Khaosod
Online

วันจันทร์ ที่ 24 ก.พ. 2563

မလေးရှားကို ခိုးဝင်မယ့် မြန်မာတွေထိုင်းနယ်စပ်မှာ အဖမ်းခံရ

17 ก.ค. 2562 - 19:14 น.

မလေးရှားနိုင်ငံ နယ်စပ်ဘက်အခြမ်း ဆုန်ခလာခရိုင်က ရာဘာခြံတစ်ခုထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား အယောက် ၆၀ ကို ထိုင်းအာဏာပိုင်တွေက တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ပါတယ်။

မြန်မာအလုပ်သမား ၆၀ ခန့်ပါတဲ့ အဲဒီလူ အုပ်ဟာ မလေးရှားကို ခိုးဝင်ဖို့ ရာဘာခြံထဲ ပုန်းအောင်းနေတာ ဖြစ်ပြီး သတင်းအရ သွားဖမ်းခဲ့တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်၊ ခွမ်မိဒ်ရဲစခန်းက ဆိုပါတယ်။

အခုတလော မလေးရှားဘက်ကို ခိုးဝင်မယ့် မြန်မာနိုင်ငံသားတွေကို မကြာခဏ ဖမ်းမိနေတာနဲ့ ပတ်သက်ပြီး ခွမ်မိဒ်ရဲစခန်းမှူး ရဲဗိုလ်မှူးကြီး ကိုဆွန်ပရုဗ်ကရီက " ထိုင်းနဲ့ မလေးရှားနယ်စပ် မြေပြင်ချင်း ဆက်နေတာ အရှည်ကြီး ဖြစ်တယ်။ အဲဒီတော့ ဒီကိုလာပြီး ဟိုဘက်ခိုးဝင်ကြတယ်။ ဒီတလော မလေးရှားဘက်အခြမ်းမှာ ပိုက်စိပ်တိုက် လိုက်ဖမ်းနေတော့ ဒီဘက်မှာ ပုန်းနေကြတယ်။ အဲတော့ ဒီဘက်မှာလည်း ကင်းလှည့်စုံစမ်းနေတော့မိတယ်။ အခုလာတဲ့လူတွေက ဆင်ခေါင်းလမ်းကနေ ကယ်ရီနဲ့လာတယ်လို့ ပြောတယ်။ " လို့ဆိုပါတယ်။

အခုဖမ်းခံရသူတွေဟာ လူကုန်ကူးခံရသူတွေ ဟုတ်မဟုတ် စစ်ဆေးနေတုန်းဖြစ်ပါတယ်။ ခိုးဝင်သူတွေကိုတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနဲ့ မလေးရှားနယ်စပ်မှာ မြန်မာနိုင်ငံသားတွေကို မကြာခဏ ဖမ်းဆီးရမိနေလို့ ထိုင်းအလယ်ပိုင်း အနောက်ပိုင်း ခရိုင်တွေဘက်က ဝင်ပေါက်တွေမှာ အသေအချာ စစ်ဆေးပေးဖို့ဆိုပြီး အထက်အဆင့်တွေမှာ ဆွေးနွေးနေကြပြီဖြစ်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ခိုးဝင်သူတွေဟာ နယ်စပ်က တောထဲမှာ မိုးရွာသွန်းမှုတွေကြောင့် ဒုက္ခတွေရောက်တာကြောင့် မလေးရှားသွားချင်ရင် တရားဝင် လမ်းကြောင်းနဲ့ သွားသင့်တယ်လို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ မလေးရှားကို ခိုးဝင်မယ့် မြန်မာတွေထိုင်းနယ်စပ်မှာ အဖမ်းခံရ
ข่าวที่เกี่ยวข้อง