မြဝတီ ချစ်ကြည်ရေး တံတားသစ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေ အင်အားသုံးဖယ်ရှားခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားသစ် လမ်းကြောင်းနဲ့ မလွတ်လို့ ဆိုပြီး နေအိမ် ၆ လုံးကို သက်ဆိုင်ရာက အင်အားသုံးပြီး ဒီဇင်ဘာ ၂ရက်နေ့မှာ ဖျက်ဆီးခဲ့ရာမှာ နေအိမ်ပိုင်ရှင်တချို့ မူးမေ့လဲလို့ ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။

ဒီနေအိမ်တွေဟာ ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတား ချဉ်းကပ်လမ်းအတွင်းမှာ ပါနေလို့ ဖယ်ရှားပေးဖို့ အိမ်ပိုင်ရှင်တွေကို ခေါ်ယူညှိနှိုင်းရာမှာ လျော်ကြေးမယူ ဖယ်ရှားဖို့ လက်မခံတာကြောင့် ခုလိုဖျက်ဆီးတာ ဖြစ်တယ်လို့ မြဝတီမြို့ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ပြောပါတယ်။

” အရင်ကတော့ အဲဒီအိမ်တွေက လမ်းဧရိယာမှာ မပါဘူးကြားတယ်၊ နောက်တော့ လမ်းချဲ့ရင်း မလွတ်တော့ ဖယ်ပေးဖို့ ညှိတယ်၊ သတိပေး အကြောင်းကြားစာ ၃ ကြိမ် ပို့တယ် သိရတယ် ၊ ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတားသစ် ဖွင့်ချိန်ကလည်း နီးလာလို့ အခုလို အင်အားသုံး ဖယ်ရှားတာ ဖြစ်တယ်” လို့ ဦးအိုက်ကျန်ခမ်းက ပြောပါတယ်။

နေအိမ် ၆ အိမ်ထဲက ပိုင်ရှင်တစ်ယောက်ကတော့ လျော်ကြေးငွေ လက်ခံခဲ့တဲ့အတွက် သူတို့ လတ်တလောနေထိုင်ဖို့ တန်ဖိုးနည်း တိုက်ခန်းလည်း သက်ဆိုင်ရာက စီစဉ်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

လူမှုကွန်ရက်မီဒီယာမှာ မြဝတီမြို့ခံတချို့ ရေးတင်ကြတဲ့ သတင်းတွေအရ နေအိမ်ပိုင်ရှင်တွေကို အာဏာပိုင်တွေက ဆွဲလားရမ်းလားလုပ်လို့ ရုံးရင်းဆန်ခတ်ဖြစ်ပြီး တချို့ကို ဆေးရုံပေါ် အရေးပေါ် ပို့ဆောင်ရတယ်လို့လည်း သိရပါတယ်။

နေအိမ်တွေ အင်အားသုံး ဖယ်ရှားတာကို မြဝတီမြို့နယ် အုပ်ချုပ်ရေးမှုးရုံးအဖွဲ့နဲ့ လမ်းဦးစီးဌာနက လုပ်ဆောင်တာ ဖြစ်တယ်လို့ ဦးအိုက်ကျန်ခမ်းက ဆိုပါတယ်။

บทความก่อนหน้านี้กกต.เป็นธรรม! พปชร.ยันแบ่งเขต-ไม่ได้ประโยชน์ มุ่งมั่นชู “บิ๊กตู่” นายกฯ
บทความถัดไปสิริมงคลชีวิต กันต์-พลอย เข้าเฝ้า “พระสังฆราช” รับพร-ก่อนวิวาห์