ဗစ်တိုးရီးယားအမှု ၄ ကြိမ်မြောက်ရုံးချိန်းမှာ ကလေးငယ်ရဲ့ဖခင်ဖြစ်သူကိုစစ်ဆေး

ရုံးချိန်း ပထမပိုင်းမှာ ကလေးငယ်ရဲ့ဖခင်ကိုစစ်ဆေး

BBC
ရုံးချိန်း ပထမပိုင်းမှာ ကလေးငယ်ရဲ့ဖခင်ကိုစစ်ဆေး

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုရဲ့ သြဂုတ် ၁၄ ရက်နေ့ လေးကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလို ဖခင်ဖြစ်သူက ကလေးငယ်ကျောင်းရဲ့ စီစီတီဗီမှတ်တမ်းနဲ့ပတ်သက်ပြီး ကလေးငယ် ပြောဆိုချက်တွေကို တရားခွင်မှာ ထွက်ဆိုချက်ပေးခဲ့ပါတယ်။

ဒီကနေ့ လေးကြိမ်မြောက်ရုံးချိန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူ့ဇနီး ဆက်သွယ်ပြောကြားလို့ သိရတဲ့ အခြေအနေ၊ ရဲစခန်းမှာ စီစီတီဗွီမှတ်တမ်းသွားကြည့်ခဲ့ တဲ့အခြေအနေနဲ့ ကလေးငယ်ရဲ့ ပြောကြားချက်တွေ အပါအဝင် အပိုင်း ၃ ပိုင်းကို ထွက်ဆိုချက် ပေးခဲ့ပါတယ်။

မနက် ၈နာရီကနေ ညနေ ၅နာရီ စီစီတီဗီ မှတ်တမ်းကို ကြည့်ရှုခဲ့တဲ့အချိန်မှာ တချို့အပိုင်းတွေ ပျက်နေတာတွေ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီထဲမှာ နေ့လယ် ၃နာရီ ကျော်ကျော်လောက်မှာ အင်္ကျီအဖြူနဲ့ ပုဆိုးအပြာ ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ကလေးငယ်တက်တဲ့ ကျောင်းကို ဝင်သွားတာ တွေ့တဲ့အတွက် ရဲစခန်းကို ပြောခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီမှတ်တမ်းကို ကြည့်တဲ့နေရာမှာ သူ့နံဘေးမှာ ဆော့ကစားနေတဲ့သမီးငယ်လည်းရှိနေခဲ့ပြီး အင်္ကျီအဖြူနဲ့ ပုဆိုးအပြာဝတ်ထားတဲ့သူကိုတွေ့တဲ့အခါမှာ ကလေးက မီးမီးဖင်ဘုကို ဆိတ်တာ ဒီကိုကိုလုပ်တာလို့ ပြောခဲ့တယ်လို့ဆိုပါတယ်။

” ဒါကို မှတ်တမ်း မတင်နိုင်ခဲ့တဲ့ အတွက် စီစီတီဗီကို ကွန်ပျူတာထဲထည့်ပြီး ကလေးငယ်ကို ကာတွန်းကားအရင်ပြပြီး အဲဒီနေရာကို ပြန်ပြတဲ့အခါမှာတော့ ကလေးက သမီးရဲ့ဖင်ဘုကိုလုပ်တာ ဒီကိုကို လုပ်တာ။ သမီးသေနတ်နဲ့တောင် ပစ်ချင်တယ် ဆိုတဲ့အကြောင်းပြောပြတယ်”လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါ တယ်။

အဲဒီမှတ်တမ်းကို ရိုက်ထားပြီး ရဲမှူးတစ်ယောက်ကို ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒုတိယပိုင်းမှာတော့ ကလေးငယ်ရဲ့အဖွားဖြစ်သူကို စစ်ဆေးသွားမှာဖြစ်

BBC
ဒုတိယပိုင်းမှာတော့ ကလေးငယ်ရဲ့အဖွားဖြစ်သူကို စစ်ဆေးသွားမှာဖြစ်

ဒါ့အပြင် သံသယတရားခံနဲ့ ပတ်သက်ပြီးတော့လည်း ကလေးငယ်ရဲ့ ဖခင်က ဒီအင်န်အေစစ်ချက်က ကိုအောင်ကြီးရဲ့ ဒီအင်န်အေစစ်ချက်က မတူတဲ့အကြောင်း ကနဦးမှာ ရဲမှူးတစ်ဦးက ပြောခဲ့တယ်လို့လည်း ဒီကနေ့ ရုံးချိန်းမှာထွက်ဆိုခဲ့ပါတယ်။

ကိုအောင်ကြီးအရွယ်နဲ့ ကလေးနဲ့ ဖြစ်မယ်ဆိုရင် ကလေးကပိုဆိုးသွားနိုင်တယ်လို့ ရဲမှူးတစ်ယောက်က သူ့ကို ပြောတဲ့အကြောင်းကိုလည်း ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းအုပ်ချုပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှာ သားနှစ်ယောက် ရှိတဲ့အနက် ၈တန်းကျောင်းသားက ကျောင်းပြန်တက်နေတဲ့ အတွက် ဒီကျောင်းကိုလိုက်လာကောင်း လိုက်လာနိုင်တဲ့အတွက် ကလေးကလည်း ကိုကိုလို့ပြောတဲ့အတွက် ဒီဟာကို စဉ်းစားသင့်တယ် ဆိုတဲ့အကြောင်းကို ရဲမှူးတစ်ယောက်က ထွက်ဆို တဲ့အကြောင်းကို ဒီကနေ့ တရားရုံးမှာ ဖခင်က ထွက်ဆိုခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းရဲ့ ပထမပိုင်းအဖြစ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ မူကြိုကလေးငယ်ရဲ့ ဖခင်ဖြစ်သူကို စစ်ဆေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ကလေးငယ်ရဲ့ အဖွားဖြစ်သူကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုရဲ့ ဒုတိယအကြိမ်ရုံးချိန်း ဇူလိုင် ၂၄ ရက်မှာ တရားလို မိခင်ကို စတင် စစ်ဆေးခဲ့ပါတယ်။

ဒီအမှုမှာ Wisdom Hill မူကြိုကျောင်းက ဆရာမနှင်းနုကို ဒုတိယ တရားခံအဖြစ် တရားစွဲဖို့ ကလေးရဲ့ မိခင်ဖြစ်သူက တရားခွင်ပြီးပြီးချင်းမှာပဲ ဒက္ခိဏခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပေမယ့် နောက်တစ်ကြိမ် ရုံးချိန်းမှာတော့ တရားရုံးက လက်ခံခဲ့ခြင်း မရှိပါဘူး။

บทความก่อนหน้านี้ถึงกับวงแตก! รอร่วมพิธีสำคัญ รถสตาร์ทเครื่องเอง เดินหน้า พุ่งชนจยย. ทั้งที่ไม่มีคนขับ
บทความถัดไปกอ.รมน.ผ่านฉลุย ประเมินองค์กรส่งเสริมคุณธรรม