မိတ်ကပ် တွေ ရောင်းအား တက်စေတဲ့ အလှအပ ရေးရာ ဘလောက်ဂါတွေရဲ့ ဝင်ငွေ ဘယ်လောက် ရှိလဲ။

အွန်လိုင်း ဗြူးတီး ဆယ်လီ ကယ်လီ ဂျန်နာ ဟာ ကိုယ်ပိုင် အမှတ်တံဆိပ် ထုတ်လုပ် နိုင်ခဲ့ပြီး ဝင်ငွေ သန်းချီ ရရှိ

Getty Images
အွန်လိုင်း ဗြူးတီး ဆယ်လီ ကယ်လီ ဂျန်နာ ဟာ ကိုယ်ပိုင် အမှတ်တံဆိပ် ထုတ်လုပ် နိုင်ခဲ့ပြီး ဝင်ငွေ သန်းချီ ရရှိ

ကမ္ဘာမှာ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ အဝတ်အစား တွေ ရောင်းအားကျ နေတဲ့ အချိန်မှာ အလှအပ ကုန်ပစ္စည်းတွေ ကတော့ ရောင်းအား တက်သည်ထက် တက်လို့နေပါတယ်။

ကျွန်ုပ်တို့ ရဲ့ ကမ္ဘာကြီးဟာ အလှအပ တွေကို ကြိုက် နှစ်သက်တဲ့ မိတ်ကပ် နဲ့ အသားအရေ အလှအပ တွေကို ပြုပြင် ပေးတဲ့ ပစ္စည်းတွေ ကို ကြိုက်နှစ်သက် တဲ့ လူတွေ များလာပုံ ရပါတယ်။

အနောက် နိုင်ငံတွေမှာလည်း အလှကုန် ပစ္စည်း အကြောင်း၊ မိတ်ကပ် ပြင်ဆင် ခြယ်သ ပုံ အကြောင်း ဗီဒီယိုတွေ နဲ့ ရှင်းပြ ကြတဲ့ ဗွီလော့ဂါ တွေ ပေါက်ပေါက် လာမှု က ၂၀၁၈ ခုနှစ် တခုတည်းမှာ တင် အများအပြား ဖြစ်ပါတယ်။

ကိုရီးယား နိုင်ငံမှာ ဆိုရင်လည်း ဗြူးတီး ဘလောက်ဂါ လုပ်ကြသူတွေ၊ အလှကုန် ပစ္စည်း အကြောင်း ဝေဖန် သုံးသပ် ကြသူတွေ အများအပြား ရှိပါတယ်။

ဆိုတော့ သူတို့ တွေအထဲမှာ လူသိထင်ရှား ရှိတဲ့ ဗြူးတီး ဘလောက်ဂါတွေ က ဘယ်သူ တွေများပါလဲ။ ကိုရီးယား အလှကုန် ဆိုတာဘာလဲ။ အောင်မြင်တဲ့ ဗြူးတီး ဘလောက်ဂါ တယောက်ရဲ့ ဝင်ငွေ က ဘယ်လောက် ရှိပါသလဲ။

အလှကုန် ပစ္စည်းတွေထဲမှာ ဘယ် ပစ္စည်းက အရောင်းသွက် နေသလဲ ဆိုတဲ့ အကြောင်း အရာတွေကို ဘီဘီစီ သတင်းထောက် စမန်သာ ဖန်ဝစ် က ရှာဖွေ လေ့လာ ဆန်းစစ် တင်ပြ ပေးထားပါတယ်။

အလှအပ ရေးရာ ဝေဖန် သုံးသပ်တဲ့ ဘလောက်ဂါတွေ ဝင်ငွေတိုးတက်လာ

Getty Images
အလှအပ ရေးရာ ဝေဖန် သုံးသပ်တဲ့ ဘလောက်ဂါတွေ ဝင်ငွေတိုးတက်လာ

၁။ အလှကုန် ပစ္စည်း ရောင်းချရမှု ၂ နှစ် အတွင်း တိုးတက်

၂၀၁၈ ခုနှစ်မှာ အလှကုန် ပစ္စည်း ဈေးကွက် က ဒေါ်လာ ၁၃.၅ ဘီလီယံ ရှိပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၅ နှစ် အတွင်းမှာ အလှကုန် ပစ္စည်း ဈေးကွက် က ၁၇ ရာခိုင်နှုန်း အထိ ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာပါ။

