မွန် ကရင် နဲ့တနင်္သာရီက မြို့တွေမှာရုက်တရက်ရေတွေတက်လာတာ ဘာကြောင့်လဲ

Getty Images ရေးမြို့မှာ နှစ်ပေါင်း၃၀ အတွင်းအဆိုးဆုံး ရေဘေးဒဏ်ကို ရင်ဆိုင်နေရ

မွန်ပြည်နယ်အတွင်းမိုးကြီးပြီးတောင်ပြိုလို့ အနည်းဆုံး လူ ၅၀ ကျော်လောက်သေဆုံးခဲ့သလို ကရင် နဲ့ တနင်္သာရီ နေရာဒေသ အများအပြားမှာ ရေ ကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။

ရေးမြို့မှာ တော့ မိုးသည်းထန်စွာရွာသွန်းမူကြောင့်နှစ်ပေါင်း၃၀ အတွင်းအဆိုးဆုံး ရေဘေးဒဏ်ကို ရင်ဆိုင်နေရပါတယ် ။

“ဒီလိုဖြစ်ရတာဟာ အဓိကကတော့ မုတ်သုံမိုးကောင်းလို့ပါ ၊ကပ္ပလီ ပင်လယ်မှာ မုတ်သုံမိုးကောင်းနေတော့ မွန် ကရင် တနင်္သာရီ မှာလည်းကောင်းတာပေါ့” လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ကပြောပါတယ်။

သံလွင်မြစ်ပင်လယ်ထဲစီးဝင်တဲ့နေရာ တစ်ဝိုက်က မြို့တွေဖြစ်လို့ အခုလိုရေကြီးရေလျှံမှုတွေ သံလွင်မြစ်နဲ့လည်းဆက်စပ်မှုတွေရှိတယ် လို့လည်း သူကပြောပါတယ် ။

သြဂုတ်လ ၁၄ ရက်နေ့ အထိလည်းမိုးကောင်းမယ်

Getty Images
သြဂုတ်လ ၁၄ ရက်နေ့ အထိလည်းမိုးကောင်းမယ်

ရေဘယ်တော့ကျမလဲ

မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း သြဂုတ်လ ၁၀ ရက်ပိုင်း ရုတ်တရက်ရေကြီးလို့ ကူညီကယ် ဆယ်ရေးတွေကို လုပ်ကိုင်ပေးနေရတယ်လို့ ရေးဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ ထံကသိရပါတယ်။

သြဂုတ်လ ၁၁ ရက် ညနေ၅ နာရီနောက်ပိုင်းမှာတော့ ရေးမှာ ရေ တက်နေရာကနေ ၆ ပေလောက် ပြန်ကျလာတယ်လို့ ရေးကိုရောက်နေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။

ဒါပေမယ့် ရေးမြို့နယ် အဏ္ဏဝါရပ်ကွက်၊ နန္ဒာရပ်ကွက် စတဲ့နေရာအချို့ အပြင် အခြားကျေးရွာတွေမှာ ပိတ်မိတာတွေ ရှိနေတယ်လို့ အဏ္ဏဝါရပ်ကွက် နေကိုဖိုးစီက ပြောပါတယ်။

အခုရက်ပိုင်း အဲဒီဒေသတွေမှာ မိုးကောင်းဖို့ရှိတော့ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ အထိ သတိထားဖို့လိုမယ်လို့လည်း ဒေါက်တာထွန်းလွင် ကပြောပါတယ်။

“မနက်ဖြန်ဆိုရင်မိုးနည်းနည်းပိုလာမယ် သြဂုတ်လ ၁၄ ရက်နေ့ အထိလည်းမိုးကောင်းမယ် ဒီလကုန်အထိတော့ မိုးက အဲဒီဒေ သတွေမှာရှိနေ မှာ ရာသီဥတုက ကိုယ်ဘက် မပါသေးဘူး “လို့လည်း သူကပြောပါတယ် ။

ရေးမြို့က နေရာတစ်ချို့မှာ နေအိမ်တွေ ပြိုကျတာ၊မျောပါတာတွေရှိ

Getty Images
ရေးမြို့က နေရာတစ်ချို့မှာ နေအိမ်တွေ ပြိုကျတာ၊မျောပါတာတွေရှိ

လူအသေအပျေက်ဘယ်လောက်ရှိလဲ

သြဂုတ်လ ၉ရက်နေ့က မွန်ပြည်နယ်၊ သဲဖြူကုန်းက မြေပြိုတာကို ပြန်လည်ဖော်ယူရှင်းလင်းရာမှာ သြဂုတ် ၁၁ရက် ညနေ ၅နာရီအထိ သေဆုံးသူအလောင်း ၅၃လောင်းအထိ ရှာဖွေတွေ့ရှိထားတာကို ရှင်းလင်းရေးလုပ်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။

