ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်မယ့် ဗြိတိန်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်သလား

ထရီဆာမေ ရဲ့ ခွဲထွက်ရေး မူကြမ်း ကို သဘောမတူရင် ဖြစ်လာနိုင်တဲ့ အလားအလာ

BBC
ထရီဆာမေ ရဲ့ ခွဲထွက်ရေး မူကြမ်း ကို သဘောမတူရင် ဖြစ်လာနိုင်တဲ့ အလားအလာ

ဥရောပသမဂ္ဂ ကနေ ခွဲထွက်ရေး အတွက် EU နဲ့ လက်ရှိ ဝန်ကြီးချုပ် ထရီဆာ မေ တို့ အကြားမှာ သဘောတူ ထားတဲ့ မူကြမ်းကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ကြရင် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီမှု ကို လွှတ်တော်မှာ တင်သွင်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်း ကြောင်း ဝန်ကြီးချုပ် က ပြောကြားပါတယ်။

ဒီသဘောတူညီမှု မူကြမ်း ကို သိသာထင်ရှားတဲ့ မဲအရေအတွက် နဲ့ ပယ်ချနိုင်တယ်လို့လည်း သူက ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လုပ်တဲ့ ပါလီမန်က ဆွေးနွေးပွဲမှာတော့ လွှတ်တော် အမတ်တွေရဲ့ စိုးရိမ်မှု တွေကို ရှင်းလင်းနိုင်ပြီး EU နဲ့ အကြား သဘောတူညီထားချက်တွေကို ထောက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်း ထရီဆာ မေ က ပြောဆို ခဲ့ပါတယ်။ ခွဲထွက် မယ့် ဥပဒေ ကြမ်း နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန် လ တုန်း က ဗြိတိန် လွှတ်တော်မှာ သတ်မှတ်ခဲ့ကြတဲ့ အချက်တွေ ရှိပါတယ်။

အဲဒါတွေကတော့ အစိုးရ အနေနဲ့ အီးယူ နဲ့ သဘောတူ ထားတဲ့ သဘောတူညီမှု မူကြမ်း ကို ၂၁ ရက် အတွင်း လွှတ်တော် ကို တင်သွင်းဖို့ နဲ့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် နိုင်ဖို့ နောက်ထပ် ၇ ရက် သတ်မှတ်ပေးဖို့ ဆိုတဲ့ အချက် တွေပါ။

ဒါပေမယ့် အစိုးရ အနေနဲ့ ဒီ သတ်မှတ်ချိန် တွေကို မစောင့်ဆိုင်းဘဲ သဘော တူညီမှု မူကြမ်း တွေကို တင်သွင်း တာလည်း လုပ်နိုင်ပါတယ်။ ဒီလို ကိစ္စတွေ ကြောင့် ဗြိတိန် နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ဟာ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ထရီဆာ မေ တင်သွင်းမယ့် ဥရောပသမဂ္ဂ ကနေ နုတ်ထွက် မယ့် သဘောတူညီချက် မူကြမ်းတွေကို လွှတ်တော် အမတ်တွေက ထောက်ခံ နိုင်ဖို့ အခြေအနေက အင်မတန်မှ နည်းပါးပါတယ်။

တကယ်လို့ လွှတ်တော် အမတ်တွေက ထောက်ခံသည် ဖြစ်စေ မထောက်ခံ သည် ဖြစ်စေ ဘရစ်ဇစ် သဘောတူညီမှု တွေ နဲ့ ပတ်သက်လို့ ဖြစ်လာ နိုင်တဲ့ အခြေအနေ ၆ ရပ် ရှိပါတယ်။

၁။ သဘောတူညီမှု မရတာ

၂။ ဒုတိယအကြိမ် မဲပေးတာ

၃။ အချက်အလက်တွေ ပြန်လည် ညှိနှိုင်းတာ

၄။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတာ

၅။ အစိုးရ ကို အယုံအကြည်မရှိ အဆိုတင်သွင်းတာ

၆။ နောက်ထပ် ဆန္ဒ ခံယူပွဲ ကျင်းပတာ

စတဲ့ နိုင်ငံရေး အခြေအနေ တွေ ဖြစ်လာ နိုင်ပါတယ်။

ထရီဆာမေ ရဲ့ ခွဲထွက်ရေး မူကြမ်း ကို သဘောမတူရင် ဖြစ်လာနိုင်တဲ့ အလားအလာ

BBC
ထရီဆာမေ ရဲ့ ခွဲထွက်ရေး မူကြမ်း ကို သဘောမတူရင် ဖြစ်လာနိုင်တဲ့ အလားအလာ

၁။ သဘောတူညီမှု မရ

လက်ရှိ အစိုးရ အနေနဲ့ ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ရေး အတွက် သဘောတူ ညီမှု မူကြမ်း ကို EU နဲ့ သဘောတူ ထား နိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော် ရဲ့ အတည်ပြုချက်တော့ ရယူဖို့ လိုနေတာပါ။