ဒီလို ဈေးကွက် ဖွံ့ဖြိုး လာတဲ့ အဓိက အကြောင်း ကတော့ လူမှု ကွန်ရက် မှာ အလှအပ အကြောင်း ဗီဒီယို တွေ ရိုက်ကူး တင်ဆက် ကြတဲ့ ဗွီလော့ဂါ တွေ ကြောင့်ပါပဲ။

လူမှုကွန်ရက်ပေါ်က လူသိများသူ တနည်းအားဖြင့် အွန်လိုင်း ဆယ်လီ တွေဟာ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ ယူကျု စတဲ့ လူမှုကွန်ရက်တွေမှာ အလှအပ ရေးရာအကြောင်း ဝေဝေဆာဆာ နဲ့ ရိုက်ကူး တင်ဆက် ပေးကြပါတယ်။

အဲဒီ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ နဲ့ အလှအပ ရေးရာ အကြောင်း ဝေဖန် သုံးသပ် ကြသူတွေ ကြောင့် အလှကုန် ပစ္စည်း ရောင်းချ ရမှု တိုးတက် လာ တယ်ဆိုတာ ဈေးကွက်မှာ ငြင်းမရတဲ့ အကြောင်းအရာ တစ်ရပ် ဖြစ်ပါတယ်။

သွင်ပြင် ဆန်းပြား တဲ့ အွန်လိုင်း မိတ်ကပ် ဆယ်လီ ဂျက်ဖရီ စတား

Getty Images
သွင်ပြင် ဆန်းပြား တဲ့ အွန်လိုင်း မိတ်ကပ် ဆယ်လီ ဂျက်ဖရီ စတား

၂။ အလှအပ အွန်လိုင်း ဆယ်လီ တွေက ဘယ်သူတွေလဲ။

အလှကုန် တွေနဲ့ ပတ်သက်ပြီး ဗြူးတီး ဗီလော့ဂါ ထဲမှာ လော့စ် အိန်ဂျလိစ် အခြေစိုက် တဲ့ ဂျက်ဖရီ စတား က လူသိများ ထင်ရှားပါတယ်။

၂၀၁၈ ခုနှစ် တနှစ်တည်းမှာတင် ဂျက်ဖရီ ဟာ ယူကျူ ဗီဒီယို လူမှုကွန်ရက် ကနေ ဒေါ်လာ ၁၄.၅ သန်း ရရှိခဲ့တယ်လို့ ဖော့ဒ် စီးပွားရေး မဂ္ဂဇင်း က ခန့်မှန်း တွက်ချက်ပါတယ်။

သူက အွန်လိုင်း ဆယ်လီ လောကမှ အမြင့်မားဆုံး ဝင်ငွေ ရရှိသူ တယောက် လည်း ဖြစ်ပါတယ်။

ဂျက်ဖရီက မိုင်စပေ့ Myspace လူမှုကွန်ရက်မှာ ပရိသတ် အားပေးမှု အများအပြား ရှိခဲ့ပြီး ၂၀၀၆ ခုနှစ် က မှ ယူကျု လူမှု ကွန်ရက် ပေါ်ကို ရောက်ရှိခဲ့တာပါ။

အဲဒီမှာ မိတ်ကပ် လိမ်းခြယ်တဲ့ နည်းလမ်းတွေ တင်ဆက် ခဲ့ပြီးနောက်မှာ သူ့ရဲ့ ထူးခြားတဲ့ တင်ဆက်မှုကြောင့် လူသိများ ထင်ရှား ခဲ့ပါတယ်။

