AA က ဖမ်းဆီးသွားတဲ့ မိသားစုဝင် ၇ ဦး ပြန်လည် လွတ်မြောက်

ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့က ဧပြီ ၉ ရက်နေ့ မြောက်ဦးရဲတပ်ရင်း စီးနင်းမှုအပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ရဲတပ်ရင်းက မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ မြောက်ဦးခရိုင် ဆေးရုံအုပ်ကြီးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

အမျိုးသမီး ၄ ယောက်နဲ့ ကလေး ၃ ယောက် ဟာ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ပြန်လွတ်လာကြတာလို့ မြောက်ဦးဆေးရုံက ပြောပါတယ်။

‘သူတို့တွေဟာ ဆေးရုံထဲကို လမ်းလျှောက်ပြီး ဝင်လာကြတာပါ၊ ဘယ်သူတွေ လိုက်ပို့ကြမှန်းလည်း မသိပါဘူး၊ အားလုံးကတော့ ကျန်းမာရေး ကောင်းပါတယ်’ လို့ မြောက်ဦးခရိုင် ဆေးရုံအုပ်ကြီးက ပြောပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ ကိုးသောင်းဘုရား အနီး အခြေချထားတဲ့ ရဲတပ်ရင်းအမှတ် ၃၁ ကို ဝင်ရောက်စီးနင်းခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အိမ်ထောင်သည် လိုင်းခန်းက ဒုရဲအုပ် သဲဇော်အောင်ရဲ့ဇနီး၊ ၃ နှစ် အရွယ် သမီးငယ်၊ ဒုရဲအုပ် အောင်ကိုကိုမြင့်ရဲ့ မိခင်နဲ့၊ ဇနီး နောက် ၆ နှစ်အရွယ် သမီးနဲ့ ၁ နှစ်အရွယ် သားငယ်တို့အပြင် ရဲတပ်သား စည်သူစိုးရဲ့ ဇနီးသည်တို့ကို ခေါ်ဆောင်သွားခဲ့ပြီး ဒီလုပ်ရပ်အပေါ် အစိုးရ စစ်တပ်ကတော့ အကြမ်းဖက်လုပ်ရပ် အဖြစ် ရှုတ်ချထားပါတယ်။

AA ကတော့ အစိုးရတပ်ရဲ့ ရှုတ်ချမှုကို ငြင်းဆိုပြီး စစ်တိုက်လေယာဉ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုထဲကနေ ကယ်ထုတ်ခဲ့တာ ဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောခဲ့ပါတယ်။

လတ်တလောမှာတော့ ပြန်လွတ်လာတဲ့ မိသားစုဝင် ၇ ဦးကို ဌာနဆိုင်ရာတွေဆီ ပြန်လည်အပ်နှံခဲ့ပြီဖြစ်တယ်လို့ မြောက်ဦးခရိုင် ဆေးရုံအုပ်ကြီးက ပြောပါတယ်။

บทความก่อนหน้านี้“บิ๊กฉัตร” เผย “บิ๊กตู่” ห่วงผู้สูงอายุ หวังปรับสวัสดิการให้ดีขึ้น แต่ยังไม่มีแนวคิดเพิ่มเงิน
บทความถัดไปเจ็บกว่าเยอะ! ประจักษ์ชัย ฝากถึง พ่อริน-อาม ชุติมา หยุดสาดโคลนใส่กัน