မင်းပြားမြို့နယ်အတွင်းကျေးရွာတွေက ဒေသခံ ၂ထောင်နီးပါးမြို့ပေါ်ကိုထွက်ပြေးခိုလှုံလာ၊ဗိုလ်ချုပ်ကြေးရုပ်အရေး ဧပြီ မကုန်ခင် အပြီးသတ်ဖြေရှင်းမယ်လို့ သဘောတူခဲ့အပါအဝင် မနက်ခင်းသတင်းများ

ဒေသခံ ၂ထောင် နီးပါး မြို့ပေါ် အရပ်တွေကို ထွက်ပြေးခိုလှုံလာ

BBC
ဒေသခံ ၂ထောင် နီးပါး မြို့ပေါ် အရပ်တွေကို ထွက်ပြေးခိုလှုံလာ

မင်းပြားမြို့နယ်ထဲက ကျေးရွာတွေက ဒေသခံ ၂ထောင် နီးပါး မြို့ပေါ် အရပ်တွေကို ထွက်ပြေးခိုလှုံလာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာက ရွှေဖောင်တော်ကျောင်းနဲ့ အောင်မင်္ဂလာ ကျောင်းတွေကို အနီးဝန်းကျင်ကျေးရွာတွေကနေ ရွာသား ၂၀၀၀ ခန့်ဟာ မတ် ၂၀ရက်နေ့မှာ ထွက်ပြေးခိုလှုံလာကြပါ တယ်။

‘ ‘ စစ်တပ်တွေကရွာမှာရှိနေလို့ ထွက်ပြေးလာတာ။ အိမ်တိုင်းကို မွှေတယ် ပြီးတော့ရိုက်တယ်။လူတွေကို ခေါ်တယ်ပြီးတော့ နေပူလှမ်းတယ်။ ရိုက်တယ်။ ကြောက်လို့ ထွက်ပြေးလာတာ။ရွာသူရွာသားတွေက ရွာထဲကိုလည်း မဝင်ရဲတော့ဘူး။”လို့ မြို့ပေါ်ရပ်ကွက်ကို ထွက်ပြေးလာရတဲ့ အကြောင်းရင်းကို ရွှေဖောင်တော်ကျောင်းမှာ ခိုလှုံနေတဲ့ အမျိုးသမီး တစ်ဦးက ခုလို ပြောပါတယ်။

အခု ထွက်ပြေးလာကြတဲ့သူတွေဟာ ပန်းမြောင်း ရွာသစ်၊ မြိုချောင်း၊ ရွာသစ်၊ ငှက်တော်ရ၊ သပေါ့စာ၊ စာသင်ကျောင်းရပ်ကွက်၊ အောင်ကျော်ကြီးရပ်ကွက်က ဒေသခံတွေ ဖြစ်ကြပါတယ်။

အဲဒီ ပန်းမြောင်းကျေးရွာ အအနီး ဝန်းကျင်မှာ တပ်မတော် စစ်ဆင်ရေးတွေလုပ်နေသလို အနီးအနားရှိ ရက္ခိုင့်တပ်မတော် အေအေရှိမယ်လို့ ယူဆရတဲ့ တောင်တန်းတွေကို တပ်မတော်ကနေ ဂျက်တိုက်လေယာဉ်နဲ့ မနေ့က တိုက်ခိုက်တာရှိသလို ဒီနေ့မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာတွေရှိပါတယ်။ စစ်သားတွေလည်း ကျေးရွာတွေ အတွင်းကို ဝင်ပြီး သံသယရှိသူတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ပန်းမြောင်းတိုက်နယ် ပရဟိတ အဖွဲ့ နာယက ဦးငလုံးချေက ပြောပါတယ်။

ဒါ့အပြင်စစ်တပ်က လူငယ် ၄ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုအချိန်ထိ အဆက်အသွယ် မရသေးတဲ့ အတွက် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ရခိုင်အမျိုးသားပါတီက ရခိုင်အရေးနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း

ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်မှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်တစ်ရပ်ကို မတ် ၂၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

” တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်တာတွေလည်းရှိတယ်။ တိုက်ပွဲမဖြစ်ပဲနဲ့လည်း ရွာတွေကို တပ်မတော် က ပစ်ခတ်လို့ အသက်သေရတဲ့ထိခိုက်နစ်နာမှုတွေလည်းရှိတယ်။ ရခိုင်တွေရဲ့ လိုလားတဲ့အမှန်တရား လိုလား တဲ့ငြိမ်းချမ်းမှု ၊ ထိခိုက်နစ်နာမှုကို ကုစားပေးဖို့ နိုင်ငံရေးပါတီအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အတွက်ကော်မရှင်ကို ဖွဲ့တာ။”လို့ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်အေးနုစိန်က ဘီဘီစီကိုပြောပါတယ်။

ဒီကော်မရှင်ကနေ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေကြောင့် အရပ်ဖက် ပြည်သူ တွေ ထိခိုက်နစ်နာမှုနဲ့ အသက်ဆုံးရှုံးမှုတွေ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှုတွေကို စနစ်တကျပြုစုပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြားသက်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေကို တင်ပြန်သွားမှာဖြစ်တယ်လို့ ကော်မရှင်ထံကသိရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်အရေး ဧပြီ မကုန်ခင် အပြီးသတ်ဖြေရှင်းမယ်လို့ သဘောတူခဲ့

လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားဖို့ ကရင်နီလူငယ်အင်အားစုကိုယ်စားလှယ်တွေနဲ့ ပြည်နယ် အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ အဖွဲ့စုံပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုကို မတ် ၂၀ ရက်နေ့က တနေကုန်ပြုလုပ်ခဲ့ပေမယ့် တိကျတဲ့အဖြေတော့ မရရှိသေးပါဘူး။

” ဆွေးနွေးဖို့စတင်ကမ်းလှမ်းတဲ့ NRPC က ဦးဇော်ဌေးပါဝင်တဲ့အဖွဲ့ကတော့ ပြည်နယ်အစိုးရနဲ့ ကရင်နီ လူငယ် အင်အားစုကြားမှာ ညှိနှိုင်းမရသေးတဲ့ ကြေးရုပ်ဖယ်ရှားပေးရေးကိစ္စကို ပြည်ထောင်စု အဆင့် ဆုံးဖြတ်နိုင်ခွင့်ရှိသူ ထံတင်ပြမယ်။ ပြီးရင် အဲဒီကရလာတဲ့ ဆုံးဖြတ်ချက်ကိုလည်း လာမယ့် ဆွေးနွေးပွဲမှာ ချပြပြီး ဧပြီလမကုန်ခင် ကြေးရုပ်ကိစ္စအပြီးဖြေရှင်းမယ်လို့ ကတိပေးခဲ့တယ်”လို့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ကိုသောမတ်စ်က ပြောပါတယ်။

လက်ရှိမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိတဲ ပန်းခြံကို အရင်ရှိပြီးသား အုတ်ခြံစည်းရိုးပေါ်ကနေ သံဆူးကြိုး တွေနဲ့ ထပ်ပြီး ကာရံကာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။

ကြေးရုပ်ဖယ်ရှားရေးတောင်းဆိုနေကြတဲ့ လူငယ်တွေက ကြေးရုပ်ကို ဖယ်ရှားချင်ကြသလို ပြည်နယ်အစိုးရ ဘက်ကတော့မဖယ်ရှားပေးနိုင်တဲ့အတွက် ကြေးရုပ်ကိစ္စက အငြင်းပွားနေဆဲလည်းဖြစ်ပါတယ်။

ကရင်နီလူငယ်အင်အားစုတွေကတော့ နှစ်ဖက်သဘောတူညီခဲ့တဲ့ ကြေးရုပ်ကိစ္စကို ဧပြီလမကုန်ခင် မဖြေရှင်း နိုင်ခဲ့ဘူးဆိုရင်တော့ လူထုအင်အားနဲ့ ကြေးရုပ်ဖယ်ရှားပေးဖို့ ဆက်လုပ်သွားဖို့ ကရင်နီလူ ငယ်တွေက ဆုံးဖြတ်ထားတယ်လို့လည်း ပြောဆိုပါတယ်။

အီးယူကနေ ဗြိတိန်နုတ်ထွက်မှုကို လွှတ်တော်အမတ်တွေ ထောက်ခံဖို့ ဝန်ကြီးချုပ်ထရီဇာမေတိုက်တွန်း

ဗြိတိန်လွှတ်တော်အမတ်တွေအနေနဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မှု (Brexit) သဘောတူညီချက် ကို ထောက်ခံဖို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ဘရက်ဇစ်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး စိတ်ပျက်နေကြတဲ့ ပြည်သူတွေနဲ့လည်း တသားတည်း ရှိတယ်လို့ ဝန်ကြီးချုပ်မေက ပြောပါတယ်။

လက်ရှိမှာ ဗြိတိန်ဟာ ၉ ရက်အတွင်း ဥရောပသမဂ္ဂကနေ နုတ်ထွက်ရတော့မှာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ်မေ ကတော့ အဲဒီရက်အလွန် ဇွန်လကုန်ပိုင်းအထိ သက်တမ်းထပ်တိုးဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေကို တောင်းဆိုမှာပါ။

ဥရောပကောင်စီဥက္ကဋ္ဌကတော့ သက်တမ်းထပ်တိုးတာဟာ Brexit သဘောတူညီချက်ကို ဗြိတိန် လွှတ်တော်က ထောက်ခံ၊ မခံအပေါ် မူတည်တယ်လို့ပြောပါတယ်။

ဒါပေမဲ့ ဗြိတိန်လွှတ်တော်ဟာ ဝန်ကြီးချုပ် အဆိုပြုခဲ့တဲ့ Brexit သဘောတူညီချက် မူကြမ်း ကို ၂ ကြိမ်တိုင်တိုင်ပယ်ချခဲ့ပြီးပါပြီ။

บทความก่อนหน้านี้หมอภาคย์ เผยคลิปจุดวิกฤตในถ้ำหลวง สายออกซิเจนรัดคอ เกือบเอาชีวิตไม่รอด!
บทความถัดไปโซเชียลเดือด! #ถอนโฆษณาเนชั่น ยืน1ทวิตเตอร์ หลังกนก ไม่จบ ซัดกลับธนาธร!