ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရင် ဆုကြေးငွေ ဘယ်လောက်ရမလဲ

atl

AFP
ချန်ပီယံ ဖြစ်မယ့် အသင်းဟာ အနည်းဆုံး ပေါင်သန်း ၁၅၀ အထိ ရရှိမှာဖြစ်

ပရီးမီးယားလိဂ်ဟာ ၂၀၁၆ခုနှစ်ကနေ ၂၀၁၉ အထိ ၅ဘီလျံကျော် တန်ကြေးရှိတဲ့ ရုပ်သံ စာချုပ်ကို ချုပ်ဆိုပြီးနောက်ပိုင်းမှာ ကလပ်တွေ အားလုံး ဝင်ငွေ မြင့်မားစွာ တိုးတက်လာပြီး ဥရောပ ဝင်ငွေ အကောင်းဆုံး အသင်းတွေအဖြစ် စာရင်းဝင်လာ ခဲ့ကြတာပါ။ ဝင်ငွေတွေ များစွာခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ်၊ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေကလည်း အများကြီး ပြောင်းလဲသွားခဲ့တာပါ။

၂၀၁၆-၁၇ ရာသီကစလို့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ တစ်နှစ်လုံးစာ ဝင်ငွေဟာ အဆင့် ၂၀က အသင်းတောင် အနည်းဆုံး ပေါင်သန်း ၉၀ကျော်ကနေ သန်း ၁၀ဝ အတွင်း ရှိနေပါတယ်။ မနှစ်က ရမှတ် ၁၀ဝနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးဟာ ရုပ်သံကနေ ပွဲပေါင်း ၂၆ပွဲ ပြသခွင့်ရခဲ့ပြီး တီဗီ ရုပ်သံငွေ ပေါင် ၃၀.၄သန်း၊ ချန်ပီယံဖြစ်ဆုကြေးငွေ ၃၆.၇သန်း အပါအဝင် ဝင်ငွေ အရပ်ရပ်ကနေ ပေါင် ၁၄၉.၄သန်း အထိရခဲ့ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အင်္ဂလန်မှာ မန်ချက်စတာယူနိုက်တက်က ပိုပြီး ဝင်ငွေ ပိုကောင်းခဲ့ပါတယ်။ ရုပ်သံကနေ မနှစ်က ပွဲပေါင်း ၂၈ပွဲအထိ ပြသခွင့်ရခဲ့ပြီး စုစုပေါင်း ၁၄၉.၈သန်း ရခဲ့တာ ဖြစ်ပါတယ်။ အဆင့် ၂၀နဲ့ တန်းဆင်းသွားခဲ့ရတဲ့ ဝက်စ်ဘရွန်းကတော့ တီဗီရုပ်သံငွေ ၁၂သန်းကျော် အပါအဝင် စုစုပေါင်း ပေါင်၉၄.၇သန်းရခဲ့ ပါတယ်။

atl

AFP
Sky Sport နဲ့ BT Sport ဟာ ပရီးမီးယားလိဂ်ပွဲတွေကို ယူကေမှာ အဓိက ရုပ်သံ ပြသခွင့်ရထားတာ ဖြစ်ပါတယ်။

Sky Sport နဲ့ BT Sport

၂၀၁၆ကနေ ၂၀၁၉ အထိ ဗြိတိန် နိုင်ငံအတွင်း ပရီးမီးယားလိဂ်ရဲ့ ရုပ်သံပြသခွင့်ကို Sky နဲ့ BT Sport အဓိက ရခဲ့ပြီး ပွဲပေါင်း ၁၆၈ပွဲ ရုပ်သံကနေ တိုက်ရိုက် ပြသခဲ့ပါတယ်။ Sky Sport က ပွဲပေါင်း ၁၂၆ပွဲကို ပြသဖို့ ပေါင် ၄.၁၇ ဘီလျံကျော် ပေးချေခဲ့ရပြီး BT Sport က ၄၂ပွဲ အတွက် ပေါင်သန်း ၉၆၀ကျော် ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Live TV ပွဲစဉ် ၁ပွဲအတွက် ရုပ်သံပြသခွင့်ဟာ ပေါင် ၁၁သန်းလောက် အထိ ကုန်ကျတာပါ။ ဒီလို မြင့်မားတဲ့ စပွန်ဆာတွေကြောင့် တစ်ဖက် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ဝင်ငွေတွေကလည်း များစွာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

