ရင်ခုန်လှုပ်ရှား တပတ်အတွင်း နိုင်ငံတကာ ပုံရိပ်များ

A sheep is seen stuck in drying mud in a dried canal bed

Nick Moir / Getty Images
အလွန်အမင်းပူပြင်းတာကြောင့် ရွှံ့တွေ ရေခန်းခြောက် လာတဲ့အချိန် တိရစ္ဆာန်တွေ ပိတ်မိကုန်ပါတယ်။ သြစတြေးလျက Cawndilla ရေကန်ရဲ့ ရေထွက်ပေါက် မြောက်ကြီးတခုမှာ အခုလို ဖြစ်ခဲ့တာကြောင့် တိရစ္ဆာန်တွေ ပိတ်မိ သေဆုံးကုန်ပါတယ်။ ဒရုံးနဲ့ အခု ဓာတ်ပုံ ရိုက်ယူခဲ့သူ Nick Moir က သူ့အနေနဲ့ တိရစ္ဆာန်တွေကို မကယ်တင်နိုင်ခဲ့ဘူးလို့ပြောပါတယ်။ သူနဲ့ အရမ်းဝေးပြီး သူကိုယ်တိုင် ရွှံ့ထဲဆင်းရင် အန္တရာယ် ရှိနိုင်တယ် လို့ဆိုပါတယ်။

An aerial photo showing people carrying a giant Turkish flag through a snowy landscape

Hakan Burak Altunoz / Getty Images
တူရကီ အော်တိုမင် စစ်သား ၉ သောင်း သေဆုံးခဲ့ရတဲ့ ပထမကမ္ဘာစစ်တုန်းက Sarikamis တိုက်ပွဲ ၁၀၄ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်း အမှတ် အဖြစ် တူရကီနိုင်ငံ ဆစ်တောင်တန်းမှာ ကြီးမားတဲ့ တူရကီ အလံကို ဖြန့်ချထားပုံ။

Tennis player Naomi Osaka is seen swinging for a ball with a blur effect on the photo

Scott Barbour / Getty Images
ဂျပန် တင်းနစ်မယ် နာအိုမီ အိုဆာကာ ရဲ့ ရိုက်ချက်။ ၂၀၁၉ သြစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ မတိုင်ခင် လေ့ကျင့် နေတာ ဖြစ်ပါတယ်။

A protester stands in front of a police vehicle in Paris.

Bertrand Guay / Getty Images
ရဲကားရှေ့က မျက်နှာဖုန်းစွပ် ဆန္ဒပြသူ တဦး။ ပြင်သစ်က အဝါရောင်ဂျာကင်ဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဖြစ်ပါတယ်။

A colourful figure of a person is seen on the side of a building

Angela Weiss / Getty Images
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Louis Vuitton အထင်ကရ ဆိုင်ရှေ့က အနုပညာဒီဇိုင်း။

A construction digger works on a giant metal fence

Guillermo Arias / Getty Images
အမေရိကန် မက္ကဆီကို နယ်စပ်က ခြံစည်းရိုး အဟောင်းတွေကို လဲတပ်နေတဲ့ အပိုင်းဖြစ်ပါတယ်။

The Pope and members of the catholic church are seen in the Sistine Chapel with a colourful mural behind them

Vatican Pool / Getty Images
ဗာတီကန် သံတမန်တွေနဲ့ အတူ တွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်။

Two men wearing hats stand face-to-face

Jack Taylor / Getty Images
ဥရောပ သမဂ္ဂအီးယူ ကနေ ဗြိတိန်ခွဲထွက်မှာကို ဆန့်ကျင်သူနဲ့ ခွဲထွက်မှာကို ထောက်ခံသူ နှစ်ယောက်ရဲ့ ပါလီမန်ရှေ့ တိုက်ပွဲ။
บทความก่อนหน้านี้บุกโรงพักบางปะหัน! ‘บิ๊กนัย-บิ๊กต้อย’ มอบพระให้กำลังใจ‘รตอ.’ตั้งด่านโดนถ่ายคลิปป่วน
บทความถัดไปดิ่งชั้น7ลานจอดห้างดัง! ทิ้งจดหมายลาตาย ต้องการจบชีวิตความเป็นคน(คลิป)