တရုတ်က မြန်မာဆန် ဒေါ်လာသန်း၅၀၀ဖိုး ဝယ်မယ်

မြန်မာ ဆန်တန် တစ်သောင်းစပို့ ဖို့ သဘောတူထားပြီးတင်ပို့ဖို့ဆောင်ရွက်နေပြီ လို့လည်းပြောပါတယ်။

Getty Images
မြန်မာ ဆန်တန် တစ်သောင်းစပို့ ဖို့ သဘောတူထားပြီးတင်ပို့ဖို့ဆောင်ရွက်နေပြီ လို့လည်းပြောပါတယ်။

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကဆန်နဲ့ လယ်ယာထွက် ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးဝယ်ဖို့ ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကိုပြောပါတယ်။

အခုဝယ်မဲ့အစီစဉ်ဟာ မြန်မာနဲ့ တရုတ်နိုင်ငံကြား ဘာတာစနစ်နဲ့ နယ်စပ်က အပြန်အလှန် ကုန်သွယ်မယ့် အစီစဉ် ဖြစ်ပြီးတော့ မြန်မာ ဆန်တန် တစ်သောင်း စပို့ဖို့ သဘောတူထားပြီး တင်ပို့ဖို့ဆောင်ရွက်နေပြီ လို့လည်း သူကရှင်းပြပါတယ် ။

“မြန်မာဘက်ကတော့ ဆန်က အဓိကပေါ့ သူတို့ဘက်ကလည်း ကုန်ပစ္စည်းပြန်တင်သွင်းမယ်။ အဲဒီသဘောပါပဲ ” လို့ဦးခင်မောင်လွင်က ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံ ကူမင်းပြည်နယ်နဲ့ မြန်မာအစိုးရတို့အကြား အကောင်အထည်ဖော်ခဲ့တဲ့ ကုန်ပေးကုန်ယူစနစ် (ဘာတာ)က မူဆယ်က ဆန်ကုန်သည်တွေအတွက် အလုပ်မဖြစ်ဘူးလို့ ကုန်စည်ဒိုင်နဲ့ ကုန်သည်တွေက ဘီဘီစီကိုပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဆန်နဲ့လဲလှယ်ဖို့ စွေ့ချိုင် ကုမ္ပဏီနဲ့ ဆွေးနွေးထားတယ်

Getty Images
တရုတ်နိုင်ငံဘက်ကတော့ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဆန်နဲ့လဲလှယ်ဖို့ စွေ့ချိုက် ကုမ္ပဏီနဲ့ ဆွေးနွေးထားတယ်

ဘယ်လိုပုံစံနဲ့ပိုမှာလဲ

တရုတ်က နယ်စပ်က ဝယ်မဲ့ဆန်ကတော့ မြန်မာနိုင်ငံဘက်က ဧည့်မထ ၂၅ မှတ်ဆန် ဖြစ်ပြီးတော့ ပိုးမွှားကင်းစင်ဖို့ မြန်မာဘက်က တာဝန်ယူထားရပါတယ် ။

အဲဒီကုန်ပေးကုန်ယူစနစ် (ဘာတာ)ကို မြန်မာအစိုးရနဲ့ ကူမင်းပြည်နယ်အစိုးရအကြား ဧပြီလ နောက်ဆုံး အပတ် မှာချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘာတာစနစ်အရ ကုန်ပေးကုန်ယူလဲလှယ်ဖို့ ယူနန်ပြည်နယ်၊ ကူမင်း အစိုးရက အသိမှတ်ပြုခဲ့တဲ့ စွေချိုက်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံဘက်က ကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့က တာဝန်ယူ လုပ်ဆောင်တာဖြစ်ပါတယ်။

ကုန်သည်တွေဘက်ကတော့ ဘာတာစနစ်နဲ့ ဆန်တွေကိုရောင်းချရမှာက ကုန်သည်တွေအတွက် အဆင်မပြေလို့ တစ်လကျော်ကြာတဲ့ အထိ ဘာတာစနစ်နဲ့ ကုန်ပေးကုန်ယူလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

ဘာတာစနစ်နဲ့ ကုန်ပေးကုန်ယူလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

BBC
ဘာတာစနစ်နဲ့ ကုန်ပေးကုန်ယူလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကကောတင်ပို့နိုင်မှာလား

“စီးပွားကူးသန်းဘက်က အစိုးရချင်း သဘောတူထားတာကို ပြောတာပါ။ အသေးစိတ်ကတော့ သက်ဆိုင်ရာကုန်သည်တွေက ဆောင်ရွက်ရမှာပါ။ မြန်မာဘက်ကတော့ ကုန်သည်စက်မှုအသင်းအောက်က ကော်မတီနဲ့ တရုတ်ဘက်က ကုမ္ပဏီတို့ ဆောင်ရွှက်ဖို့ရှိပါတယ် ” လို့ ဦးခင်မောင်လွင်ကပြောပါတယ်။

“တရုတ်ဘက်ကမှာတဲ့ ဆန်တွေက လုံးပုဆန်တွေ။ မိုးတွင်းမှာ အများကြီးမပို့နိုင်ဘူး။ ပြည်တွင်းမှာ မနောသုခတို့ ဆင်းသုခ တို့နဲ့ဆင်တယ်။ ဈေးကလည်း နည်းနည်းမြင့်နေတော့ သူတို့ မှာသလောက်တော့ ပို့နိုင်မယ် မထင်ဘူး”လို့ လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်ကပြောပါတယ် ။