အမြင့်ဆုံး ရုပ်သံ စာချုပ်များ

ပရီးမီးယားလိဂ် တီဗီ ရုပ်သံ စာချုပ်ဟာ ဥရောပမှာ အမြင့်ဆုံး ဖြစ်ပေမယ့် အမေရိ ကန်က အားကစားနည်းတွေနဲ့ ယှဉ်ရင်တော့ နည်းပါးနေသေးပါတယ်။ အမေရိကန်မှာ လူကြိုက်အများဆုံး အားကစားနည်း ဖြစ်တဲ့ အမေရိကန် ဘောလုံးပြိုင်ပွဲ ( NFL )က ၂၀၁၄-၂၂ အထိ ၈နှစ်အတွက်ကို ပေါင် ၃၀ဘီလျံကျော်ရှိပြီး အားကစား လောကအတွင်း အမြင့်ဆုံး ရုပ်သံ စာချုပ်လည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က တစ်နှစ်ကို ပေါင် ၁.၇ ဘီလျံ ရှိပြီး NFL က တစ်နှစ်ကို ၃.၈ ဘီလျံကျော်ပါတယ်။ အမေရိကန်ရဲ့ အခြား နည်းကြီး အားကစားနည်းတွေဖြစ်တဲ့ NBA ဘတ်စကတ်ဘောက တစ်နှစ်ကို ၂ဘီလျံ ရှိပြီး MLB ဘော့စ်ဘောက တစ်နှစ်ကို ၁.၁၅ ဘီလျံရှိပါတယ်။

atl

AFP
စံချိန်တင် ပေါင် ၁၅၃သန်း အထိ ရခဲ့တဲ့ ၂၀၁၆-၁၇ ချန်ပီယံ ချယ်လ်ဆီး

ချန်ပီယံဟောင်းတွေ ဘယ်လောက်ရလဲ

ဒီဖက်နှစ်တွေမှာ ချန်ပီယံဖြစ်တဲ့ အသင်းတွေရဲ့ စုစုပေါင်း ဝင်ငွေ တွေကို လေ့လာ ကြည့်တော့ လက်စတာ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ ပေါင် ၉၃.၃သန်း ရခဲ့ပြီး အာဆင်နယ်၊ မန်စီးတီး၊ စပါး၊ မန်ချက်စတာယူနိုက်တက်တို့ထက် ဝင်ငွေ လျော့နည်းခဲ့ပါတယ်။ အဲ့ဒီနှစ်တုန်းက ဒုတိယရခဲ့တဲ့ အာဆင်နယ်ဟာ ရုပ်သံပွဲ ပိုများခဲ့လို့ ပေါင် ၁၀၁သန်းကျော်အထိ ဝင်ငွေရှိခဲ့ပါတယ်။

ရုပ်သံ စာချုပ်သစ်ရဲ့ ပထမဆုံး ရာသီမှာ ချန်ပီယံ ဖြစ်လာတဲ့ အသင်းရဲ့ ဝင်ငွေဟာ သိသိသာသာ တိုးတက်ခဲ့ပါတယ်။ ခံစစ်ဗျူဟာသစ်နဲ့ ပွဲပေါင်း ၃၀အထိ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အန်တိုနီယို ကွန်တေရဲ့ ချယ်လ်ဆီးကတော့ ပေါင် ၁၅၃သန်းကျော်အထိ ရခဲ့လို့ ပြီးခဲ့တဲ့ ချန်ပီယံ လက်စတာထက် ပေါင်သန်း ၆၀ ပိုများခဲ့ပါတယ်။ မနှစ်က ရမှတ် ၁၀ဝ ရခဲ့တဲ့ ပတ်ဂွါဒီယိုလာရဲ့ အသင်းကတော့ ပေါင် ၁၄၉.၄သန်း ရခဲ့ပါတယ်။

