ရိုက်တာအမှုအယူခံ တိုင်းတရားရုံးပယ်ချ

ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ်

Reuters
ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ်

နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံအမှုကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ပယ်ချလိုက်ပါတယ်။

သတင်းထောက် ၂ ဦးအပေါ် ခရိုင်တရားရုံးက စစ်ဆေးခဲ့တဲ့ အထောက်အထားတွေနဲ့ ဆုံးဖြတ်ချက်အမိန့်က ခိုင်လုံတယ်ဆိုပြီးတော့ တိုင်းတရားရုံးက အမိန့်ချလိုက်တာဖြစ်တဲ့အတွက် သူတို့တွေဟာ ယခင် ခရိုင်တရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်အတိုင်း ကျခံရမှာပါ။

အယူခံတင်သွင်းမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှာ နှစ်ဖက်ရှေ့နေ တွေရဲ့ လျှောက်လဲချက်ကို ကြားနာစစ်ဆေးခဲ့ပါတယ်။

ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ်

Reuters
ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ်

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာ လူသတ်မှု သတင်းအတွက် အချက်အလက်တွေ ရှာဖွေနေစဉ်ပဲ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက မင်္ဂလာဒုံမြို့နယ်က စားသောက်ဆိုင်မှာ တွေ့ဆုံဖို့ ခေါ်ယူခံခဲ့ရပြီး အဲဒီမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် သတင်းထောက် ၂ ယောက် အဖမ်းခံထားရတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

လတ်တလောမှာလည်း သူတို့လွတ်မြောက်ရေးအတွက်လည်း မိသားစုတွေအပါအဝင် မီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့တချို့က ပြည်တွင်းပြည်ပမှာ လှုပ်ရှား တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အသိအမှတ် ပြုထိုက်တဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ် အမည်စာရင်း Person of the Year စာရင်းမှာလည်း ကမ္ဘာတစ်ဝန်းက ဖမ်းဆီးခံ၊ သတ်ဖြတ်ခံ သတင်းထောက်တွေနဲ့အတူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထည့်သွင်းခံခဲ့ရပါတယ်။

บทความก่อนหน้านี้งานอุ่นไอรัก คลายความหนาว “สายน้ำแห่งรัตนโกสินทร์”
บทความถัดไปสั่งสอนแก๊งปากปีจอ หนุ่มรัวหมัด “น็อค” ยกร้าน ฮึ่มปมถูกเรียก “เกย์” (มีคลิป)