အကယ်၍ လွှတ်တော် က အတည်ပြုခဲ့ခြင်း မရှိဘူး၊ သဘောတူ ခဲ့ခြင်းလည်း မရှိဘူး ဆိုရင်တော့ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ မှာ ဗြိတိန် အနေနဲ့ အလိုအလျောက် အဖွဲ့ဝင် အဖြစ် ကနေ နုတ်ထွက် သွားနိုင်ပါတယ်။

အစိုးရ အနေနဲ့ သဘောတူညီမှု မရတဲ့ အပေါ်မှာ တရားဝင် ဥပဒေ ပြဌာန်း မှုမျိုး လုပ်လို ပေမယ့် ဒါတွေက အတိအကျ သတ်မှတ် ပြဌာန်းစရာ မလိုဘူး လို့လည်း ဆိုပါတယ်။

အစိုးရ ရဲ့ အစီအစဉ်တွေကို လွှတ်တော် အမတ်တွေက နှစ်ခြိုက်မှု မရှိရင် ဖိအား ပေး ပြောင်းလဲ ပြင်ဆင်မှုတွေ လုပ်ကောင်း လုပ်နိုင်ပါတယ်။ ဒါကို အစိုးရ အနေနဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်တော့ လွှတ်တော်မှာ အယုံအကြည် မရှိ အဆို တင်သွင်းမှုတွေ လုပ်လာ နိုင်ပါတယ်။

ဒုတိယ အကြိမ် မဲခွဲရင် ဖြစ်လာနိုင်တဲ့ အလားအလာ

BBC
ဒုတိယ အကြိမ် မဲခွဲရင် ဖြစ်လာနိုင်တဲ့ အလားအလာ

၂။ ဒုတိယ အကြိမ် မဲပေး

လွှတ်တော် ရဲ့ အတည်ပြုချက် ရနိုင်ဖို့အတွက် အစိုးရ အနေနဲ့ EU နဲ့ သဘောတူ ထားတဲ့ ခွဲထွက်ရေး မူကြမ်း ကို ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်ပြီး ထပ်မံ တင်သွင်း လာနိုင်တယ် ဆိုတဲ့ အကြံပြု ဖော်ပြချက်တွေလည်း ရှိပါတယ်။

ဒါကလည်း သိပ်တော့ လွယ်ကူ ရိုးရှင်းတဲ့ လုပ်ငန်းစဉ် တော့ မဟုတ်ပါဘူး။ ဗြိတိန် လွှတ်တော် အစည်းအဝေး တခု မှာ အကြောင်း အရာ တခုတည်း ကို နှစ်ကြိမ် မဲပေး တာမျိုး မလုပ်ရဘူး ဆိုတဲ့ အခြေခံ စည်းမျဉ်း တွေ ရှိလို့ပါပဲ။

ဒါပေမယ့် အစိုးရ အနေနဲ့ ခွဲထွက်ရေး မူကြမ်း ကို ပြင်ဆင် ပြောင်းလဲဖို့ ဥရောပ သမဂ္ဂ နဲ့ ဆွေးနွေး ညှိနှိုင်း နိုင်ခဲ့မယ် ဆိုရင်တော့ လွှတ်တော် ကို တင်သွင်းမှု လုပ်ကောင်း လုပ်နိုင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လွှတ်တော် ရဲ့ အခြေခံ စည်းမျဉ်း တွေကို မျက်ကွယ် ပြု နိုင်တယ်လို့ အောက်လွှတ်တော် မှတ်တမ်း အရာရှိတွေက ပြောပါတယ်။ ဒီဆုံး ဖြတ်ချက် ကို လွှတ်တော် ကသာ ချမှတ် နိုင်တယ်လို့ ဆိုပါတယ်။