၂၀၁၈-၁၉ ရုပ်သံဝင်ငွေ

ဒီနှစ်မှာတော့ လီဗာပူးလ်က ရုပ်သံကနေ ထုတ်လွှင့်မှု တွေမှာ မန်စီးတီး အပါအဝင် ပြိုင်ဖက် အသင်းတွေ အားလုံးထက်ပိုခဲ့ပြီး ပွဲပေါင်း ၂၉ပွဲအထိ ပြသထားပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ၂၇ပွဲပြသထားပြီး မန်စီးတီးက ၂၆ပွဲသာ ပြသခွင့် ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် အသင်းတိုင်းဟာ ရုပ်သံ ထုတ်လွှင့်ခအတွက် အနည်းဆုံး ပေါင် ၁၂သန်း ရရှိမှာ ဖြစ်ပြီး ၁၀ပွဲနဲ့အထက် ပြသခွင့်ရတဲ့ အသင်းတွေကို အပိုဆုကြေးငွေ အနေနဲ့ ရုပ်သံပွဲ တစ်ပွဲအတွက်ကို ပေါင် ၁.၂သန်း ရရှိပါတယ်။ လီဗာပူးလ်ဟာ ရုပ်သံကနေ မန်စီးတီးထက် ဝင်ငွေ ပေါင် ၃.၄သန်းအထိ ပိုများသလို ဒုတိယနေရာနဲ့သာ ရာသီ သိမ်းခဲ့ရင်လည်း မန်စီးတီးထက် ပေါင် ၁.၄သန်းအထိ ဝင်ငွေ ပိုရဖွယ် ရှိနေပါတယ်။ တန်းဆင်းသွားရတဲ့ ဟတ်ဒါဖီးလ်တောင်း၊ ဖူလ်ဟမ်နဲ့ ကာဒစ်စီးတီးတို့ကတော့ စုစုပေါင်း ဝင်ငွေ အနည်းဆုံး ပေါင် ၉၄သန်းကနေ သန်း ၁၀ဝ အထိရရှိမှာ ဖြစ်ပါတယ်။

လိဂ်အဆင့်လိုက် ဆုကြေးများ

ဒီနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ် ရပ်တည်မှု အဆင့်အလိုက် ဆုကြေးငွေတွေကို ခွဲဝေပေးထားပြီး ချန်ပီယံ ဖြစ်မယ့် အသင်းက ပေါင် ၃၈.၄သန်း ဝင်ငွေ ရှိမှာ ဖြစ်ပါတယ်။ ဒုတိယရမယ့် အသင်းက ပေါင် ၃၆.၅သန်းရမှာဖြစ်ပြီး အဆင့် ၃က ပေါင် ၃၄.၆သန်း၊ အဆင့် ၄က ၃၂.၆သန်း ရရှိကြမှာပါ။ ချန်ပီယံလိဂ် ဝင်ခွင့်ကို လွဲချော်မယ့် အဆင့် ၅နဲ့ ၆က ပေါင် ၃၀.၇သန်းနဲ့ ပေါင်၂၈.၈သန်းသာ ရရှိမှာ ဖြစ်ပြီး တန်းဆင်းသွားတဲ့ ကာဒစ်က ပေါင် ၅.၈သန်း၊ ဖူလ်ဟမ်က ပေါင် ၃.၈သန်းနဲ့ ဟတ်ဒါဖီးလ်တောင်းက ပေါင် ၁.၉သန်း ရရှိကြမှာ ဖြစ်ပါတယ်။

လာမယ့် ရာသီမှာတော့ ပရီးမီးယားလိဂ်ဟာ ပြည်တွင်းနဲ့ ပြည်ပ ရုပ်သံပြသခွင့် အတွက် ၉ဘီလျံရှိမယ့် နောက်ထပ် ၃နှစ် သက်တမ်းတိုး စာချုပ်သစ်ကို ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။ အဲ့ဒီ စာချုပ်ကြောင့်ပဲ ပရီးမီးယားလိဂ် ကလပ်တွေဟာ ဒီထက် ပိုများတဲ့ ဝင်ငွေတွေကို တိုးမြှင့်ရရှိဦးမှာ ဖြစ်သလို ကစားသမား သစ်တွေကို ထပ်မံ ခေါ်ယူနိုင်ဖို့ အခွင့်အလမ်း ပိုများလာမှာ ဖြစ်လို့ ပြိုင်ပွဲကလည်း ပိုပြီး စိတ်ဝင်စားမှု များလာမှာ သေချာပါတယ်။

atl

AFP
မန်စီးတီးဟာ မနှစ်က ရမှတ် ၁၀၀ရပြီး ချန်ပီယံ ဖြစ်ခဲပေမယ့် ၀င်ငွေအရပ်ရပ်မှာ ဒုတိယ နေရာမှာသာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ဝင်ငွေ အများဆုံး ရတဲ့အသင်းများ

မန်ယူ ( ဒုတိယ)

