နည်းပြသစ်နဲ့ မြန်မာရဲ့ ဆူဇူကီးဖလား အလာအလာ

အာဆီယံ ဒေသတွင်းက အမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အာဆီယံ ချန်ပီယံရှစ် ဆူဇူကီး ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၁၂ကြိမ်မြောက် ယှဉ်ပြိုင်ကြမယ့် ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၀နိုင်ငံက အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လက်ရှိ ချန်ပီယံအသင်းက ထိုင်း အသင်းပါ။

ဆူဇူးကီ ဖလား သမိုင်း

အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွေကို ၁၉၉၆ခုနှစ်က စင်္ကာပူနိုင်ငံမှာ စတင် ကျင်းပခဲ့တာပါ။ ပထမဆုံး ပြိုင်ပွဲမှာပဲ ထိုင်းအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး မလေးရှား အသင်းကို နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို ပုံမှန် ၂နှစ် တစ်ကြိမ် ကျင်းပလာခဲ့တာ ၁၁ကြိမ် ရှိလာခဲ့ပါပြီ။ အောင်မြင်ဆုံး အသင်းကတော့ ထိုင်းအသင်း ဖြစ်ပြီး ၅ကြိမ် ရထားပါတယ်။ ထိုင်းဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၆ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့တဲ့ အသင်းဖြစ်ပြီး ဒီနှစ်မှာလည်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရေပန်း စားနေပါတယ်။ ပြိုင်ပွဲ သမိုင်းတစ်လျောက်မှာတော့ ထိုင်းနဲ့အတူ စင်္ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ် အသင်းတွေသာ ချန်ပီယံ ဖြစ်ဖူးပါတယ်။

မြန်မာနဲ့ အာဆီယံ ချန်ပီယံရှစ်

မြန်မာအသင်းဟာ ဒီပြိုင်ပွဲကို ၁၉၉၆ခုနှစ်ကတည်းကနေ အကြိမ်တိုင်း ဝင်ရောက်ခဲ့ပြီး အောင်မြင်မှုရဖို့ ရုန်းကန်နေရပါတယ်။ ပြိုင်ပွဲ သမိုင်းတစ်လျောက် အမြင့်ဆုံးအဖြစ် ဆီးမီးဖိုင်နယ်အဆင့်ထိသာ တက်ရောက်ခဲ့ဖူးပါတယ်။ ၂၀ဝ၄ခုနှစ်နဲ့ ၂၀၁၆ခုနှစ်တွေမှာ ရောက်ခဲ့တာပါ။ ၂၀ဝ၄ခုနှစ် တိုက်ဂါးဖလား အမည်နဲ့ ကျင်းပတဲ့ ပြိုင်ပွဲဟာ မြန်မာ့ လက်ရွေးစင်အသင်းအတွက် ဒီပြိုင်ပွဲ သမိုင်းတစ်လျောက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြိုင်ပွဲပါ။ ဆီးမီးဖိုင်နယ်မှာ စင်္ကာပူကို ၂ကျော့ပေါင်း ရလဒ်ကြောင့် ထွက်ခဲ့ရသလို အဲ့ဒီတုန်းက စင်္ကာပူကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲကိုတော့ မြန်မာ့ ဘောလုံး ပရိသတ်တွေကို အခုထိ မှတ်မိနေဆဲ ဖြစ်ပါတယ်။ မြန်မာဟာ ၂၀၁၆ခုနှစ်မှာတော့ တစ်ကျော့ပြန် ဆီးမီး တက်ခဲ့ပေမယ့် ဒေသတွင်းက ပြိုင်ဖက် ထိုင်းကို ရှုံးခဲ့ပါတယ်။ သမိုင်းတစ်လျောက် ၁၁ကြိမ်မှာ ၂ကြိမ် ဆီးမီးတက်ခဲ့ပြီး ၉ကြိမ်ကတော့ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

မြန်မာအသင်းဟာ ဂျာမန် လူမျိုး အန်တိုနီဟေးကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီး ခြေစွမ်း ကောင်းတဲ့ အသင်းကြီး ၄သင်းနဲ့ ခြေစမ်းခဲ့ပါတယ်။ သူ့လက်ထက် ခြေစမ်းပွဲ ၄ပွဲစလုံး ရှုံးနိမ့်ထားပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်းက တိုးတက်မှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဆိုတော့ မြန်မာ့ ဘောလုံး ပရိသတ်တွေ အတွက် ဒီပြိုင်ပွဲမှာ နည်းပြသစ်က ဘာတွေ စွမ်းဆောင်ပေးနိုင်မလဲ။ နည်းပြသစ်နဲ့ မြန်မာအသင်းရဲ့ အလားလာ ကရော ဘယ်လိုတွေဖြစ်လာမလဲ။