ဒုတိယ အကြိမ် မဲပေး ရွေးချယ် မလား ဆိုတာ ကို လွှတ်တော် ဥက္ကဋ္ဌ က ဆုံးဖြတ် နိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော် အမတ်တွေ အနေနဲ့ အစိုးရ က တင်သွင်းလာတဲ့ ခွဲထွက်ရေး မူကြမ်း ကိုပယ်ချမှု လုပ်နိုင်သလို၊ အစိုးရ အနေနဲ့လည်း ကွဲပြားတဲ့ ရလဒ် ထွက်လာမယ်လို့ မျှော်မှန်း နိုင်တာတော့ မဟုတ်ပါဘူး။

အစိုးရ အနေနဲ့ ပြန်လည် ညှိနှိုင်းမှု မရရင် ဖြစ်လာနိုင်တဲ့ အလားအလာ

BBC
အစိုးရ အနေနဲ့ ပြန်လည် ညှိနှိုင်းမှု မရရင် ဖြစ်လာနိုင်တဲ့ အလားအလာ

၃။ အချက်အလက်တွေ ပြန်လည် ညှိနှိုင်းတာ

အစိုးရ အနေနဲ့ ခွဲထွက်ရေး သဘောတူညီချက် မူကြမ်း ပါ အချက်အလက် တွေကို ပြန်လည် ညှိနှိုင်း ဆွေးနွေးဖို့ အဆိုပြု တင်ပြတာ လုပ်လာ နိုင်ပါတယ်။

ဥရောပ သမဂ္ဂ နဲ့ တပတ်အတွင်း ညှိနှိုင်းမှု လုပ်နိုင်မယ် ဆိုရင်တော့ အစိုးရ အဖွဲ့ဟာ နောက်တကြိမ် မဲခွဲ ဖို့ အတွက် လွှတ်တော် ကို တင်သွင်း နိုင်မှာပါ။

တချို့ အရေးမကြီးတဲ့ အချက်အလက်တွေ ဟာ ညှိနှိုင်းမှု လုပ်တာ မြန်ကောင်း မြန်နိုင်ပေမယ့် အရေးကြီးတဲ့ အချက်အလက်တွေ ညှိနှိုင်းရင်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ ကို ပေးပို့ထားပြီး ဖြစ်တဲ့ ခွဲထွက်ရေး ဥပဒေ အပိုဒ်ခွဲ ၅၀ ကိုလည်း အချိန် တိုးမြှင့် ပေးဖို့ တောင်းဆိုမှုတွေလည်း လုပ်လာ နိုင်ပါတယ်။ အဲဒါတွေ လုပ်လာမယ် ဆိုရင်တော့ အဓိက အနေနဲ့ အဆင့် ၂ ဆင့် လုပ်ဖို့ လိုပါတယ်။

ဗြိတိန် အနေနဲ့ ခွဲထွက်ရေး အပိုဒ် ၅၀ ကို အချိန် ထပ်တိုးပေးဖို့ အရင်ဆုံး တောင်းဆို ရမှာပါ။ ဒါကို ဥရောပ ကောင်စီမှာ အဖွဲ့ဝင် နိုင်ငံ အားလုံး က အတည်ပြု ဖို့လည်း လိုအပ်ပါတယ်။

နောက်တဆင့် အနေနဲ့ ဥရောပ သမဂ္ဂ ရဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ အရ အစိုးရ အနေနဲ့ နုတ်ထွက် ရမယ့် အချိန်ကာလ သတ်မှတ် ချက် ကို သတ်မှတ် ပေးရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း လွှတ်တော်အမတ် တွေက မဲပေး ဆုံးဖြတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အကယ်၍ ဥရောပ သမဂ္ဂ အနေနဲ့ ပြန်လည်ညှိနှိုင်းဖို့ ငြင်းဆန် ခဲ့မယ်ဆိုရင်တော့ ဗြိတိန် အစိုးရဟာ ဖော်ပြပါနည်းလမ်း တွေထဲက တခုကိုသာ ရွေးချယ် နိုင်မှာ ဖြစ်ပါတယ်။

အစိုးရ က ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းခံနိုင်

BBC
အစိုးရ က ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းခံနိုင်

၄။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတာ

ဥရောပသမဂ္ဂ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ရေး အတွက် သဘောတူညီမှု တစုံတရာ မရခဲ့ဘူး ဆိုရင်တော့ နိုင်ငံရေး အရ အများထောက်ခံမှု ရနိုင်ဖို့ သတ်မှတ်ချိန် ထက် စောပြီး ရွေးကောက်ပွဲ ကျင်းပဖို့ လက်ရှိ ဝန်ကြီးချုပ် က ဆုံးဖြတ် နိုင်ပါတယ်။