အခုတော့ သူဟာ ကိုယ်ပိုင် အမှတ်တံဆိပ် နဲ့ မိတ်ကပ် ကုန်ပစ္စည်းတွေကို ထုတ်လုပ် လာခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်တာ ဝင်ငွေဟာ ဒေါ်လာ သန်း ၁၀၀ အထိ ရှိမယ်လို့ ဖော့ဒ် မဂ္ဂဇင်း က တွက်ချက် ထားပါတယ်။

သူ့ရဲ့ ယူကျူ ပေါ်မှာ အလှကုန် ပစ္စည်း တံဆိပ် တစ်မျိုး ကို အသုံးပြုပေးရင် ဒေါ်လာ တစ်သိန်း ခြောက်သောင်း ပေးမယ်လို့ ကုမ္ပဏီ တခု က ကမ်းလှမ်း ခဲ့ကြောင်း ဂျက်ဖရီ က သူ့ရဲ့ တွစ်တာ ပေါ်မှာ မကြာသေးခင် က ထုတ်ဖော် ပြောကြား ခဲ့ဖူးပါတယ်။

နာမည်ကျော် အနုပညာရှင်တွေ အသုံးပြုတဲ့ မိတ်ကပ် ကုန်ပစ္စည်း က ရောင်းအား ပိုသွက်

Getty Images
နာမည်ကျော် အနုပညာရှင်တွေ အသုံးပြုတဲ့ မိတ်ကပ် ကုန်ပစ္စည်း က ရောင်းအား ပိုသွက်

၃။ အွန်လိုင်း ဗြူးတီး ဆယ်လီတွေရဲ့ ထောက်ခံချက်

ဘီဘီစီ က ကောက်ယူတဲ့ စစ်တမ်း တခုမှာတော့ အလှကုန် ပစ္စည်း ကြော်ငြာ ပေးဖို့ ငွေကြေး ရယူ ခဲ့တဲ့ အွန်လိုင်း ဆယ်လီ တယောက် ရဲ့ ကြော်ငြာ ကြောင့် ကုန်ပစ္စည်းတွေ ကို ဝယ်ယူ ခဲ့တာလား ဆိုတာ ၈၂ ရာခိုင်နှုန်းသော မိတ်ကပ် ဝယ်ယူ သူတွေက မသေချာဘူးလို့ ဖြေပါတယ်။

ဒါပေမယ့် အသက် ၁၈ နှစ် ကနေ ၃၄ နှစ် အတွင်းမှာ ရှိတဲ့ မိတ်ကပ် ဝယ်ယူသူ တထောင်ကျော် ကို စစ်တမ်း ကောက်ယူ ခဲ့ရာမှာတော့ သူတို့ ဟာ အွန်လိုင်း ဆယ်လီ တွေရဲ့ ဗီဒီယိုတွေ ကြောင့် ကုန်ပစ္စည်းတွေကို ဝယ်ယူ ဖြစ်ခဲ့တာလို့ ဆို ပါတယ်။

MMMMitchell က အင်စတာဂရမ်မှာ ဖော်လိုဝါ ရှစ်သိန်း အထိ ရှိ

BBC
MMMMitchell က အင်စတာဂရမ်မှာ ဖော်လိုဝါ ရှစ်သိန်း အထိ ရှိ

၄။ နာမည် မကြီးတဲ့ အွန်လိုင်း ဘလောက်ဂါတွေရဲ့အခွင့်အလမ်း

အွန်လိုင်း ဆယ်လီ ဘလောက်ဂါ တွေ ပဲ ကြော်ငြာခ ကနေ ဝင်ငွေ အများအပြား ရရှိနေယုံတင် မဟုတ်ပါဘူး။ နာမည် မကျော်သေးတဲ့ ဆယ်လီ တွေလည်း ဝင်ငွေ ရနိုင်တဲ့ အချက်တွေ ရှိပါတယ်။

မိတ်ကပ် ထုတ်ကုန် တွေ အကြောင်း ဝေဖန် သုံးသပ် နေတဲ့ ဗြိတိန် နိုင်ငံက MMMMitchell ဟာ ဂျက်ဖရီ စတား ရဲ့ ဗီဒီယို ထဲမှာ ပါဝင် ခွင့် ရခဲ့ပါတယ်။

