Khaosod
Online

วันอังคาร ที่ 11 ส.ค. 2563

မုန်တိုင်းကြောင့် ပွင့်တဲ့ ကယ်လီဖိုးနီးယားပန်း

1 มี.ค. 2562 - 19:53 น.
A woman sits in a super bloom of poppies in Lake Elsinore, California
Reuters
ပန်းခင်းထဲမှာ အလှပြ

ရက်သတ္တပတ်နဲ့ချီပြီး မိုးအကြီးအကျယ်စွေနေခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အယ်လ်စီနိုအိုင်နားမှာ ဘိန်းပန်းအရိုင်းတွေ ဖွေးဖွေးလှုပ်အောင် ပွင့်လာခဲ့ ပါတယ်။

လော့အန်းဂျလိစ်မြို့ အရှေ့တောင်ဘက်က တောင်စောင်းတွေမှာ လိမ္မော်ရောင်နဲ့ ရွှေရောင်သမ်းတဲ့ ပန်းရိုင်းတွေနဲ့ ဖုံးနေပါတယ်။

ဒီလိုပွင့်တဲ့ပန်းရှုခင်းက မနှစ်က ဖြစ်ခဲ့တဲ့ တောမီးမြင်ကွင်းတွေနဲ့ တခြားစီပါပဲ။ အဲဒီတုန်းက ဒေသခံတွေ ထောင်ချီပြီး အိမ်တွေကနေ ထွက်ပြေးခဲ့ရတာပါ။ မကြာခင်က တိုက်ခဲ့တဲ့ မုန်တိုင်းတွေ ကြောင့်လည်း လူတွေ ထွက်ပြေးခဲ့ရပါတယ်။

ဒီလို သဘာဝအလှထူးကြောင့် ဒီနေရာကို လူတွေလာပြီး ပန်းဆယ်လ်ဖီပုံတွေ ရိုက်နေကြပါတယ်။

A super bloom of poppies is seen in Lake Elsinore, California
Reuters
တောင်စောင်းက ပန်းအလှ

A couple takes a selfie photo in a super bloom of poppies in Lake Elsinore, California
Reuters
ပန်းခင်းကြီးထဲမှာ ဆယ်လ်ဖီရိုက်သူစုံတွဲ

A super bloom of poppies is seen in Lake Elsinore, California
Reuters
ပန်းလိမ္မော်တွေ ဖွေးနေအောင်ပွင့်

People walk in a super bloom of poppies in Lake Elsinore, California
Reuters
ပန်းကမ္ဘာထဲမှာ လျှောက်မယ်

A woman photographs a super bloom of poppies in Lake Elsinore, California
Reuters
ပန်းချစ်သူ
line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ မုန်တိုင်းကြောင့် ပွင့်တဲ့ ကယ်လီဖိုးနီးယားပန်း
ข่าวที่เกี่ยวข้อง