သူ့ အနေနဲ့ ရွေးကောက်ပွဲ ခေါ်ယူနိုင်တဲ့ အမိန့် အာဏာ မရှိဘူး ဆိုပေမယ့် လွှတ်တော် ဥပဒေ အရ အစောတလျင် ရွေးကောက်ပွဲ ကျင်းပဖို့ အတွက် မဲခွဲ ဆုံးဖြတ် ပေးဖို့ တောင်းဆို နိုင်ပါတယ်။

ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံ က ထောက်ခံ အတည်ပြုဖို့လည်း လိုအပ် ပါတယ်။ လွှတ်တော် က ရွေးကောက်ပွဲ ကျင်းပ ဖို့ အတည်ပြု ခဲ့မယ် ဆိုရင်တော့ မဲခွဲပြီး ၂၅ ရက် အကြာမှာ ရွေးကောက်ပွဲ ကျင်းပ နိုင်သလို၊ ဝန်ကြီးချုပ် အနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက် အတိအကျ ကို ကြေညာ နိုင်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်လာခဲ့ရင်လည်း အစိုးရ အနေနဲ့ ဥရောပ သမဂ္ဂ က ပြဋ္ဌာန်း ထားတဲ့ ခွဲထွက်ရေး အပိုဒ် ၅၀ ကို သက်တမ်းတိုးပေးဖို့ တောင်းဆို ရမှာပါ။

လွှတ်တော် အမတ် တွေက အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းနိုင်

BBC
လွှတ်တော် အမတ် တွေက အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းနိုင်

၅။ အယုံအကြည်မရှိ အဆိုတင်သွင်းတာ

လက်ရှိ အစိုးရရဲ့ ဥရောပသမဂ္ဂ ကနေ ခွဲထွက်ရေး မူကြမ်း ကို လွှတ်တော် က ပယ်ချ ခဲ့မယ် ဆိုရင်တော့ အတိုက်အခံ အနေနဲ့ အယုံအကြည် မရှိ အဆို ကို တင်သွင်းကောင်း တင်သွင်း လာနိုင်ပါတယ်။

ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း သူ့ရဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့် ရရှိဖို့ တွန်းအား ပေးတဲ့ အနေနဲ့လည်း မဲခွဲ ဖို့ တောင်းဆို နိုင်ပါတယ်။ လက်ရှိ သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ လွှတ်တော် ဥပဒေ တွေ အရ အယုံအကြည် အဆို မဲခွဲမှု က ရလဒ် အမျိုး မျိုး ရှိနိုင်ပါတယ်။

အစိုးရ တရပ်ဟာ အယုံအကြည် မရှိ အဆို ကို ၁၄ ရက်အတွင်း အနိုင် မရ ရှိခဲ့ဘူး ဆိုရင် အထွေထွေရွေးကောက်ပွဲကို အစောတလျင် ကျင်းပ ရမှာပါ။ အစောဆုံး ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ ရက်ကို လည်း မဲခွဲ ဆုံးဖြတ်ပြီးနောက် ၂၅ ရက် အကြာမှာ ကျင်းပ ရမယ်လို့ သတ်မှတ် ထားပါတယ်။

ဒါကြောင့် အစိုးရ ပြောင်းလဲမှုလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အာဏာရ ကွန်ဆာ ဗေးတစ် ပါတီက ဝန်ကြီးချုပ် ပြောင်းလဲ ခန့်အပ်ပြီး တာဝန်ပေးတာ လုပ်နိုင်သလို၊ ညွှန်ပေါင်း အစိုးရ တရပ်လည်း ပေါ်ထွန်း လာနိုင်ပါတယ်။

နောက်ပြီး အတိုက်အခံ ပါတီ က တခြား ပါတီ တွေနဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့စည်း မှု လုပ်နိုင်ပါတယ်။ အစိုးရ တိုင်းမှာ ဥရောပ သမဂ္ဂ ကနေ ခွဲထွက်ရေး မူဝါဒနဲ့ ပတ်သက်လို့ သီးခြား မူဝါဒ တွေ ရှိနေနိုင်တဲ့ အတွက် EU နဲ့ ညှိနှိုင်းမှု တွေ ပြန်လည် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

