ပုဏ္ဏားကျွန်း ယိုးတရုတ်ရဲစခန်းက ဒုရဲအုပ် ဓားထိုးခံရပြီးသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်တိုက်နယ် ရဲစခန်းက ဒုရဲအုပ်ဇော်မင်းဌေးကို ဒီကနေ့ စက်တင်ဘာလ ၁ ရက် မနက်ပိုင်းက အမည်မသိသူတစ်စုက ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။

အဲ့ဒီဒုရဲအုပ်နဲ့ ဇနီးသည်တို့ဟာ မနက်ပိုင်းက ၇ နာရီခန့်အချိန်မှာ ကျေးရွာအလယ်မှာရှိတဲ့ ပျံကျစျေးထဲမှာ ဈေးဝယ်ဖို့ရောက်ရှိလာစဉ် လူတစ်စုကဓားနဲ့ထိုးသတ်လိုက်တာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကပြောပါတယ်။

ဈေးဝယ်နေချိန်မှာ ဒုရဲအုပ်ကို ဓားနဲ့ ထိုးသတ်လိုက်တဲ့အတွက် ဈေးဝယ်နေကြတဲ့ ကျေးရွာသား တွေဟာ ကြောက်ရွံ့ထွက်ပြေးခဲ့ကြပြီး တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ် ခဲ့သူတွေကတော့ ထွက်ပြေးလွတ်မြာက်သွားခဲ့တာကြောင့် ဘယ်သူတွေဆိုတာကို မသိရရှိလိုက်ရကြောင်းသူက ပြောပါတယ်။

“ဒီမနက်က ရွာထဲက ပျံကျဈေးထဲမှာ ဒုရဲအုပ်ကို ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်လည်း အဲ့ဒီလိုဖြစ်တယ်ဆိုပြီး စခန်းက ဖုန်းဆက်ခေါ်မှ သိရတာပါ။ ဒုရဲအုပ်ကတော့ ဆုံးသွားပါတယ်။ အခုသူ့ကို ပုဏ္ဏားကျွန်းကိုယူသွားပါပြီ။ အဲ့ဒီမှာ သင်္ဂြိုဟ်မယ်လို့ပြောပါတယ်။ ဘယ်လိုဖြစ်တယ်ဆို တာတော့ ကျွန်တော်လည်းမသိရဘူး။ သူ့မိန်းမနဲ့အတူ ဈေးဝယ်နေချိန်မှာ ဖြစ်တယ်လို့ပဲ သိရတယ်”လို့ ယိုးတရုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကပြောပါတယ်။

ဓားထိုးခံရတဲ့ ဒုရဲအုပ် ဇော်မင်းဌေးဟာ ယိုးတရုတ် ရဲကင်းစခန်းမှာ တာဝန်ကျနေတာ ကြာပြီဖြစ် ကြောင်းနဲ့ ဘာကြောင့် အသတ်ခံရတာဆို မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ သိရတဲ့အချိန်မှာတော့ အဲ့ဒီဒုရဲအုပ်က ဆုံးသွားပြီလို့ကြားတယ်။ ဖြစ်တာက ဈေးမှာဖြစ်တာပါ။ ဈေးမှာပဲဆုံးတာလား။ ဆေးရုံကို ရောက်မှ ဆုံးတာလားတော့ မသိဘူး။ ဓားဒဏ်ရာတွေတော့ အများကြီးပါတယ်လို့ ကြားတယ်။”လို့ ယိုးတရုတ်ကျေးရွာသား တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကို အဲဒီ သတ်ဖြတ်ခံရမှုအတွက် ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အလုပ်များ နေတဲ့အတွက် ရှင်းမပြနိုင်ဘူးလို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်ကို ကျောက်တော်မြို့ ကမ်းနားလမ်း သင်္ဘောဆိပ်အနီးမှာ အမည်မသိသူတချို့ ဓါးနဲ့ထိုးသတ်မှု တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယိုးတရုတ်ရဲစခန်းကို ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး အများအပြားဒါဏ်ရာရရှိခဲ့ပါတယ်။

บทความก่อนหน้านี้มนต์ไม่เสื่อม เลข มนต์สิทธิ์ เข้าวิน แฟนคลับขอบคุณยกใหญ่ แม่นคัก!
บทความถัดไปจับตา ดีเปรสชัน ลูกใหม่ถล่มไทย กรมอุตุฯเตือนอีสานอ่วมอีก กทม.เจอฝนร้อยละ70