ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမဲ့ရက်ကို ပြန်ညှိနှိုင်းဖို့အပါအဝင် အချက် ၅ ချက် ကေအန်ယူ တောင်းဆို

NCA၂နှစ်ပြည့် အခမ်းအနားမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူဥက္ကဌ

BBC
NCA၂နှစ်ပြည့် အခမ်းအနားမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူဥက္ကဌ

လာမယ့် အောက်တိုဘာ ၁၅ရက်နေ့မှာ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ် အဖွဲ့တွေက ထိပ်သီးခေါင်းဆောင် တွေ တွေ့ဆုံဆွေးနွေးသွားမယ့် ပွဲကို ရက်ပြန်လည်ညှိနှိုင်းဖို့အပါအဝင် အချက် ၅ချက်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ )က အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါ တယ်။

အဆိုပါတောင်းဆိုချက်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ ) ရဲ့ ၅ကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီရဲ့ အရေးပေါ် အစည်းအဝေးကို ၂ ရက်ကြာပြုလုပ်အပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကေအဲန်ယူဟာ NCA စာချုပ်ကို ၂၀၀၁၅ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တခုဖြစ်ပြီး လာမယ့်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ရလာဒ်ကောင်းတွေရဖို့ပြင်ဆင်မှုတွေပိုမို ပြုလုပ်ဖို့ လိုအပ် နေသေးတဲ့အတွက် နှစ်ဘက်တွေ့ဆုံ ဆွေးနွေးနိုင်မယ့် နေ့ရက်ကို ပြန်လည်ညှိနှိုင်းမှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့နေတာတွေဟာ တခုတည်းသော တပ်မတော်ကို လက်ခံရန် တောင်းဆိုတဲ့ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးနဲ့စပ်လျဉ်းတဲ့ ကိစ္စတွေအပြင် NCA (တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) အပေါ် မတူညီတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့လက်ရှိသဘောတူ ထားတဲ့ ယန္တရားတွေရဲ့ အဓိက အားနည်းချက်တွေကို ဖော်ထုတ်ကာပြင်ဆင်နိုင်ရေးမှုတွေချမှတ်ဖို့ဆွေးနွေး ဖို့ အပါအဝင် အပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့အဖွဲ့တွေကို ပါလာနိုင်အောင်အခင်းအကျင်းတွေ ဖန်တီးပေးနိုင်ဖို့ စတဲ့အချက်တွေကို သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ထိပ်သီးခေါင်းဆောင်တွေတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပေမယ့် အဆုံးအဖြတ် ပေးနိုင်သူအားလုံးပါဝင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတစ်ဆို့နေတဲ့ အဓိက ကိစ္စရပ်တွေ ဖြစ်တဲ့ တခုတည်းသောတပ်မတော်ဆိုတဲ့အချက်အပါအဝင် အဓိကအချက်အတော်များများကို အဆိုပါပွဲမှာ တွေ့ဆုံဆွေးနွေးပြီး အဆုံးအဖြတ်တွေရဖို့မျှော်လင့်ထားတယ်လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဘီဘီစီကိုပြောထားပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ရက်နေ့ဟာ NCA (တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ်ရေးထိုးတဲ့ ၃နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး နှစ်ပတ်လည်အခမ်းအနားအပြီး ပုပ္ပါးမြို့မှာ ထိပ်သီးခေါင်းဆောင်အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊မြန်မာ့တပ်မတော် က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်ရောက်မှာဖြစ်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ ၅ ရက်နေ့မှာ အတည်ပြုပြောဆိုထားပါတယ်။

บทความก่อนหน้านี้งงใจคุณพี่! บีเอ็มหรู ไม่ยอมจ่าย ค่าจอดรถ จอดขวางทางเข้าออกซะงั้น
บทความถัดไปรัวยิง! ขาใหญ่เมืองคอน ดับสยองคร่อมมอไซค์ ระหว่างรอกินโรตี