အိန္ဒိယ မျက်လှည့်ဆရာ မြစ်ထဲဆင်း မျက်လှည့်ပြရင်း ပျောက်ဆုံး

Chanchal Lahiri

Ei Samay
အနှစ် ၂၀ ကျော်ကလည်း မြစ်ထဲဆင်း ပြခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်မှာ ပြန်ပေါ်မလာနိုင်သေး

ရေထဲကို ခြေလက်တွေ သံကြိုးခတ်ချခိုင်းပြီး ပြန်လွတ်မြောက်တဲ့ ပြကွက်ကို ပြသဖို့ လုပ်ရင်း အိန္ဒိယ မျက်လှည့်သမားတစ်ယောက် မြစ်ထဲမှာ ပျောက်ဆုံးနေပါတယ်။

အမေရိကန် စတန့်သမား ဟယ်ရီ ဟူဒီနီရဲ့ နာမည်ကျော် ပြကွက်ကို ပြန်အသက်သွင်း ပြသဖို့ ကြိုးစားရင်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ချန်ချယ် လက်ဟီရီဆိုသူ မျက်လှည့်သမားဟာ အနောက် ဘန်ဂေါ ပြည်နယ်ထဲက ဟူဂလီ မြစ်ထဲမှာ ရေကူးပြီး ပြန်ပေါ်လာဖို့ စီစဉ်ထားခဲ့ပေမယ့် ရေပေါ်ကို ပြန်ပေါ်မလာတော့တာ ဖြစ်ပါတယ်။

မျက်လှည့်ကြည့်နေတဲ့ ပရိသတ်တွေက သူ့ကို ဇွန်လ ၁၆ ရက်မှာ မြစ်ထဲဆင်းရှာခဲ့ကြတယ်လို့ ရဲကို သတင်းပေးထားပါတယ်။

Mandrake လို့လည်း ခေါ်တဲ့ အဲဒီ မျက်လှည့်ဆရာဟာ သင်္ဘောတစ်စင်းပေါ်ကနေ ရေထဲကို ချခိုင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောနှစ်စင်းပေါ်က ပရိသတ်တွေ ကြည့်နေတုန်းမှာ သူ့ကို သံကြိုးတွေနဲ့တုပ်၊ သော့ခြောက်လုံးခတ်ခဲ့ပါတယ်။ လူတော်တော်များများက ကမ်းခြေကနေ လာကြည့်ခဲ့ကြပြီး တချို့က ကိုလ်ကတ္တားက ထင်ရှားတဲ့ ဟိုဝါတံတားပေါ်ကနေ ကြည့်ခဲ့ကြပါတယ်။

ရဲတွေနဲ့ ရေငုပ်သမားအဖွဲ့အဲဒီနေရာတစ်ဝိုက်ကို ရှာနေကြပေမယ့် အခုထိတော့ မတွေ့သေးပါဘူး။

သူ့အလောင်းကို မတွေ့မချင်း သူသေပြီလို့ မကြေညာသေဘူးလို့ ရဲက ပြောပါတယ်။

သူက မျက်လှည့်မပြခင် “ကျွန်တော် ကောင်းကောင်းလုပ်နိုင်ရင် အဲဒါ မျက်လှည့်ပေါ့။ မှားရင်တော့ သေပြီပဲ” လို့ ပြောသွားခဲ့ပါတယ်။

သူက မျက်လှည့်ပညာကို လူတွေ ပြန်စိတ်ဝင်စားအောင် အခု ပြကွက်ကို လုပ်ချင်ခဲ့တာလို့ ဆိုပါတယ်။

တကယ်တော့ အခုလို ရေအောက် မျက်လှည့်ပြကွက်လုပ်တာ ဒီမျက်လှည့်ဆရာအတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။

သူဟာ ဒီမြစ်ထဲမှာပဲ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်က ဖန်ဘူးကြီးထဲ ဝင်လိုက် ဆင်းသွားပြီး ပြန်လွတ်မြောက်လာတဲ့ ပြကွက်ကို ပြခဲ့ပါတယ်။

မျက်လှည့်ဆရာရဲ့ ပထမ ပြကွက်ကို ကြည့်ခဲ့ဖူးသူ တစ်ယောက်က “သူဒီတစ်ခေါက် ပြန်လွတ်မလာဘူးလို့ လုံးဝထင်မထားမိဘူး” လို့ ပြောပါတယ်။

บทความก่อนหน้านี้รุ่นพี่โหด! จีบสาวม.4 ไม่ติด ถือปืนคุมเชิงให้พวกรุมกระทืบแทงหนุ่มม.6 มารหัวใจ
บทความถัดไปไฟแค้นหึงหวง ราดน้ำมันเผาบ้าน ย่างสดเมียดับ หนุ่มฆ่าตัวไม่สำเร็จ นอนไอซียู