ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ရာကျော်နိုင် အပါအဝင် သိသင့်တဲ့ သတင်းများ

ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူများရှိလာ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာမှာ ဒီကနေ့မနက်ပိုင်းအထိ စာရင်းအရ အယောက် (၆၀) ရှိသွားပြီဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာလည်း ရေကြီး နစ်မြှုပ်မှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိခဲ့ပါတယ်။

အခုလက်ရှိအခြေအနေအရ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေသလို ရေဘေးသင့် ပြည်သူ သိန်းနဲ့ချီရှိနေတယ်လို့ ဘေးန္တာရယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက သြဂုတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေရတဲ့ ရေဘေးသင့်ပြည်သူ ဦးရေဟာ မွန်ပြည်နယ်မှာ သုံးသောင်းကျော်၊ ပဲခူး ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့ မှာ နှစ်သောင်းကျော်စီနဲ့ ကရင်ပြည်နယ်မှာတော့ တစ်သောင်းခွဲကျော်ရှိနေပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့က ရေးမြို့တွင် နှစ် (၃၀) အတွင်း ထူးထူးခြားခြား အဆိုးရွားဆုံးရေကြီးမှု ဖြစ်ခဲ့ပြီး အဲဒီရေကြီးမှု မဖြစ်ပွားခင် ရေးမြို့ခံ အများစုဟာ နေအိမ်တွေကို စွန့်ခွာပြီး ယာယီရေဘေးရှောင်စခန်းတွေမှာ လာရောက်ကြိုတင်နေရထိုင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီလို ရေကြီးမှုကြောင့် အဆောက်အအုံတွေပျက်စီးကာ ရေကျသွားပေမယ့် ပျက်စီးဆုံးရှုံးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ရေကြီးနေဆဲ တိုင်းနဲ့ ပြည်နယ်တွေ အနက် မွန်နဲ့ ကရင်ပြည်နယ်ကတော့ အဆိုးရွားဆုံးဖြစ်နေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ပြောခဲ့ပါတယ်။

ပညာရေးအဆင့်မြင့်ဖို့ ကျောင်းတွေကို စီစစ်ဖို့ အဆိုတင်သွင်း

မြန်မာနိုင်ငံ ပညာရေး အဆင့်အတန်း မြင့်မားဖို့ ကျောင်းသူ ကျောင်းသားတွေ အလိမ်မခံရဖို့အတွက် ပုဂ္ဂလိက ပညာရေး ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ အမြန်ဆုံး သတ်မှတ်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ကြပါတယ်။

မကြာသေးခင် ရက်ပိုင်းက လွှတ်တော်ကို တင်သွင်းလာတဲ့ အမျိုးသားပညာရေး ကော်မရှင်ရဲ့ ၆ လတာ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ နဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ လွှတ်တော် ကိုယ်စားလှယ် တော်တော်များများက ပုဂ္ဂလိက ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်တန်းကျောင်းတွေကို စီစစ်ဖို့ တိုက်တွန်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပုဂ္ဂလိက ပညာရေး ဥပဒေ မရှိတဲ့အတွက် မြန်မာပြည်ပညာရေးမှာ ဖြစ်ပျက်နေတာ တစ်ချို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက ထောက်ပြဆွေးနွေးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက တက္ကသိုလ်နဲ့ ကျောင်းပေါင်း တစ်ရာကျော် ရှိသော်လည်း ဒီကျောင်းတွေဟာ သူတို့ ကြေငြာထားသလို နိုင်ငံတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားမှု ရှိမရှိ သင်ကြားထားတဲ့ သင်ရိုးတွေဟာ အရည်အသွေး ရှိမရှိ စစ်ဆေးဖို့ လိုတယ်လို့လဲ ကိုယ်စားလှယ်တွေက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဟောင်ကောင်မှာ လေဆိပ်ထဲ ညလုံးပေါက် ဆန္ဒပြ

EPA
ဟောင်ကောင်မှာ လေဆိပ်ထဲ ညလုံးပေါက် ဆန္ဒပြ

ဟောင်ကောင်မှာ လေဆိပ်ထဲ ညလုံးပေါက် ဆန္ဒပြ

ဟောင်ကောင်မှာတော့ ဒီမိုကရေစီပိုရရေး တောင်းဆိုသူတွေက လေဆိပ်ထဲ ညလုံးပေါက် ဝင်ရောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ ထွက်သွားကြပြီ ဖြစ်ပေမယ့် လေကြောင်း အာဏာပိုင်တွေဟာ လေယာဉ်ခရီးစဉ် ဖျက်ခဲ့လို့ သောင်တင်နေတဲ့ ခရီးသည်တွေ အရေး ဆက်ရှင်းနေရဆဲပါ။

ဆန္ဒပြမှုကြောင့် မနေ့ညနေပိုင်းကစလို့ ဟောင်ကောင် အဝင်အထွက် လေယာဉ် ခရီးစဉ် ၃၀ဝ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဟောင်ကောင်လေဆိပ်အာဏာပိုင်တွေကတော့ ဒီကနေ့အတွက် လေယာဉ်ခရီးစဉ်တွေကို ပြန်လည် စီစဉ်ထားလိုက်ပြီ ဖြစ်သလို ခရီသည်တွေ အနေနဲ့လည်း နောက်ဆုံးရ လေယာဉ် ခရီးစဉ်တွေအကြောင်း သတင်းအချက်အလက်ကို သိရှိအောင် ကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။

အီဘိုလာကို ကုသဖို့ နီးစပ်လာ

သွေးလွန်ပြီး သေဆုံးနိုင်တဲ့ အီဘိုလာ ရောဂါကို ထိထိရောက်ရောက် ကုသနိုင်မယ့် လက်တွေ့ စမ်းသပ်မှု နှစ်ခုကို လုပ်ထားနိုင်ပြီလို့ သုတေသီတွေက ပြောလိုက်ပါတယ်။

အဲဒီစမ်းသပ်ကုသမှုတွေကို အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ရောဂါကူးစက်လို့ သေဆုံးသူ ၁၈၀ဝ နီးပါးထိ ရှိခဲ့ပါတယ်။

အခု စမ်းသပ် အခု ကုသမှုမှာ အီဘိုလာ ဗိုင်ရပ်စ်ပိုးကို ပြင်ပကနေ ချိတ်တွယ်နိုင်တဲ့ ပဋိဇီဝပစ္စည်းတွေကို သုံးထားတာ ဖြစ်လို့ ဗိုင်းရပ်စ်အနေနဲ့ လူသားဆဲလ်တွေဆီကို ကူးစက်မှုကို ခက်ခဲစေမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီနည်းလမ်းဟာ ဗိုင်းရပ်စ် ကူးစက်ပြီးသား လူနာ ၉၀ ရာခိုင်နှုန်းကို ကုသနိုင်မယ်လို့ သုတေသီတွေက ပြောပါတယ်။

บทความก่อนหน้านี้‘อองตวน’ สติแตก! ท้าชก 3รุม1 ‘สมจิตร’ ถึงกับมองหน้า! เจอชาวเน็ตซัดแพ้แล้วพาล
บทความถัดไปเบลล่า ทำตามสัญญา มีลูกคนนี้ ยิ่งกว่าถูกลอตเตอรี่ รางวัลที่หนึ่ง