်းယူ ပေးခဲ့တာပါ။ ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်း ၅၀နဲ့ ၆၅မိနစ်မှာ နှစ်ဂိုးဆက်သွင်းခဲ့တာ ဖြစ်ပြီး သူ့အပေါ် ဝေဖန်မှုတွေကို ချေဖျက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ရီးယဲယ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် သန်း ၁၀ဝနဲ့ ပြောင်းရွှေ့လာတဲ့ ရော်နယ်လ်ဒိုအတွက်တော့ လိဂ်ပြိုင် ပွဲတွေမှာ သွင်းဂိုး ၄၀ဝပြည့် သွင်းနိုင်ခဲ့တာပါ။ ရော်နယ်လ်ဒိုဟာ သူ့ကစားသမားဘဝ စတင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ ၃ဂိုး၊ မန်ချက်စတာယူနိုက်တက်မှာ ၈၄ဂိုး၊ အောင်မြင်မှုတွေ များစွာရခဲ့တဲ့ ရီးယဲယ်မက်ဒရစ်မှာ ၃၁၁ဂိုးနဲ့ အခု ဂျူဗင်တပ်စ်မှာ ၂ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ သမိုင်းတစ်လျောက် ဥရောပ ဘောလုံးလိဂ်ပြိုင်ပွဲတွေမှာ အမှတ်ပေးလိဂ် သွင်းဂိုး ၄၀ဝပြည့်တဲ့ ၅ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ အများဆုံး သွင်းထားသူကတော့ သြစတြီးယား တိုက်စစ်မှူး ဘီကန်ဖြစ်ပြီး ၅၁၈ဂိုး သွင်းထားတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ အဲ့ဒီပွဲမှာ ၂-၁ဂိုးနဲ့ နိုင်ခဲ့ပေမယ့် တောင်ပံကစားသမား ကော်စတာ အထုတ်ခံခဲ့ရပါတယ်။ ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ ၄ပွဲကစားပြီး ၄ပွဲစလုံးနိုင်ပြီး ရမှတ် ၁၂မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

AFP
၄ပွဲအပြီး စီးရီးအေမှာ ဂိုးစသွင်းတဲ့ ရော်နယ်လ်ဒို

ဥရောပလိဂ်တွေမှာ လိဂ်သွင်းဂိုးအများဆုံး သွင်းထားသူများ

၁) ဘီကန် ( သြစတြီးယား) – ၅၁၈ဂိုး

၂) ပူးရှ်ကတ်စ် ( ဟန်ဂေရီ) – ၅၁၄ဂိုး

၃) မက်ဂရီဂေါ် ( စကော့တလန်) – ၄၁၀ဂိုး

၄) ဆီလာ ( ဂျာမနီ ) – ၄၀၆ဂိုး

၅) ရော်နယ်လ်ဒို ( ပေါ်တူဂီ) – ၄၀ဝဂိုး

บทความก่อนหน้านี้เปิดภาพ โอ วรุฒ กับ ก้อย แฟนคนสุดท้าย ทำพิธีสะเดาะเคราะห์
บทความถัดไปสุดสลด ด.ต.เครียดปัญหาสุขภาพรุมเร้า 11 มม.จ่อขมับลั่นไกดับคาสวน