ဦးဝီရသူအမှု မျက်ကွယ်မှာစစ်

ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးလို့ မသတ်မှတ်ဘူးလို့ ဦးဝီရသူ ပြောထား

Reuters
ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးလို့ မသတ်မှတ်ဘူးလို့ ဦးဝီရသူ ပြောထား

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို အကြည်ညို ပျက်အောင် လှုံ့ဆော် ဟောပြောတယ်ဆိုပြီး ပုဒ်မ ၁၂၄(က) နဲ့ အမှုဖွင့်ခံထားရတဲ့ ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးက မျက်ကွယ်စစ်ဆေးမှုကို ဇွန်လ ၁၈ရက်မှာ စတင် ကြားနာခဲ့ပါတယ်။

ဦးဝီရသူကို တရားစွဲဖို့ နိုင်ငံတော်သမ္မတရုံးက မေလ ၂၅ရက်နေ့မှာ အခွင့်အာဏာအပ်နှင်းတဲ့ အမိန့်စာကို လက်ခံရရှိလို့ အခုလို တရားစွဲတာဖြစ်တယ်လို့ တရားလို အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်း က တရားခွင်မှာ ထွက်ပါတယ်။

နှစ်နာရီလောက်ကြာတဲ့ တရားခွင်မှာ စွပ်စွဲခံထားရတဲ့သူဘက်က တစ်ယောက်မှ မတွေ့ရပါဘူး။

တရားရုံးအတွင်းနဲ့ တရားရုံးပြင်ပ ပတ်ဝန်းကျင်မှာလည်း မျက်ကွယ်စစ်ဆေးတာကို ကန့်ကွက်ကြမယ့် ဦးဝီရသူကို ထောက်ခံတဲ့သူတွေလည်း တစ်ဦးတစ်ယောက်မှ လာရောက်ဝန်းရံတာကို မတွေ့ရပါဘူး။

တရားခွင်မှာ တရားလိုဘက် က တရားလိုပြသက်သေ ၉ဦး တင်သွင်းပြီး ဦးဝီရသူ ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဟောပြောခဲ့တဲ့ အသံပါတဲ့ စီဒီခွေ၊ စာသားတွေကို တရားရုံးကို တင်သွင်းခဲ့ပါတယ်။

တရားသူကြီးကလည်း တင်သွင်းတဲ့ သက်သေတွေကိုလက်ခံခဲ့ပါတယ်။

တရားရုံးက ဦးဝီရသူကို ဖမ်းဆီးနိုင်ရေး မေလ၂၈ရက်မှာ တစ်ခါ ဇွန်လ ၄ရက်မှာ တစ်ခါ နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးမိန့် ဝရမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဖမ်းမမိလို့ တရားရုံးက ဝရမ်းနှစ်ခုလုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၁၂ (အထွေထွေမှု) ဖွင့်လှစ်ကာ မျက်ကွယ် စစ်ဆေးမှု ကို ဒီကနေ့ စတင်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် တရားလိုဘက်က တင်ပြလာတဲ့ သက်သေတွေကို စစ်ဆေးမှုတွေပြီးတဲ့တိုင်အောင် ဦးဝီရသူကို ဖမ်းဆီးရရှိ မှုမရှိဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးသဘောအရ တရားခံကို မျက်ကွယ်အမိန့်ချမှာ မဟုတ်ဘူးလို့ အနောက်ပိုင်းခရိုင် တရားရုံးပြောရေးဆိုခွင့် ရှိသူ ဦးကြည်မင်းစိုးကပြောပါတယ်

ဇူလိုင်လ ၂၅ရက် ကျရင်တော့ တရားလိုဘက်က တင်ပြထားတဲ့ သက်သေ ၉ယောက်ထဲက ၃ ယောက်ကို စတင်ကြားနာစစ်ဆေးဖို့ ရှိနေပါတယ်။

บทความก่อนหน้านี้ဦးဝီရသူအမှု မျက်ကွယ်မှာ စစစ်
บทความถัดไปชาวบ้านโดนอีก ศาลสั่งคุก คดีรุกป่า 4 ปี ปรับอีกเป็นล้าน สังเวยนโยบายทวงคืนป่า