အိမ်ရှင်ရဲ့ အလောင်းကို မွေးထားတဲ့ ခြင်္သေ့လှောင်အိမ်ထဲမှာ တွေ့ခဲ့ရ

Zdenek Nemec / MAFRA / Profimedia ပရာရှက်က ဒီခြင်္သေ့ကို ၂၀၁၆ ခုနှစ်မှာ ဝယ်ယူ မွေးမြူခဲ့တာဖြစ်

ချက်နိုင်ငံ အနောက်ပိုင်း ရွာတစ်ရွာမှာ အိမ်မှာမွေးထားတဲ့ ခြင်္သေ့ကိုက်လို့ အိမ်ရှင်အမျိုးသား သေဆုံးခဲ့ပါတယ်။ အိမ်ရှင် မီခဲ ပရာရှက်က ကိုးနှစ်သား ခြင်္သေ့တစ်ကောင်နဲ့ တခြား ခြင်္သေ့မတစ်ကောင်ကို မွေးထားလို့ ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

ပရာရှက်ရဲ့အလောင်းကို ခြင်္သေ့လှောင်အိမ်ထဲမှာ သူ့အဖေက တွေ့ခဲ့တာဖြစ်ပါတယ်။ တွေ့တဲ့အချိန်မှာ လှောင်အိမ်ကို အထဲကနေ သော့ခတ်ထားလျက် တွေ့တာပါ။

ခြံတစ်ခုစီမှာ ခွဲထားတဲ့ ခြင်္သေ့တွေကို ရဲတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

သေဆုံးသူအလောင်းကို ပြန်ကောက်လို့ရအောင် ခြင်္သေ့တွေကို မလွှဲမရှောင်သာပဲ သတ်ပစ်ခဲ့ရတာပါလို့ ရဲကပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် ပရာရှက်ဟာ ခြင်္သေ့အထီးကို ၂၀၁၆ ခုနှစ်က ဝယ်ခဲ့ပြီး ခြင်္သေ့အမကိုတော့ ပြီးခဲ့တဲ့နှစ်က ဝယ်ခဲ့ပါတယ်။

မိတ်လိုက်ဖို့ ဆုံပေးချိန် ကျားထီးကိုက်လို့ ကျားမသေ

ပရာရှက်ရဲ့ အိမ်မှာ ခြင်္သေ့လှောင်အိမ် ဆောက်ဖို့ အစပိုင်းမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ ပြီးတော့ ခြင်္သေ့တွေ တရားမဝင်မွေးထားခဲ့လို့ ဒဏ်ငွေလည်းဆောင်ခဲ့ရပါသေးတယ်။

နောက်ပိုင်းမှာတော့ သူက သူ့အိမ်ကို ဘယ်သူမှ အလာမခံခဲ့လို့ အာဏာပိုင်တွေနဲ့ အငြင်းပွားမှု မပြီးပြတ်ပဲ ဖြစ်သွားခဲ့ပါတယ်။

ချက်မှာ အခုလို အိမ်မှာမွေးထားတဲ့ ခြင်္သေ့တွေကို ခေါ်ယူထားနိုင်တဲ့ တခြားနေရာမရှိသလို၊ ခြင်္သေ့တွေကို နှိပ်စက်ညှင်းပမ်းတဲ့ အထောက်အထားလည်း မရှိလို့ အာဏာပိုင်တွေက ပရာရှက်ဆီက ခြင်္သေ့တွေကို အတင်းယူ လိုက်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကလည်း ပရာရှက်က ခြင်္သေ့မကို ထွက်ကျောင်းနေတုန်း စက်ဘီးစီးသမားတစ်ယောက် ခြင်္သေ့မနဲ့ တိုးမိလို့ သတင်းတွေထဲ ပါလာခဲ့ပါသေးတယ်။

ရဲတွေ ဝင်ရှင်းပေးခဲ့တဲ့နောက်မှာတော့ စက်ဘီးသမားနဲ့ တိုက်မိတဲ့ကိစ္စက လမ်းပေါ်က ယာဉ်မတော်တဆမှု အဖြစ် သတ်မှတ်ရုံပဲ ရှိခဲ့ပါတယ်။

အခုလို ဖြစ်သွားတာဟာ ကာလရှည် မဖြေရှင်းနိုင်ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းလိုက်နိုင်သလိုတော့ ဖြစ်သွားတယ်လို့ ရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

บทความก่อนหน้านี้‘เวียร์’ เผยโมเมนต์ขออนุญาต ‘เบลล่า’ ออกทริป รับชวนไปด้วยตลอด แต่เจ้าตัวไม่ว่าง
บทความถัดไปนักพนันแตกฮือ! ทหาร-ตร. บุกจับบ่อนกลางสมุย เล่นกันทั้งวันทั้งคืน ข้าวน้ำมีพร้อม