“အသေအပျောက် ကဒီထက်များမယ် မြေပြိုတဲ့နေရာ လေးဧက ဝန်းကျင်လောက် ရှိတယ် ၊အခုရှင်းတာက နေရာနည်းနည်းပဲရှင်းရသေးတယ် ပျောက်နေတာ၃၀ ကျော်လောက် ကျန်သေးတယ်” လို့လည်း ရာမည ကယ်ဆယ်ရေးအဖွဲ့က ကိုနေမျိုးကပြောပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့ည ကရေးမြို့က နေရာတစ်ချို့မှာ နေအိမ်တွေ ပြိုကျတာ။ မျောပါတာတွေရှိပေမယ့်အသက်သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေ မသိရှိရသေးလို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာပြန်လည် ချထားရေး ကထုတ်ပြန်ထားပါတယ်။

အခုလက်တလော သေဆုံးမူတွေဖြစ်ရတာ ကတော့ မြေပြိုမှုကြောင့် အများဆုံးဖြစ်တာလို့ လည်းအစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ် ။

သံလွင်မြစ်နဲ့ ဘယ်လိုဆက်စပ်သလဲ

အခုရေကြီးတဲ့နေရာတွေဟာ တရုတ်မှာ မြစ်ဖျားခံခဲ့ တဲ့ သံလွင်မြစ်ရဲ့အနိမ့်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်တယ်လို့ လည်း ဒေါက်တာထွန်းလွင် ပြောပါတယ်။

သံလွင် မြစ်ဟာ တရုတ်နိုင်င်ငံ ယူနန်ပြည်နယ်ရဲ့ တောင်တန်းထူထပ်တဲ့ဒေသတွေကနေ ၊ မြန်မာနိုင်ငံက ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်ပြီး မော်လမြိုင်မြို့ အနီးမုတ္တမပင်လယ်ကွေ့မှာဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ပါတယ်။

မြစ်အထက်ပိုင်း တရုတ်နိုင်ငံကရာခိုင်နူန်း၅၀ ကျော်လောက်ပိုင်ပြီးတော့ ရေကာတာ ၁၃ ခုလောက်ရှိပါတယ် ။

တရုတ်မှာမုန်တိုင်းဝင်နေသလို မိုးကောင်းနေပြီးတော့ သံလွင် မြစ်ကလည်းရေကြီးနေပါတယ်။

“တိုက်ရိုက်တော့ ဆက်စပ်မှုမရှိပေမယ့် ဒီဒေသက တစ်ခုနဲ့ တစ်ခုကတော့ဆက်စပ်နေတယ် တောင်တရုတ်ပင်လယ်မှာ တစ်ခုခု ဖြစ်ရင် ဒီမှာလည်း လိုက်ဖြစ်တက်တယ် “လို့လည်းဒေါက်တာထွန်းလွင် ကပြောပါတယ် ။

ပေါင်မြိုနယ် မြေပြိုတာ ကတော့ အသေအပျောက် အများဆုံး

Getty Images
ပေါင်မြိုနယ် မြေပြိုတာ ကတော့ အသေအပျောက် အများဆုံး

ဘယ်နေရာမှာ အဆိုးဆုံးလဲ

လူမူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောတာကတော့ ပေါင်မြိုနယ် မြေပြိုတာ ကတော့ အသေအပျောက် အများဆုံး အခြေနေ အဆိုးဆုံးလို့ သိရပါတယ် ။

အနာဂတ် မြန်မာနိုင်ငံ မှာ ရာသီဥတုပြောင်းလဲမှုတွေ ဟာ ဒီနှစ်ပိုင်းတွေ အတွင်းမှာပိုများလာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်ကလည်း ပြောပါတယ်။ အပူချိန်တွေတိုးလာဖို့ ရှိသလို ပင်လယ်ရေမျက်နှာပြင်မြင့်လာနိုင်တာကြောင့် ရန်ကုန် အပါ ဝင် မြစ်ကျွန်းပေါ်ဒေသတွေဟာ ရေမြုပ်နိုင်တဲ့ အခြေနေတွေကြုံရဖို့ရှိတယ်လို့လည်း ဒေါက်တာထွန်းလွင် ပြောပါတယ်။

ရာသီဥတုပြောင်းလဲမူတွေများလာသလောက်နိုငံဘက် ကအသင့် ပြင် ရင်ဆိုင်နိုင်အောင် မလုပ်နိုင်သေးဘူးလို့လည်း သူကထောက်ပြပါတယ် ။

“ကမ္ဘာရာသီဥတုအပြောင်းအလဲတွေကြောင်သဘာဝဘေးတွေ ကပြင်းထန်လာတယ် မိုးကြီးတယ် အချိန်တိုအတွင်းမှာ မိုးရေချိန်များများရွာတယ် ပြင်းထန်တယ် ရေကျတာ အင်အားပြင်းတယ် ဒါကြောင်းမို့လို့မြေတွေက မခံနိုင် ဘူးထိုးခွဲသလို ဖြစ်ပြီးမြေတွေပြိုတယ်၊တောင်ခြေမှာ မြေကို ဖြိုပြီးအိမ်ဆောက်တာတွေနဲ့လည်းဆက်စပ်တယ် “လို့ လည်းလူမူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ် ။

บทความก่อนหน้านี้ผู้หญิงเป็นนักกีฬาแข่งขันระยะไกลได้ดีกว่าผู้ชายหรือเปล่า
บทความถัดไปเสรี จินตนเสรี คว้าแชมป์โลกแบดมินตันชายเดี่ยว รุ่น 75 ปี