Microsoft က Apple ထက် စျေးကွက်တွင်း တန်ဖိုးအမြင့်ဆုံးကုမ္ပဏီဖြစ်လာ

Microsoft founder Bill Gates speaks during the opening ceremony of the Reinvented Toilet Expo showcasing sewerless sanitation technology in Beijing, China November 6, 2018.

Reuters
ဘေလ်ဂိတ်က Microsoft ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်၊ အခု အဲဒီ ကုမ္ပဏီပိုင်ဆိုင်မှုတန်ဖိုး အခုနှစ်ပိုင်းတွေအတွင်း ပြန်မြင့်တက်လာခဲ့

နှစ်ပေါင်း ၁၅ နှစ်ကျော်အတွင်းမှာ Microsoft ကုမ္ပဏီက Apple ကုမ္ပဏီကို ကျော်တက်လိုက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် ပြန်လည်နေရာယူလိုက်ပါတယ်။

ဒီ ဆော့့်ဝဲလ် ကုမ္ပဏီကြီးရဲ့ တန်ဖိုးဟာ သောကြာနေ့က စျေးကွက်မှာ အမေရိကန်ဒေါ်လာ ၈၅၁ ဘီလီယံ ကျော်ရှိပြီး Apple ကုမ္ပဏီကတော့ အမေရိကန်ဒေါ်လာ ၈၄၇ ဘီလီယံ ရှိပါတယ်။

အိုင်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးရဲ့ ရှယ်ယာတန်ဖိုးတွေ အခုသီတင်းပတ်တွေအတွင်း ထိုးကျခဲ့ပြီး အခုလို ပထမနေရာ ကနေ ဆင်းသွားခဲ့ရတာပါ။

Apple ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေက အောက်တိုဘာလက တန်ဖိုးနဲ့နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။

စမတ်ဖုန်း ဝယ်လိုအားကျဆင်းတဲ့အပေါ်ရင်းနှီးမြှုပ်နှံသူတွေ က စိုးရိမ်ကြသလို တရုတ်မှာထုတ်တဲ့ ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်နှုန်းတိုးမြှင့်မယ့်အလားအလာအပေါ်မှာလည်း စိုးရိမ်နေတာပါ။

တကယ်လို့ နှစ်စဉ်ဝင်ငွေနဲ့ အမြတ်တွေကိုပါထည့်ရေတွက်တဲ့နည်းနဲ့ တိုင်းတာမယ်ဆိုရင်တော့ Apple ကုမ္ပဏီ က Microsoft ထက် အသာစီး ရှိနေသေးပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေက Microsoft က အလားအလာကောင်းတွေ ပိုရှိတယ်လို့ မှန်းဆလာကြပါတယ်။

Microsoft ရဲ့ cloud ဝန်ဆောင်မှုတွေ ဒီနှစ်ပိုင်းတွေအတွင်း ကုမ္ပဏီ ဝင်ငွေကိုတိုးတက်စေခဲ့ပါတယ်။

Apple ကုမ္ပဏီဖက်မှာတော့ ဝယ်ယူသူတွေရဲ့ သုံးစွဲနိုင်အားကို မှီခိုနေရပြီး ရင်းနှီးမြှုပ်နှံသူတွေက အဲဒီ စားသုံးသူတွေ သုံးစွဲအားနည်းပါးလာတာ ကို စိုးရိမ်နေပါတယ်။

Microsoft chief executive Satya Nadella

Getty Images
Microsoft အကြီးအကဲ Satya Nadella က Cloud ဝန်ဆောင်မှုကို အာရုံစိုက်ခဲ့

Microsoft ကုမ္ပဏီ က ၁၉၉၀ နှစ်တွေတဝိုက်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ၂၀၀၀ နှစ်တွေ အစောပိုင်းအထိ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီ အဖြစ် နေရာယူထားခဲ့တာပါ။

ဒါပေမဲ့ ယုံကြည်မှုကို ဆန့်ကျင်ခြင်းဆိုတဲ့ ဥပဒေနဲ့ အမေရိကန်အစိုးရရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ခဲ့ရတဲ့ အရေး၊ မိုဘိုင်းဖုန်းတွေ က စားပွဲတင် ကွန်ပြူတာတွေကို စိန်ခေါ်လာတဲ့အရေးတွေက Microsoft ကုမ္ပဏီကို ထိခိုက် လာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ Apple က Microsoft ထက်သာလွန်သွားပြီး တန်ဖိုးအမြင့်ဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်ခဲ့တာပါ။

တခါ စျေးကွက်ထဲမှာ တန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်နေတဲ့ Exxon Mobil ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီ ကို ၂၀၁၁ မှာ Apple က ကျော်ဖြတ်တက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် အဲဒီအချိန်ကတည်းက တည်ရှိလာခဲ့တာပါ။

บทความก่อนหน้านี้หนุ่มพาแฟนซ้อนจยย.ผ่านแยกวัดใจ เสยท้าย 6 ล้อ ดับสลดศพกอดกัน
บทความถัดไปช้างศึก ยันเสมอเสือเหลืองประเดิมตัดเชือกซูซูกิ คัพ 2018