အန်တိုနီ ဟေး လက်ထက် ရလဒ်များ

တရုတ် ၁-ဝ မြန်မာ

အင်ဒိုနီးရှား ၃-ဝ မြန်မာ

မြန်မာ ဝ-၃ ဘိုလစ်ဗီးယား

ဘာရိန်း ၄-၁ မြန်မာ

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ မြန်မာ

၁၉၉၆ – အုပ်စုအဆင့်

၁၉၉၈ – အုပ်စုအဆင့်

၂၀ဝ၀ – အုပ်စုအဆင့်

၂၀ဝ၂ – အုပ်စုအဆင့်

၂၀ဝ၄ – စတုတ္ထ

၂၀ဝ၇ – အုပ်စုအဆင့်

၂၀ဝ၈ – အုပ်စုအဆင့်

၂၀၁၀ – အုပ်စုအဆင့်

၂၀၁၂ – အုပ်စုအဆင့်

၂၀၁၄ – ဆီးမီးဖိုင်နယ်

atl

AFP
၅ကြိမ်နဲ့ အောင်မြင်ဆုံး ထိုင်အသင်း

၂၀၁၈ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ

အုပ်စု ( က)

ဗီယက်နမ် ၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို

အုပ်စု ( ခ)

ထိုင်း(လက်ရှိချန်ပီယံ)၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တီမော

အုပ်စုပွဲစဉ်တွေအရ မြန်မာအသင်းဟာ အုပ်စု(က)မှာ ပါဝင်ပြီး ချန်ပီယံဟောင်း ဗီယက်နမ်၊ မလေးရှားတို့အပြင် ကမ္ဘောဒီးယား၊လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေကို အရင်နှစ်တွေကလို မဟုတ်ဘဲ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံတိုင်းမှာ ကစားမှာဖြစ်လို့ ပရိသတ် စိတ်ဝင်စားမှု ပိုရလာမှာ သေချာပါတယ်။ မြန်မာဟာ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို အိမ်ကွင်း တွေမှာ လက်ခံကစားရမှာ ဖြစ်ပြီး လာအို၊ မလေးရှားတို့ကို အဝေးကွင်း သွားကစားရ မှာပါ။ နိုဝင်ဘာ ၁၂ရက်နေ့မှာတော့ မြန်မာဟာ ကမ္ဘောဒီးယားအသင်းကို မန္တလေးမြို့က မန္တလာသီရီ အားကစားကွင်း လက်ခံကစားမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၀ရက်နေ့ ဗီယက်နမ်နဲ့ပွဲကိုတော့ ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

တစ်ဖက် အုပ်စု (ခ)မှာတော့ လက်ရှိ ချန်ပီယံ ထိုုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ အရှေ့တီမောတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်

အုပ်စု တွေမှာ ထိပ်ဆုံး ၂သင်းစီ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း ၂ကျော့ ကစားရမှာဖြစ်ပါတယ်။

အာဆီယံ ချန်ပီယံရှစ် အောင်မြင်မှု

၁) ထိုင်း – ၅ကြိမ်

၂) စင်္ကာပူ – ၄ကြိမ်

၃) မလေးရှား – ၁ကြိမ်

၄) ဗီယက်နမ် – ၁ကြိမ်

၅) အင်ဒိုနီးရှား – ( ဒုတိယ ၅ကြိမ်)

၆) ဖိလစ်ပိုင် – ( ဆီမီး ၃ကြိမ်)

၇) မြန်မာ – ( ဆီမီး ၂ကြိမ်)

မြန်မာအသင်းရဲ့ ပွဲစဉ်များ

မြန်မာ – ကမ္ဘောဒီးယား ( နိုဝင်ဘာ ၁၂)

လာအို – မြန်မာ ( နိုဝင်ဘာ ၁၆)

မြန်မာ – ဗီယက်နမ် ( နိုဝင်ဘာ ၂၀)

မလေးရှား – မြန်မာ ( နိုဝင်ဘာ ၂၄)

บทความก่อนหน้านี้ธนาธร หยันแร็พ Thailand 4.0 ไรม์ไม่ขยี้หัวใจประชาชน ไม่ได้พูดเรื่องจริงในสังคม
บทความถัดไปเพื่อนดาราร่วมอาลัย หลันเจี๋ยอิง ปิดฉากชีวิตด้านมืด วงการมายาฮ่องกง