အဲဒီဗီဒီယို ကြောင့် ညတွင်းချင်းပဲ သူ့ရဲ့ လူမှုကွန်ရက် အင်စတာဂရမ် မှာ လိုက်ခ် လုပ်သူ တစ်သိန်းကျော် အထိ ရရှိခဲ့ပါတယ်။

တဖြည်းဖြည်း နဲ့ သူ့ ကိုယ်ပိုင် ဗီဒီယိုတွေဟာလည်း လူကြိုက်များလာပြီး အခု ဆိုရင် အင်စတာဂရမ် နောက်လိုက်တွေက ရှစ်သိန်း ကျော် ရှိသွားပါပြီ။

ဖော်လိုဝါ နောက်လိုက်များလေလေ ကြော်ငြာ ရဖို့ အခွင့်အလမ်း များလေပဲလို့ MMMMitchell က ပြောပါတယ်။ လူမှုကွန်ရက်မှာ ထင်ရှားသူ ဖြစ်ဖို့ လမ်းစ များနေပြီ ဖြစ်တဲ့ MMMmitchell ဟာ သူ့ အနေနဲ့ ပရိသတ်တွေ ယုံကြည်မှု ရဖို့ ကြိုးကြိုးစားစား လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

မိတ်ကပ် ကျွမ်းကျင်သူ ဘော်ဘီ ဘရောင်း

Getty Images
မိတ်ကပ် ထူထူ လိမ်းမယ့် အစား ပါးပါးလိမ်းထားတဲ့ မိတ်ကပ်က သဘာဝ လို့ မိတ်ကပ် ကျွမ်းကျင်သူ ဘော်ဘီ ဘရောင်း က ဆို

၅။ မိတ်ကပ်လောကကို ပြောင်းလဲစေတဲ့ အင်စတာဂရမ် လူမှုကွန်ရက်

လူမှုကွန်ရက် မိတ်ကပ် ပညာရှင်တွေဟာ အင်စတာဂရမ်မှာ မိတ်ကပ်တွေကို အလွန်အကျွံ သုံးပြ ပြီး ဗီဒီယို ရိုက်ရတဲ့ အခါတွေလည်း ရှိပါတယ်။

MMMMitchell ရဲ့ ဆိုစကား အရ ဆိုရင်တော့ မိတ်ကပ် တွေကို ဗြန်းဗြန်း ကွဲ အောင် ရိုက်ပြ လိမ်းပြ ရတယ်လို့ ဆိုပါတယ်။

ဘော်ဘီ ဘရောင်းလို ဝါရင့် မိတ်ကပ် ပညာရှင်တွေ ကတော့ ဒီ အဆို ကို လုံးဝ သဘောမတူပါဘူး။

မျက်နှာပေါ် က အရေးပါတဲ့ ကောက်ကြောင်းတွေ မပျက်ယွင်းအောင်လို့ မိတ်ကပ် ကို ပါးပါးလေးပဲ ပုတ်ပြီး သဘာဝ အလင်းရောင် နဲ့ ဗီဒီယို ရိုက်ကူး တာ က အကောင်းဆုံးလို့ ဘော်ဘီ က ပြောပါတယ်။

သူဟာ ၂၀၀၆ ခုနှစ်တုန်း က သူ့နာမည် နဲ့ ကိုယ်ပိုင် မိတ်ကပ် ထုတ်လုပ် ရောင်းချ ခဲ့သူ နာမည်ကျော် တစ်ဦးလည်း ဖြစ်ပါတယ်။

မိတ်ကပ် ဘယ်လောက် လိမ်းထား လိမ်းထား၊ သဘာဝ အလင်းရောင် ကို ကောင်းကောင်း အသုံးမချ နိုင်ရင် အလုပ် မဖြစ်ဘူး လို့ သူက ဆိုပါတယ်။

