ဝရမ်းပြေး ဖြစ်နေသူကို “ဆရာတော်”မခေါ်ထိုက် – သာသနာရေးဝန်ကြီးဌာန

ဒီထုတ်ပြန်ချက် ဟာဘယ်သူ့ကိုရည်ရွယ်တာ လဲ ဆိုတာနဲ့ ပက်သက်လို့ ဆက်သွယ်မေးမြန်း ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

BBC
ဒီထုတ်ပြန်ချက် ဟာဘယ်သူ့ကိုရည်ရွယ်တာ လဲ ဆိုတာနဲ့ ပက်သက်လို့ ဆက်သွယ်မေးမြန်း ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်တဲ့သူ၊ အာဏာစက်နဲ့ အရေးယူခံရသူ၊ ဥပဒေကျူးလွန်ဝရမ်းပြေး ဖြစ်နေသူကို “ဆရာတော်”ဟု မခေါ်ထိုက်ကြောင်း သာသနာရေးဝန်ကြီးဌာန က ဇွန်လ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြချက် ဆိုပြီးထုတ်ပြန် ပေမဲ့ ဘယ်သူကိုရည် ရည်ညွှန်းဆိုတာမျိုး ဖော်ပြမထားပါဘူး။

ဒီထုတ်ပြန်ချက်ဟာ အခုရက်ပိုင်းအစိုးရ ဘက်ကိုဝေဖန်တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဦးဝီရသူ ရည်ညွှန်းတဲ့သဘောနဲ့ထုတ်ပြန်တာလို့လည်း ပြည်တွင်းသတင်းမီဒီယာအချိုကဖော်ပြပါတယ်။

သာသနာရေးဝန်ကြီးဌာနဘက်ကပြောဆိုခွင့်ရှိသူတွေကို ဒီထုတ်ပြန်ချက် ဟာဘယ်သူ့ကိုရည်ရွယ်တာ လဲ ဆိုတာနဲ့ ပက်သက်လို့ ဆက်သွယ်မေးမြန်း ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး ။

ဗုဒ္ဓဘာသာရဟန်းတော်တွေစောင့်ထိန်းရတဲ့ သီလသိက္ခာပုဒ်တွေကို မစောင့်ထိန်းတဲ့ သီလကင်းမဲ့တဲ့ဘုန်းကြီးများနဲ့ ရာဇဝတ်မှုကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူတွေ အာဏာစက်နဲ့ အရေးယူခံရ သူတွေ ကို ဆရာတော်လို့ မခေါ်ထိုက်သလို ရဟန်း လို့လည်း မသတ်မှတ်ထိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

သာသနာ့တာဝန် ထမ်းဆောင်နေကြတဲ့ သံဃာတော်တွေကို ကြည်ညိုမှု၊ ရိုသေမှုသဘောတို့နဲ့ ဆရာတော်ဟု သုံးနှုန်းထိုက်ပေမဲ့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနဲ့ မသက်ဆိုင်တဲ့ ရေးရာတွေမှာ ရှုပ်ထွေးအောင်လုပ်ဆောင်နေသူတွေကို ဆရာတော်လို့ ခေါ်ဆိုတာဟာ သာသနာတော်ကို ညိုးနွမ်းစေနိုင်တယ်လို့လည်း ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ။

ဦးဝီရသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်း က ရုရှား လူမှု ကွန်ယက် VK ကနေတဆင့် အစိုးရ နဲ့ သာသနာရေးဝန်ကြီးဌာန ကိုပုတ်ခတ် ပြောဆိုမှုတွေ လုပ်ခဲ့တာ ရှိပါတယ်။

သူ့ကို အနောက်ပိုင်းခရိုင်တရားရုံးက လာမယ့် ဇွန်လ ၁၈ ရက်နေ့ မျက်ကွယ်မှာတရားလိုတွေစစ်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့ က ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ နဲ့ ပက်သက်လို့ အများပြည်သူသို့ ရှင်းလင်းတင်ပြခြင်းဆိုပြီး သာသနာရေးဖက်က ထုတ်ပြန်ခဲ့တာရှိပါတယ်။

အဲဒီနောက် ပိုင်းဦးဝီရသူ ပက်သက်လို့ တိုက်ရိုက်ဖော်ပြ ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဖူး။

บทความก่อนหน้านี้สาวเห็นหุ่นไล่กา สวยมาก คิดว่าสามีทำกะตบรางวัลให้ เดินดูใกล้ๆกรี๊ดลั่น วิ่งไม่คิดชีวิต
บทความถัดไปสู้ไม่ไหว ชกกับอดีตนักมวย ชักปืน ยิงเพื่อนดับ คาโรงงาน โมโหเรื่องมะละกอ