တပ်ကတရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ပုဒ်မ ၅၀၅ (က)နဲ့ စွဲချက်တင်

တပ်မတော်ရဲ့တရားစွဲဆိုတာကို ခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွေထဲက ၅ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ စွဲချက်တင်ကြောင်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ အမိန့်ချလိုက် ပါ တယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေ ခိုင်ထွန်း တို့ ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်ဖို့အမိန့်ချလိုက်တာ ဖြစ်ပါ တယ်။

” စွပ်စွဲခံရတဲ့ ၅ ဦးလုံးကို စွဲချက်တင်လိုက်တာပေါ့။ စွဲချက်တင်တဲ့အခါမှာ အပြစ်ရှိလားမရှိလားမေးတဲ့ အခါမှာ တော့ သက်ဆိုင်တဲ့ ၅ဦးလုံးက အပြစ်မရှိဘူးလို့ ပြန်ဖြေခဲ့တယ်။ ဒီအမှုအပေါ်မှာ ရပ်တည်နေခြင်းသည် ဥပေဒ ရှုထောင့်ကနေ ချေပဖို့ပဲ ရပ်တည်နေတာ။ ကျောင်းသားတွေကျုးလွန်ထားတဲ့ပြစ်မှုသည် ၅၀၅ (က)နဲ့ ညီညွတ်မှု ရှိမရှိကိုပဲ တရားရုံးကသုံးသပ်ပေးရမှာ သုံးသပ်ပေးမယ်လို့လည်း မျှော်လင့်တယ်” လို့ ကျောင်းသားတွေရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဘီဘီစီကိုပြောပါတယ်။

သံချပ်ထိုးရာမှာ တပ်မတော်ကို စော်ကားတဲ့ အသုံးအနှုန်းတွေပါဝင်လို့ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို

သံချပ်ထိုးရာမှာ တပ်မတော်ကို စော်ကားတဲ့ အသုံးအနှုန်းတွေပါဝင်လို့ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းက သံချပ်ထိုးရာမှာ တပ်မတော်ကို စော်ကားတဲ့ အသုံးအနှုန်းတွေပါဝင်လို့ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်ဘက်ကနေ မရန်းကုန်း တရားရုံး၊ဗိုလ်တစ်ထောင်တရားရုံး စတဲ့တရားရုံး တွေမှာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၆၆ဃတို့နဲ့ အသီးသီးစွဲ ဆိုထား ခဲ့တာဖြစ်ပါတယ်။

‘ ‘ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်။ တချို့ဟာတွေဆိုရင် ရိုင်းရိုင်းဆိုင်းဆိုင်းတွေပါတယ်။ အခုက တော့ ၅၀၅(က)နဲ့ကတော့ စွဲချက်တင်တယ်။ ၆၆ဃကတော့ တရားလိုကိုစစစ်တဲ့ အပိုင်းပေါ့။ ပြစ်မှုမြောက် တယ်မမြောက်ဘူးကတော့ တရားရုံးက ဆုံးဖြတ် ရမယ့်အပိုင်းဖြစ်ပါတယ်” လို့ မရမ်းကုန်း တရားရုံးမှာ တပ်ဘက်ကနေ တရားလိုပြုလုပ်ပြီးစွဲဆိုခဲ့တဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် ၇ ဦးဟာ မရမ်းကုန်းတရားရုံးတွင် ပုဒ်မ ၅၀၅(က) ၊ ပုဒ်မ ၆၆(ဃ) တို့ဖြင့်တရားရင်ဆိုင်နေရတဲ့အပြင် ဧရာဝတီတိုင်းအတွင်းက ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့တွေမှာလည်း ပုဒ်မ ၆၆ဃနဲ့ စွဲဆိုခံထားရပါတယ်။

บทความก่อนหน้านี้“ ชิม ช้อป ใช้ ”  รัฐ แจก 1,000 ชวนเที่ยวสวนสนุกดรีมเวิลด์
บทความถัดไปไทยแอร์เอเชีย จับมือพันธมิตร ร่วมเชียร์ ‘อเล็กซ์’ แข่งเอฟ1