ဒါပေမယ့် လူမှုကွန်ရက် မိတ်ကပ် ပညာရှင်တွေကတော့ အင်စတာဂရမ်မှာ မိတ်ကပ် တွေကို ဗုံးပေါလအော အသုံးပြုနေကြဆဲပါ။

အသားအရေ ပြုပြင် ထိန်းသိမ်းရေး ပစ္စည်းတွေက အရောင်းသွက်

Getty Images
အသားအရေ ပြုပြင် ထိန်းသိမ်းရေး ပစ္စည်းတွေက အရောင်းသွက်

၆။ အသားအရည် လှပစေတဲ့ ကုန်ပစ္စည်း တွေ အရောင်းသွက်

လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ မိတ်ကပ် တွေက အရောင်းသွက် ခဲ့သလိုပဲ အသားအရည် လှပကျော့ရှင်း စေရမယ် ဆိုပြီး ကတိကဝတ် ပေး ရောင်းချ တဲ့ အသားအရေ ထိန်းသိမ်းရေး အလှကုန်တွေဟာလည်း ဆိုင်တွေမှာ ပစ္စည်း ပြတ်သွား တဲ့ အထိကို ရောင်းချခဲ့ရပါတယ်။

အသားအရေ လှပ စေတဲ့ လူသုံးကုန် ပစ္စည်း ထုတ်လုပ်တဲ့ The Ordinary ကုမ္ပဏီ ရဲ့ အလှကုန် ပစ္စည်းတွေဟာ လူတွေ ကြားထဲမှာ ရေပန်း စားခဲ့ပါတယ်။

သူက အခြေခံ အသားရေ အလှ ကုန်တွေကို တခြား နာမည်ကျော် Luxury ဇိမ်ခံ ပစ္စည်းတွေ ထက် ဈေးသက် သာတဲ့ နှုန်းထားနဲ့ ရောင်းချခဲ့ လို့ ဖြစ်တယ်လို့ ကုမ္ပဏီ ဘက်က ပြောပါတယ်။

အခု နှစ်ပိုင်းမှာ အခြား လူသုံးကုန် ပစ္စည်း ရောင်းချရမှု ဆယ်ခု တိုင်း မှာ အသားအရေ ထိန်းသိမ်းရေး ကုန်ပစ္စည်း တစ်ခု ကို ပို့ဆောင် ပေးနေရကြောင်း အွန်လိုင်း ဈေးရောင်းဝယ်ရေး ကုမ္ပဏီ တခု ဖြစ်တဲ့ ASOS ကုမ္ပဏီ က ပြောဆို ခဲ့ပါတယ်။

ကိုရီးယမ်း ဗြူးတီး ခေါ် ကေ-ဗြူးတီး က အနောက်နိုင်ငံတွေမှာလည်း ရေပန်းစား

Getty Images
ကိုရီးယမ်း ဗြူးတီး ခေါ် ကေ-ဗြူးတီး က အနောက်နိုင်ငံတွေမှာလည်း ရေပန်းစား

၇။ ကိုရီးယား အလှကုန် ပစ္စည်း နာမည်ကြီး

ကိုရီးယား ဗြူးတီး လို့ ခေါ်ကြတဲ့ အလှအပ ပြင်ဆင် ချယ်သ မှု က အနောက် နိုင်ငံတွေ မှာ ခေတ်စား လာခဲ့ပါတယ်။

သူက မျက်နှာ ကို ဝင်းပ အောင် လှပ ချယ်သ တဲ့ မိတ်ကပ် လိမ်းချယ် နည်း ကို အသုံးပြုတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံက အစပြုတဲ့ မျက်နှာ ကြည်လင် ဝင်းပ စေတဲ့ နည်းလမ်း ကတော့ အမျိုးသမီးတွေဟာ ငယ်စဉ် ကတည်း က အသားအရေ ထိန်းသိမ်းရေး ကုန်ပစ္စည်း တွေကို အသုံးပြု ခဲ့ကြလို့ပါ။