အစိုးရကလည်း ဆန္ဒခံယူပွဲ ကျင်းပဖို့ တောင်းခံနိုင်

BBC
အစိုးရကလည်း ဆန္ဒခံယူပွဲ ကျင်းပဖို့ တောင်းခံနိုင်

၆။ နောက်ထပ် ဆန္ဒခံယူပွဲ ကျင်းပတာ

အစိုးရ အနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ် ကနေ နုတ်ထွက်ရေး ဆန္ဒခံယူပွဲ နောက်တကြိမ် ကျင်းပ တာမျိုးလည်း လုပ်နိုင်ပါတယ်။

ဆန္ဒခံယူပွဲ ကျင်းပမယ် ဆိုရင်လည်း Article 50 လို့ ခေါ်တဲ့ ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ခွင့် ဆိုင်ရ သဘောတူညီချက် ကို ရက်တိုးပေးဖို့ တောင်း ဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မတ်လ ၂၉ ရက်နေ့မှာ အဖွဲ့ဝင် အဖြစ် က နုတ်ထွက်တော့မယ့် ဗြိတိန် အတွက် နောက်တကြိမ် ဆန္ဒ ခံယူပွဲ လုပ်ဖို့ ဆိုတာ က နောက်ကျ ကောင်း နောက်ကျ နေပြီ ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲများ နှင့် ဆန္ဒခံယူပွဲများ ဥပဒေ ပုဒ်မ ၂၀၀၀ အရ အလိုအလျောက် ဆန္ဒခံယူပွဲ ကျင်းပ ခွင့် ရှိတာ မဟုတ်ပါဘူး။

ဘယ်သူတွေ မဲပေးနိုင်တယ်။ ဘယ်လို စည်းမျဉ်း စည်းကမ်း တွေ နဲ့ မဲပေး ရ မယ် ဆိုတဲ့ ဥပဒေ သတ်မှတ်ချက် အသစ် တွေလည်း ပြဋ္ဌာန်း ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေ တွေက အလျင်အမြန် ပြဋ္ဌာန်းလို့လည်း မရသလို၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုလည်း လိုက်နာ ဆောင်ရွက်ရမျာ ဖြစ်ပါတယ်


၇။ တခြား အကျိုးဆက်များ

ဗြိတိန် နိုင်ငံမှာ ဥရောပ သမဂ္ဂ ကနေ ခွဲထွက်ရေး အတွက် အငြင်းအခုံတွေ ဖြစ်ပေါ် နေသလို နိုင်ငံရေး ပြောင်းလဲ မှုတွေလည်း ကြုံတွေ့ ရနိုင်ပါတယ်။

ဥပမာ အနေနဲ့ လက်ရှိ ဝန်ကြီးချုပ် ထရီဆာ မေဟာ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် နေရာ အတွက် စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင် ရနိုင်ပါတယ်။

အကယ်၍ ကွန်ဆာဗေးတစ် ပါတီဝင် လွှတ်တော် အမတ် ၄၈ ယောက် ဟာ

၁၉၂၂ ကော်မတီ လို့ ခေါ်တဲ့ ပါလီမန် နဲ့ သက်ဆိုင်တဲ့ ကော်မတီ ကို အယုံ အကြည် မရှိကြောင်း အဆိုတင်သွင်း မယ်ဆိုရင် ဝန်ကြီးချုပ် ဟာ ရာထူး ကနေ နုတ်ထွက်ပေးရ နိုင်ပါတယ်။

ဒါက လွှတ်တော်မှာ ဝန်ကြီးချုပ် ကို အယုံအကြည် မရှိ အဆိုတင်သွင်း တာနဲ့ ကွဲပြားခြားနားပါတယ်။

ဗြိတိန် အစိုးရ အဖွဲ့ ကို ဝန်ကြီးချုပ် အသစ် ဦးဆောင်မယ် ဆိုရင်လည်း ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ရေး အစီအစဉ်တွေ အတွက်တော့ ဆက်လက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။

บทความก่อนหน้านี้ด่วน! เพลิงไหม้ตลาดกลางเมืองศรีสะเกษ พ่อค้าแม่ค้าหนีตาย-ร้านค้าวอด (คลิป)
บทความถัดไปซ้ำเติมชาวนา! โจรขโมยข้าวเปลือกอาละวาด ฉกไปขายซื้อยาเสพ