ချန်ပီယံလိဂ်မှာ ဘယ်သူတွေ ဂိုးပိုသွင်းထားကြလဲ

ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးဟာ ဘောလုံးချစ် ပရိသတ်တွေ စိတ်ဝင်စားမှု အရှိဆုံးနဲ့ အကြိတ်အနယ်ရှိဆုံး ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ အသင်းတိုင်းက ချန်ပီယံ ဖြစ်ချင်ကြသလို ကစားတွေသမားတိုင်းကလည်း ဂိုးသွင်းနိုင်ကြဖို့ အိမ်မက်တွေ ရှိကြပါတယ်။ ဘီဘီစီ ဘောလုံးချစ် ပရိသတ်တွေကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲက နာမည်ကျော် ဂိုးသွင်းသူတွေကို သိကြမှာပါ။ ဆိုတော့ ဘောလုံး ပရိသတ်တွေ သိထားတဲ့ ကစားသမားတွေထဲ ချန်ပီယံလိဂ်မှာ ဘယ်သူတွေက ဂိုးပို သွင်းထားကြလဲ မေးခွန်းလေးတွေကို ဖြေကြည့်ရအောင်ပါ။

၁) ရော်နယ်လ်ဒင်ညို – ဇီဒန်း ?

၂) အွန်နရီ – ရှက်ချင်ကို ?

၃) ဖီဂို – ရိုင်ယံဂစ် ?

၄) အင်ဇာဂီ – ဒရော့ဘာ ?

၅) ဘက်ခမ် – ဂျူနင်ညို ?

AFP
ရီးယဲယ်နဲ့ ဘာစီလိုနာတို့ နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့ ဇီဒန်းနဲ့ ရော်နယ်လ်ဒင်ညို

အဖြေများကို စာမျက်နှာ အောက်ဆုံးမှာ ကြည့်ပါ။

အဖြေများ။

၁)အကောင်းဆုံးဆုတွေအများကြီးရထားကြတဲ့ သူတို့ နှစ်ဉီးမှာ ရော်နယ်လ်ဒင်ညိုက ၂၂ဂိုးနဲ့ ဇီဒန်းက ၁၈ဂိုး သွင်းထားပါတယ်။

၂)အာဆင်နယ်ရဲ့ အွန်နရီက ရှက်ဗ်ချင်ကိုထက် ၂ဂိုးပိုသွင်းထားပြီး သွင်းဂိုး ၅၀ရှိပါတယ်။

၃)ရိုင်ယံဂစ်ဟာ ၂၇ဂိုး သွင်းထားပြီး ဖီဂိုကတော့ ၂၄ဂိုး သွင်းခဲ့ပါတယ်။

၄)အင်ဇာဂီဟာ ချန်ပီယံလိဂ်မှာ ၄၆ဂိုးသွင်းထားပြီး ဒရော့ဘာထက် ၂ဂိုး ပိုသွင်းထားပါတယ်။

၅)ဖရီးကစ် စပယ်ရှယ်လစ် နှစ်ဉီးမှာ ဂျနင်ညိုက ဘက်ခမ်ထက် ၂ဂိုးပိုသွင်းပြီး ၁၈ဂိုး သွင်းထားပါတယ်။

บทความก่อนหน้านี้จีนเพิ่งยืนยัน จับปธ.อินเตอร์โพลชาติตัวเองไปสอบสวน อื้ออึงทั่วโลก
บทความถัดไปโพสต์รูปศพลูกเมียในโลง ทวงความยุติธรรม หนุ่มเจ็บแค้นคู่กรณีเมาขับ