အဲဒါ ကို နိုင်ငံတကာမှာက ကေ-ဗြူးတီ (K-Beauty) လို့ ခေါ်ဝေါ် ကြပါတယ်။ ကေ-ဗြူးတီး လို့ ခေါ်တဲ့ မျက်နှာပြင် ကြည်ကြည်လင်လင် ဝင်းဝင်းပပ လေး ဖြစ်စေဖို့ အဆင့်ပေါင်း ၁၂ ဆင့် လောက် ဆောင်ရွက် ရပါတယ်။

အဲဒီမှာ Serum လို့ ခေါ်တဲ့ အသားအရေ ကြည်လင်ဆေးတွေ လိမ်းချယ်တာ၊ အလှဆီတွေ အသုံးပြုတာ၊ အချဉ်ဓါတ် ပါတဲ့ အသားအရေ ကြည်လင် စေတဲ့ အက်စက် အပျော့စား သုံးတာတွေ ပါဝင် ပါတယ်။

နောက်ပြီး ညအိပ်ရာ မဝင်ခင်မှာ မျက်နှာ ပေါ်ကို မက်စ် Mask တွေ ဝတ်ဆင် ကြတာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံ ရဲ့ အလှကုန် ပစ္စည်း ထုတ်လုပ်မှု ဟာ ဈေးကွက် တန်ဖိုး အရ ၂၀၁၇ ခုနှစ် တနှစ်တည်းမှာတင် ဒေါ်လာ ၁၃ ဘီလီယံ အထိ ရှိခဲ့ကြောင်း ဈေးကွက် လေ့လာ ဆန်းစစ်ရေး ကုမ္ပဏီ ဖြစ်တဲ့ MinteI ရဲ့ စာရင်းဇယား တွေမှာ ဖော်ပြ ထားပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ထုတ်ကုန် ပစ္စည်းတွေကို သတိထားဖို့ လိုအပ်

Getty Images
ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ထုတ်ကုန် ပစ္စည်းတွေကို သတိထားဖို့ လိုအပ်

၈။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းအရာ ရေပန်းစား

၂၀၁၉ ခုနှစ်မှာ အလှအပ ရေးရာ နဲ့ ပတ်သက်လို့ ရေပန်း စားလာတဲ့ အကြောင်းအရာကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို ပိုမို လုပ်ဆောင် ကြဖို့ ပဲ ဖြစ်ပါတယ်။

အလှကုန် ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ကုန်ပစ္စည်း ထုပ်ပိုး ရာမှာ ပလက်စတစ်ကို အလွန်အကျွံ အသုံးပြုနေကြဆဲပါ။ ပြီးတော့ အလှကုန် ကြော်ငြာ တွေ လုပ်ရာမှာလည်း ပြန်လည် အသုံးချလို့ မရတဲ့ ကတ်ထူပြား တွေကို သုံးကြ ပါတယ်။

အလှကုန် အမှတ် တံဆိပ် တွေ ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လုပ်ဆောင်ဖို့ အချိန် ရောက်ပြီ၊ တာဝန်ယူမှု တာဝန်ခံမှု လုပ်ဆောင် သင့်ပြီလို့ ဗော့ခ် မဂ္ဂဇင်း အလှအပရေးရာ အယ်ဒီတာ ဖန်မီ ဖက်တို က ပြောပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အလှကုန် ပစ္စည်း ထုတ်လုပ် တဲ့ ကုမ္ပဏီ တွေရဲ့ ဆောင်ရွက်မှုတွေက အမြဲတမ်း နောက်ကျ ကျန်နေတယ် လို့လည်း သူက ဆိုပါတယ်။

အလှအပ ကုန်ပစ္စည်းတွေ ထုတ်လုပ် ရာမှာ ပလက်စတစ် ကင်းစင်ပြီး ပြန်လည် အသုံးပြုလို့ ရတဲ့ ထုပ်ပိုး ပစ္စည်းတွေ နဲ့ အသုံးပြု ကြဖို့ ကိုလည်း သူက ဆော်ဩ ခဲ့ပါတယ်။

