အမေရိကန်မှာ လေဆင်နှာမောင်းကြောင့် လူအနည်းဆုံး ၂၃ ဦးသေ

အမေရိကန် အယ်ဘာမား အရှေ့ပိုင်းမှာ လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်လို့ အနည်းဆုံး လူ ၂၃ ဦး သေဆုံးသွားပါတယ်။

လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ လီစီရင်စုက တာဝန်ရှိသူ ရှရစ် ဂျေးဂျုံးက လေဆင်နှာမောင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများနိုင်ပြီး နောက်ထပ် သေဆုံးသူတွေရဲ့ အလောင်းတွေ ထပ်တွေ့နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

သေဆုံးတဲ့သူတွေထဲမှာ အသက် ၈ နှစ်အရွယ်ကလေး တဦးပါဝင်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အရှေ့ အယ်ဘားမား ကျန်မာရေး ဆင်တာက ဆိုးဝါးတဲ့ ရာသီဥတုကြောင့် လူ ၄၀ ကျော်ကို ဆေးဝါး ကုသပေးနေရတယ်လို့ ဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ အမှောင်ထဲမှာ လုပ်ဆောင်နေရတာ အန္တရာယ်များတဲ့ အတွက် အရုဏ်တက်မှ ကယ်ဆယ်ရေးတွေ ပြန်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လေဆင်နှာမောင်းကြောင့် ပျက်စီးသွားတဲ့နေရာတွေကို မသွားဖို့လည်း လူတွေကို သတိပေးထားပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်တဲ့နေရာမှာ လူ နှစ်ထောင်ကျော် လျှပ်စစ်မီး ပြတ်တောက်တာကို ခံစားနေရပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက် အပူချိန်က သုညအောက် ကျသွားနိုင် တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပြီး သတိပေးမှုတွေ လည်း လုပ်ဆောင်နေပါတယ်။

အယ်လ်ဘားမားပြည်နယ် မြို့တော် မောင့်ဂိုမာရီရဲ့ အရှေ့ဘက် မိုင် ၆၀ အကွာ Beauregard ဧရိယာတဝိုက်မှာ မတ်လ ၃ ရက် ဒေသစံတော်ချိန် ညနေ ၂ နာရီ လောက်မှာ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့ နေရာ

BBC
လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့ နေရာ

အင်တာနက်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေမှာတော့ အပျက် အစီးတွေ ပျံ့ကျဲနေတဲ့ လမ်းတွေ၊ ခေါင်းမိုးတွေ မရှိတော့တဲ့ အိမ်တွေကို တွေ့မြင်ရပါတယ်။

လေဆင်နှာမောင်းကြောင့် တချို့အိမ်တွေဆိုရင် လုံးဝ ပြိုကျပြီး ပိပြားကုန် တာကြောင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ရှရစ် ဂျေးဂျုံးက ပြောပါတယ်။

ဒေသခံ စကော့ ဖေးလ်မာက လေဆင်နှာမောင်းတိုက်တဲ့ အချိန်တုန်းက အပြင်ဘက်မှာ ညလိုမှောင်သွားပြီး အသံက ရထားတခု လာနေတာနဲ့ တူတယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ရှိတဲ့ တချို့ စီးပွားရေး လုပ်တဲ့ အဆောက် အအုံတွေလည်း ပျက်စီးကုန် တယ်လို့ ဆိုပါတယ်။

လေဆင်နှာမောင်း သတိပေးချက်တွေကို ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ် တွေမှာလည်း ထုတ်ပြန်ထားပါတယ်။

ဖလော်ရီဒါ ပြည်နယ်မြောက်ပိုင်း စီရင်စု နှစ်ခုမှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လေဆင်နှာမောင်းတွေဟာ အများအားဖြင့် ဧပြီကနေ ဇွန်လအထိ တိုက်ခတ်နိုင်ပြီး အခု တိုက်ခတ်မှုက အချိန်စောပြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလက အမေရိကန်မှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူ ၃၀ဝ လောက် သေဆုံးခဲ့ပါတယ်။

บทความก่อนหน้านี้อธิบดีฯ ถาม เหมาะหรือ กินปลากระเบนอนุรักษ์ อ.ธรณ์ย้ำ กระเบนค้างคาวคือกระเบนนก
บทความถัดไปสุเทพ หยันระบอบทักษิณ แค่ประชาธิปไตยจอมปลอม มีไว้ใช้จูงจมูกประชาชน