မြစ်ငယ်မြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်း ဒေသခံတွေမသိသေး

သီပေါမြို့နယ်အတွင်းက ဆိုင်းလင်းကျေးရွာအုပ်စုက ဆိုင်းလင်း၊ ပိန်းဆာနဲ့ ဆွတ်တောင် ကျေးရွာတွေနားက မြစ်ငယ်မြစ်မှာ ရေအားလျှပ်စစ်ရေကာတာ တည်ဆောက်ဖို့အတွက် လာပြီး တိုင်းတာနေမှုအပေါ် ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။

အခုလို လာတိုင်းတာကြည့်ရှုနေတာဟာ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်ပြီး ရေအားလျှပ်စစ်ရေကာတာ တည်ဆောက်မယ်ဆိုတာကိုတော့ ဒီနှစ်ထဲ လာတိုင်းတဲ့အချိန်မှ သိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” ၂၀၁၇ တုန်းက သူတို့လာကြည့်တယ် ။ ဘာမှ မပြောဘူး။ ဘာမှ မလုပ်ဖူး။ ၂၀၁၉ ၊ ၁လပိုင်းမှာ လာကြည့် ရေအမြင့်ပေဘယ်လောက်ရှိလဲဆိုတာ အုတ်တိုင်နဲ့ တိုင်းသွားတယ်။ နောက် သူတို့ထပ်လာတယ်။ ကျေးရွာ ဥက္ကဋ္ဌ က ဘာလာလုပ်တာလဲ အကျိုးအကြောင်းသွားမေးတော့မှ ရေကာတာ ဆောက်မယ်လို့ ပြောတယ်” လို့ ဒီရေကာတာနဲ့ ပတ်သက်လို့ ဦးဆောင်ကန့်ကွက်နေတဲ့ ဦးစိုင်းဆာလူက ဘီဘီစီကို ပြောပါတယ်။

အခုရေကာတာ ဆောက်မယ့် ကုမ္ပဏီက UNIENERGY ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာတော့ စီမံကိန်းရဲ့ အချက်အလက်တွေနဲ့ ဒေသခံပြည်သူတွေ လျှပ်စစ်မီးအပြည့်အ၀ ရရှိရေးကို ရှင်းလင်း တင်ပြဖို့ ကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်ကရွာသူရွာသားတွေကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရွာသူရွာသားတွေဘက်ကတော့ ဒီရေကာတာ ဆောက်မယ့်ကိစ္စအပေါ် သဘောမတူသလို အစည်းအဝေးကို သွားမှာ မဟုတ်ဘူးလို့လဲ တုန့်ပြန်ထားပါတယ်။

ဆိုင်းလင်းကျေးရွာ၊ ပိန်းဆာကျေးရွာနဲ့ ဆွတ်တောင်ကျေးရွာဟာ သုံးရွာပေါင်း အိမ်ထောင်စု တရာကျော်ရှိပြီး လူဦးရေ လေးရာနီးပါးပြီး ခြံလုပ်ငန်းတွေလုပ်ကိုင်တဲ့အတွက် မြစ်ငယ်မြစ်ရေကို အဓိကထားသုံးစွဲရတာဖြစ်ပါတယ်။

အခုရေကာတာ တည်ဆောက်မယ့် ဧရိယာမှာ ပြောင်းရွှေ့ရနိုင်တဲ့ ရွာတွေကတော့ ဆိုင်းလင်းရွာ၊ နမ့်ညုရွာ၊ နားကွန်နွဲ့ရွာ တို့ဖြစ်နိုင်ပြီး မြစ်နဲ့ ဆယ်ပေပဲ ဝေးကွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရေကာတာ တည်ဆောက်မယ်ဆိုရင် ရွာသူရွာသား ဒေသခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံတွေ ရေမြှုပ်နိုင်ပြီး ၊ ရေကာတာ ဧရိယာနဲ့ မလွတ်ကင်းပါက မိမိတို့နေရာတွေက ဖယ်ရှားပေးရမှာတွေကို စိတ်ပူနေကြတယ်လို့ ဦးစိုင်းဆာလူက ပြောခဲ့ပါတယ်။

အခုချိန်အထိ အစိုးရအာဏာပိုင်တွေက တစ်စုံတစ်ရာ လာရောက်ပြောဆိုတာတွေ မရှိသေးပေမယ့် ကျေးရွာသူရွာသားတွေကတော့ စိုးရိမ်ပူပန်နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးတိုင်းထဲထိ စီးဝင်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ စီမံထားတဲ့ စီမံကိန်း ၅ ခုရှိပါတယ်။

ဒီစီမံကိန်းတွေကိုတပ်မတော်အစိုးရ လက်ထက်က လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး အဲဒီစီမံ ကိန်း ၅ ခုထဲက အောက်ဖက်အစွန်းဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ထဲက ရဲရွာရေအား လျှပ်စစ်စီမံကိန်းကတော့ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

บทความก่อนหน้านี้ค้าต่างประเทศ เตรียมบินลุยงานแฟร์ระดับโลก โปร โมทข้าวไทย หวังกระตุ้นยอดส่งออก
บทความถัดไปลุ้น! ไทยรักษาชาติ รวมหลักฐานแจงกกต.ทุกประเด็น ท่ามกลางกระแส “ยุบพรรค”