အသားအရေ အားလုံးကို ကိုယ်စားပြုနိုင်ဖို့ တကိုယ်ရေသုံး အလှကုန် ပစ္စည်းတွေ ထုတ်လုပ်

Getty Images
အသားအရေ အားလုံးကို ကိုယ်စားပြုနိုင်ဖို့ တကိုယ်ရေသုံး အလှကုန် ပစ္စည်းတွေ ထုတ်လုပ်

၉။ တကိုယ်ရေ သုံး အလှကုန်များ

ယေဘုယျ မိတ်ကပ် ထုတ်ကုန် ပစ္စည်းတွေရဲ့ ရေပန်းစားမှု အချိန် ကာလ ကုန်ဆုံး သွားခဲ့ပါပြီ။ လက်ရှိ အချိန်မှာ ရေပန်းစားနေတာက အသုံးပြု သူ နဲ့ တကိုယ်ရေ ကိုက်ညီမှု ရှိတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ် မိတ်ကပ် ထုတ်ကုန် တွေပါပဲ။

ရေမွှေးပဲ ဖြစ်ဖြစ်၊ အိုင်းရှဲဒိုး ပဲ ဖြစ်ဖြစ်၊ အောက်ခံ လိမ်းရတဲ့ မိတ်ကပ် ပဲ ဖြစ်ဖြစ် အဲဒီ ကုန်ပစ္စည်းတွေဟာ အသုံးပြုသူ နဲ့ ကိုက်ညီမှု ရှိတဲ့ အလှကုန် ပစ္စည်း ထုတ်လုပ်မှု တွေက အခုနှစ် အတွင်းမှာ ရေပန်းစား လာခဲ့ပါတယ်။

ကုမ္ပဏီ တွေ အနေနဲ့လည်း လူပုဂ္ဂိုလ် အားလုံး ကို ကိုယ်စားပြုတဲ့ အလှကုန် ပစ္စည်း ထုတ်လုပ်မယ့် အစား တကိုယ်ရေ အသုံးပြု နိုင်တဲ့ ကုန်ပစ္စည်းတွေကို ပိုမို ထုတ်လုပ် လာကြပါတယ်။

ဒါမှလည်း ကမ္ဘာပေါ်က လူ အမျိုးမျိုးရဲ့ အသားအရေ အမျိုးအစား အားလုံး ကို ကိုယ်စားပြုတဲ့ ထုတ်ကုန် တွေကို ပိုမို ထုတ်လုပ် နိုင်ဖို့ ကိုလည်း မျှော်မှန်း ထားကြပါတယ်။

အလှကုန် ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ကလည်း အသား အရောင် ခွဲခြား ပြီး မိတ်ကပ် ပစ္စည်း တွေကို ထုတ်လုပ်တယ်၊ သူတို့ ထုတ်ကုန် တွေဟာ လူတွေ အားလုံးကို ကိုယ်စား မပြုဘူး ဆိုပြီး နှစ်ကာလ ကြာရှည် ဝေဖန် ခံခဲ့ရတာပါ။

လော်ရီရယ် L’Oreal ဆိုရင် အောက်ခံမိတ်ကပ် ထုတ်လုပ်ရာမှာ အသားအရောင် အားလုံး အတွက် အခြေခံ ကုန်ပစ္စည်း စုဆောင်း ထားရှိဖို့ ဆိုတာ မလွယ်ဘူးလို့ ဆိုပါတယ်။

ဒီပြဿနာ ကို အဖြေရှာ ဖို့ လူတိုင်းကိုယ်စားပြုတဲ့ တကိုယ်ရေ သုံး အလှကုန် ပစ္စည်းတွေကို ပိုမို ထုတ်လုပ် လာနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ ကုမ္ပဏီတွေက ပြောနေပါတယ်။

บทความก่อนหน้านี้แอฟ ตอบแล้ว ทำไมสงกรานต์ ไม่มาดู น้องปีใหม่ แสดงโชว์ที่โรงเรียน
บทความถัดไปเดอะทอยส์ ช็อก ลิซ่า BLACKPINK ส่งข้อความ ขอบคุณ นึกว่าฝันไป-ชอบนานแล้ว