မူဆယ်ကုန်သွယ်ရေးစခန်းက ကုန်သည်တွေရဲ့ အဆိုအရ ဧပြီလတုန်းက မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှာ မြန်မာ့ ဆန်တန်ချိန်ရှစ်သောင်းအထိ သောင်တင်နေတယ်လို့ ဆိုပါတယ်။

နယ်စပ်က တင်ပို့မယ့်ဆန်ကို မြန်မာကုန်သည်တွေဘက်ကတော့ ဘာတာစနစ် အစားငွေလက်ငင်း ရှင်းဝယ်တာကိုပဲ သဘောကျပါတယ် ။

“ကူမင်းမှာ အခုရက်ပိုင်းကုန်စည် ပြပွဲလုပ်နေတော့ အရောင်းဝယ်စာချုပ်တွေ ဆက်ဖြစ်လာနိုင်ပါတယ်။ ဆန်ပြီးရင် ဆန်ကွဲဖြစ်မလား ၊တရုတ်ဘက် က ဘာတွေ ပြန်ဝယ် မလဲ၊ ဒါတွေက ကူမင်းအစိုးရနဲ့ ကုန်သွယ်ရေး ဦးစီးဌာနတို့ကြား ဆက်လက် ဆောင်ရွက်ရမယ့် အပိုင်းတွေ ဖြစ်သွားပြီ “လို့လည်း ဦးခင်မောင်လွင်ကပြောပါတယ်။

တရုတ်နိုင်ငံကို ၂၀၁၉ ခုနှစ်အတွင်း G to G (အစိုးရချင်းချိတ် ဆက်တဲ့) စနစ်နဲ့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန်တန်ချိန်တစ်သိန်း တရားဝင် တင် ပို့ဖို့ဘောတူထားတာလည်းရှိပါတယ်

Getty Images
တရုတ်နိုင်ငံကို ၂၀၁၉ ခုနှစ်အတွင်း G to G (အစိုးရချင်းချိတ် ဆက်တဲ့) စနစ်နဲ့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန်တန်ချိန်တစ်သိန်း တရားဝင် တင် ပို့ဖို့ဘောတူထားတာလည်းရှိပါတယ်

ပင်လယ်ရေကြောင်း ကနေ တရုတ်ကို ဆန်တန်တစ်သိန်း

ဒါ့အပြင် တရုတ်နိုင်ငံကို၂၀၁၉ ခုနှစ်အတွင်း G to G (အစိုးရချင်းချိတ် ဆက်တဲ့) စနစ်နဲ့ ပင်လယ်ရေကြောင်း ကတစ်ဆင့် ဆန်တန်ချိန်တစ်သိန်း တရားဝင် တင်ပို့ဖို့ သဘောတူထားတာလည်း ရှိပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်သွားတုန်းကရထားတဲ့ G to G တန်တစ်သိန်းကလဲ အစိုးရချင်း သဘောတူထားတာဖြစ်လို့ ဝန်ကြီးဌာန ဘက်က အရည်အသွေးတို့ အလေးချိန်တို့ကို ကြီးကြပ်ဆောင်ရွက်ဖို့ရှိတယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

ဒါပေမဲ့ အရင်တစ်ခေါက် တရုတ်နိုင်ငံကို ဆန်တန်ချိန် တစ်သိန်းပို့တုန်း ကတော့၂ နှစ်လောက် တင်ပို့ခဲ့ရတာ ရှိပါတယ်။

တရုတ်ကဆန်ပုံမှန်ဝယ်လာ နိုင်မလား

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က တရုတ်နိုင်ငံကို ဆန်တန်ချိန် ၃ ဒသမ ၆ သန်းခန့် စံချိန်တင် တင်ပို့နိုင်ခဲ့ပါတယ်။ အခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ တန်ချိန် နှစ်သန်းကျော်သာ တင်ပို့ထားပြီး တရုတ် ဆန်မဝယ်တော့လို့ မနှစ်က တင်ပို့မှုထက် တန်ချိန်တစ်သန်းကျော် လျော့ခဲ့ပါတယ်။

ကုန်သည်စက်မှုလုပ်ငန်းရှင်အသင်းချုပ်ကတော့ အခုစနစ်ကို စတင် အကောင်ထည်ဖော်ဖော်ချင်း အချိန်မှာ ကုန်သည်တွေက ပို့ချင်ကြတဲ့ ကုန်ပစ္စည်းအကုန်လုံးကို ကုန်သွယ်လဲလှယ်ပေးနိုင်ဦးမှာ မဟုတ်ဘဲ ရှေ့လျှောက် စနစ်ပိုမိုအသက်ဝင်လာတဲ့ အချိန်ကစပြီး၊ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ် ကုန်သွယ်ရေးစခန်းတွေမှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေအားလုံး ပါဝင်လာနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းက ဦးရဲမင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်က တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က “အခု ပဲ၊ နှမ်းတွေကို တရုတ်ဘက်ကမဝယ်လို့ ကုန်သွယ်မှုကျတာတွေရှိတယ်။ ဒီစနစ်ကြောင့် ပြန်အဆင်ပြေမလား၊ ဒီစနစ်အောင်မြင်မမြင်က လုပ်ကြည့်မှသိမယ်။” လို့ ဆိုပါတယ်

บทความก่อนหน้านี้อาลัยนักธุรกิจดัง มานพ อัมพุช : ข่าวทะลุคน 
บทความถัดไปบทเรียนการเมือง ของ สมศักดิ์ พลังประชารัฐ กับ เสนาะ เทียนทอง : วิเคราะห์การเมือง