လားရှိုး လဝကက မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိအပါအဝင် ဝန်ထမ်း၇ ဦးကို အဂတိမှုနဲ့ အရေးယူ

လားရှိုးမြို့ လူစည်ကားရာ နေရာ

Getty Images
လားရှိုးမြို့ လူစည်ကားရာ နေရာ

မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း လုပ်တဲ့အခါမှာ ငွေတောင်းတယ်ဆိုပြီး လားရှိုး လဝကက မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိအပါအဝင် ဝန်ထမ်း ၇ ဦးကို အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်တာ၊ အိမ်ထောင်စုဇယားပြုလုပ်တာနဲ့ မွေး/တိုး စာရင်းပြုလုပ်တာတွေမှာ အဲဒီ ဝန်ထမ်းတွေက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူလိုက်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီဝန်ထမ်းတွေ ယူခဲ့တယ်လို့ ဆိုတဲ့ငွေဟာ ငွေကျပ် ၅ သိန်းကနေ ၂၁ သိန်း အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ လဝက ဝန်ထမ်းတွေ ငွေတောင်းယူရာမှာ ပူးပေါင်းကူညီခဲ့တယ်ဆိုတဲ့ အကျိုးဆောင် ဒေါ်မာရှောက်ဆန်း ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတယ်လို့ ကော်မရှင်က ကြေညာပါတယ်။

အခုအရေးယူထားတဲ့ ဝန်ထမ်းတွေနဲ့ အကျိုးဆောင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ ပုဒ်မ ၅၆/၆၃ တို့နဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မရဲစခန်းမှာ ဇွန်လ ၁၂ ရက်မှာ တိုင်ကြားချက်ဖွင့်ပြီး တရားစွဲဆို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ ၆၃ တို့ဟာ ပြစ်မှုထင်ရှားတယ်လို့ စီရင်ခံရရင် ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။

အခု ကြေညာချက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း အပါအဝင် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူလိုက်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို အရေးယူမှုကို မကြေညာခင်ကလည်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မွတ်ဆလင် ဒုက္ခသည် ၁၀၀ ကျော် ပါလာတဲ့ စက်လှေ တစ်စီး ဖမ်းဆီးရမိမှုက ဒုက္ခသည်တွေ ထွက်ပြေးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လဝက အရာရှိနဲ့ ဝန်ထမ်း ၃၂ ယောက်ကို အရေးယူလိုက်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က မေလ ၃၁ ရက်က နေပြည်တော်မှာ လုပ်တဲ့ အစိုးရရဲ့ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီ ထွက်ပြေးလာသူတွေဟာ စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေ အများစုဖြစ်ပြီး အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ တာဝန်ကျတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဝန်ထမ်းတွေကို အရေးယူခဲ့တာ ဖြစ်ပါတယ်။

บทความก่อนหน้านี้ในวาระ ครบ 21 ปี กกต.ได้รับศีล รับพร : ข่าวข้นคนเข้ม
บทความถัดไปบ.ก.ตอบจดหมาย : รับกระแสกัญชามาแรง