ရုပ်သံပွဲ – ၂၈ပွဲ

တီဗီရုပ်သံဝင်ငွေ – ပေါင် ၃၂.၇သန်း

ဆုကြေးငွေ – ပေါင် ၃၆.၇သန်း

အညီအမျှ ရငွေ – ပေါင် ၈၀.၄သန်း

စုစုပေါင်း – ၁၄၉.၈သန်း

မန်စီးတီး ( ချန်ပီယံ )

ရုပ်သံပွဲ – ၂၆ပွဲ

တီဗီရုပ်သံဝင်ငွေ – ပေါင် ၃၀.၄သန်း

ဆုကြေးငွေ – ပေါင် ၃၈.၆သန်း

အညီအမျှ ရငွေ – ပေါင် ၈၀.၄သန်း

စုစုပေါင်း – ၁၄၉.၄သန်း

လီဗာပူးလ် ( အဆင့် ၄)

ရုပ်သံပွဲ – ၂၈ပွဲ

တီဗီရုပ်သံဝင်ငွေ – ပေါင် ၃၂.၇သန်း

ဆုကြေးငွေ – ပေါင် ၃၂.၈သန်း

အညီအမျှ ရငွေ – ပေါင် ၈၀.၄သန်း

စုစုပေါင်း – ၁၄၅.၉သန်း

စပါး ( အဆင့် ၃)

ရုပ်သံပွဲ – ၂၅ပွဲ

တီဗီရုပ်သံဝင်ငွေ – ပေါင် ၂၉.၃သန်း

ဆုကြေးငွေ – ပေါင် ၃၄.၈သန်း

အညီအမျှ ရငွေ – ပေါင် ၈၀.၄သန်း

စုစုပေါင်း – ၁၄၄.၄သန်း

အာဆင်နယ် ( အဆင့် ၆)

ရုပ်သံပွဲ – ၂၈ပွဲ

တီဗီရုပ်သံဝင်ငွေ – ပေါင် ၃၂.၇သန်း

ဆုကြေးငွေ – ပေါင် ၂၉.ဝသန်း

အညီအမျှ ရငွေ – ပေါင် ၈၀.၄သန်း

စုစုပေါင်း – ၁၄၂.ဝသန်း

ချယ်လ်ဆီး ( အဆင့် ၅)

ရုပ်သံပွဲ – ၂၅ပွဲ

တီဗီရုပ်သံဝင်ငွေ – ပေါင် ၃၀.၄သန်း

ဆုကြေးငွေ – ပေါင် ၃၀.၉သန်း

အညီအမျှ ရငွေ – ပေါင် ၈၀.၄သန်း

စုစုပေါင်း – ၁၄၁.၇သန်း

atl

AFP
ပရီးမီးယားလိဂ်ရဲ့ ၂၀၁၆ခုနှစ်ကနေ ၂၀၁၉ အထိ ၅ဘီလျံကျော် ရုပ်သံ စာချုပ်

၂၀၁၈-၁၉ လိဂ်အလိုက် ဆုကြေးငွေများ

၁) ပေါင် ၃၈.၄သန်း

၂) ပေါင် ၃၆.၅သန်း

၃) ပေါင် ၃၄.၆သန်း

၄) ပေါင် ၃၂.၆သန်း

၅) ပေါင် ၃၀.၇သန်း

၆) ပေါင် ၂၈.၈သန်း

၇) ပေါင် ၂၆. ၉သန်း

၈) ပေါင် ၂၅သန်း

၉) ပေါင် ၂၃.၁သန်း

၁၀) ပေါင် ၂၁.၁သန်း

၁၁) ပေါင် ၁၉.၂သန်း

၁၂) ပေါင် ၁၇.၃သန်း

၁၃) ပေါင် ၁၅.၄သန်း

၁၄) ပေါင် ၁၃.၄သန်း

၁၅) ပေါင် ၁၁.၅သန်း

၁၆) ပေါင် ၉.၆သန်း

၁၇) ပေါင် ၇.၇သန်း

၁၈) ပေါင် ၅.၈သန်း

၁၉) ပေါင် ၃.၈သန်း

၂၀) ပေါင် ၁.၉သန်း

บทความก่อนหน้านี้วัดแทบแตก! ‘นาค’โปรยทาน 5 แสน ชาวบ้านนับหมื่นหลั่งไหลแห่ร่วมงานบวช(คลิป)
บทความถัดไปမြန်မာလေကြောင်းပိုင် လေယာဉ် မန္တလေးမှာ အရေးပေါ် ဆင်းသက်ခဲ့ရ