Khaosod
Online

วันจันทร์ ที่ 24 ก.พ. 2563

အင်စတာဂရမ်နာမည်ကျော် ရုရှားက အီကာတရီးနားကာရာဂလာနိုဗာကို သတ်တဲ့သူ ဝန်ခံ

1 ส.ค. 2562 - 19:12 น.

လူမှုကွန်ရက် အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ ရုရှားက အီကာတရီးနား ကာရာ ဂလာနိုဗာကို သတ်တယ်လို့ သံသယနဲ့ စစ်မေးခံနေရ တဲ့သူက ကာရာဂလာနိုဗာကို သတ်လိုက်တယ်လို့ ဝန်ခံတဲ့အကြောင်း ရုရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၄ နှစ် ကာရာဂလာနိုဗာရဲ့ လည်ပင်းနဲ့ ရင်ဘတ်ကို ၅ ချက်တိတိ ဓားနဲ့ ထိုးသွင်းခဲ့တယ်လို့ သူ့ကို သတ်တယ်လို့ သံသယရှိခံရတဲ့ မတ်စ်ဇင် ဂါရေးရက်ဗ်က ဝန်ခံတဲ့ ဗီဒီယိုကို ရုရှားတာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။

အသက် ၃၃ နှစ် မစ္စတာ ဂါရေးရက်ဗ်က မစ္စကာရာဂလာနိုဗာရဲ့ ရည်းစားဟောင်း ဖြစ်ပြီး သူ့ကို အရှက်ရအောင် ထပ်ခါတလဲလဲ စော်ကား ပြောဆိုခဲ့လို့ မခံမရပ်နိုင် ဖြစ်လို့ သတ်တယ်လို့ ဒီဗီဒီယိုထဲမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

သံသယရှိခံရတဲ့သူအတွက် ရှေ့နေရှိမရှိနဲ့ ဘာကြောင့် ဝန်ခံရသလဲဆိုတဲ့ အကြောင်းကို ဗီဒီယို ဖိုင်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားဘူး ဆိုပြီး ဝေဖန်မှုတွေ ရှိနေ ပါတယ်။

မနာလိုဖြစ်ပြီးသူ့ကို သတ်ခဲ့တယ်လို့ ယူဆတဲ့အကြောင်း အစောပိုင်းက ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မစ္စကာရာဂလာနိုဗာ လူရှေ့ကနေ မပျောက်ဆုံးမီ ရည်းစားဟောင်းက သူ့ တိုက်ခန်းကို ခဏလာရောက်လည်ပတ်သွားတဲ့ စီစီတီဗီ ရုပ်သံ မှတ်တမ်းကို ရရှိထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ထုတ်ပြန်ထားပါတယ်။

ကာရာဂလာနိုဗာဟာ မကြာခင်ကမှ ရည်းစားသစ်တယောက် ရခဲ့ပြီး ဇူလိုင် ၃ဝ ရက်ကျရောက်တဲ့ သူ့မွေးနေ့ကို နယ်သာလန်မှာ ဆင်နွှဲဖို့ ပြင်ဆင်ခဲ့တယ်လို့ ရုရှား သတင်းစာတစောင်မှာ ဖော်ပြပါတယ်။

အင်စတာဂရမ်ဝက်ဆိုက်မှာ ပုံတွေ ဗီဒီယိုတွေတင်တဲ့ ရုရှားက နာမည်ကြီး ကာရာဂလာနိုဗာရဲ့ အလောင်းကို သူငှားထားတဲ့ မော်စကို တိုက်ခန်းထဲမှာ ရှိတဲ့ ခရီးဆောင်သေတ္တာထဲမှာထည့်ထားခဲ့တာကို သူ့ရဲ့ မိဘတွေနဲ့ တိုက်ခန်း ပိုင်ရှင်တွေက ဇူလိုင် ၂၆ ရက်မှာ တွေ့ရှိ ခဲ့တာလို့ ရဲက ထုတ်ပြန်ပါတယ်။

မစ္စကာရာဂလာနိုဗာနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရတာကြောင့် စိတ်ပူနေတဲ့ မိဘတွေက သူ့ရဲ့ အခန်းပိုင်ရှင်နဲ့ အတူ အခန်းထဲ ဝင်ကြည့် ခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့အလောင်းမှာ ဓားဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့လည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မစ္စကာရာဂလာနိုဗာဟာ အင်စတာဂရမ်မှာ ထောက်ခံအားပေးတဲ့သူ ၈၅ဝဝဝ ကျော် ရှိပြီး ဆေးကျောင်းပြီးစ ဆရာဝန်တယောက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ ပုံမှန် တင်လေ့ရှိပါတယ်။ သူတင်တဲ့ ပိုစ့်တွေထဲမှာ ဥရောပတဝန်း သူခရီးထွက်ခဲ့တဲ့ နိုင်ငံစုံက မြင်ကွင်းတွေကိုလည်း တွေ့ရပါတယ်။

သူ့မျက်နှာက ခေတ်ဟောင်း မင်းသမီးကြီး အော်ဒရေဟပ်ဘန်းနဲ့ တူတယ်ဆိုပြီး သူ့ပရိသတ်တွေက သဘောကျနှစ်သက်ကြတာ ဖြစ်ပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ အင်စတာဂရမ်နာမည်ကျော် ရုရှားက အီကာတရီးနားကာရာဂလာနိုဗာကို သတ်တဲ့သူ ဝန်ခံ
ข่าวที่เกี่ยวข้อง