Khaosod
Online

วันอังคาร ที่ 26 พ.ค. 2563

ပွဲကောင်းတွေ ကြည့်ရမယ့် Super Sunday ပရီးမီးယားလိဂ်

6 ต.ค. 2562 - 18:20 น.
atl
AFP
ဖိအားတွေ ရင်ဆိုင်နေရတဲ့ စတိဗ်ဘရုနဲ့ ဆိုးလ်ရှား

စနေနေ့တုန်းက ဇယားထိပ်က လီဗာပူးလ် နိုင်ဆက်ခဲ့အပြီးမှာ ဒုတိယနေရာက မန်စီးတီး အတွက် ဖိအားတွေနဲ့ ကစားရမှာပါ။ Super Sunday မှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့လို အသင်းတွေရဲ့ ပွဲတွေ ဆက်ကစားမှာဖြစ်လို့ နိုင်ငံတကာပွဲတွေ မတိုင်မီ ဘယ်လို ရလဒ်တွေ ထွက်မလဲ စိတ်ဝင်စားရာ စောင့်ကြည့်ရမှာပါ။

atl
AFP
လီဗာပူးလ်ကို ဆက်လက် ဖိအားပေးဖို့ ၃မှတ် ယူရမယ့် မန်စီးတီး

မန်စီးတီး - ဝုလ်ဖ်

အချိန် - ည နာရီခွဲ

၈မှတ်ကွာနေတဲ့ အနေအထား မန်စီးတီးကို ဖိအားဖြစ်စေပေမယ့် အိမ်ကွင်းမှာတော့ အခက်အခဲ မရှိကန်ရဖို့ ရှိတာပါ။ လက်ရှိမှာ ဝုလ်ဖ်က မနှစ်ကလို ပုံစံမျိုးမဟုတ်တော့သလို ရုန်းကန်နေရတာက မန်စီးတီးအတွက် အားသာချက်ပါ။ ဒီဘရိုင်းနားလ် မပါပေမယ့် မန်စီးတီးမှာ ပွဲအဖြေကို ပြောင်းနိုင်တဲ့ ကစားသမားတွေများကြီးရှိပါတယ်။ အိမ်ရှင်အသင်း အတွက် ခက်ခဲမယ့် ပွဲမျိုးမဟုတ်ဘဲ အနိုင် ၃မှတ် ရဖို့များတဲ့ပွဲပါ။

atl
AFP
အနိုင်ရခဲ့ရင် အဆင့် ၃အထိ တက်လာမယ့် အာဆင်နယ်

အာဆင်နယ် - ဘွန်းမောက်

အချိန် - ည နာရီခွဲ

လူငယ်တွေနဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းက တည်ငြိမ်လာပေမယ့် ခံစစ်ပိုင်း ကတော့ ဂိုးတွေပေးရဆဲပါ။ ဘွန်းမောက်က အိမ်ကွင်းထက် အဝေးကွင်းမှာ ရလဒ်ပိုကောင်းနေတာကတော့ အာဆင်နယ်အတွက် သတိပြုရမယ့် အချက်ပါ။ တိုက်စစ်မှူး အဘာမီယန် ခြေစွမ်းပြနေသလို အိမ်ကွင်းဆို ရလဒ်ကောင်းပြီး လူစုံပါဝင်မယ့် အာဆင်နယ် အခက်အခဲ မရှိမယ့်ပွဲပါ။

atl
AFP
လူငယ်တွေနဲ့ ခြေစွမ်းပြနေတဲ့ လမ်းပတ်ရဲ့ ချယ်လ်ဆီး

ဆောက်သမ်တန် - ချယ်လ်ဆီး

အချိန် - ည နာရီခွဲ

လမ်းပတ်ရဲ့ လူငယ်တွေနဲ့ ချယ်လ်ဆီးကတော့ တစ်ပွဲနဲ့ တစ်ပွဲ ပိုပြီး ခြေစွမ်းပြ လာနေပြီး ကစားသမားတွေလည်း ပြန်စုံနေပြီ ဖြစ်ပါတယ်။ ဆောက်သမ်တန်ဟာ ယူနိုက်တက်ကို သရေကစားခဲ့ပေမယ့် ဒီနှစ်ရာသီ အသင်းရဲ့ ကစားပုံနဲ့ အိမ်ကွင်း ရလဒ်ပိုင်းကတော့ စိတ်ပျက်စရာပါ။ ချယ်လ်ဆီးကတော့ ရာသီအဖွင့် ယူနိုက်တက်ကို ရှုံးခဲ့တဲ့ ပွဲကလွဲရင် အဝေးကွင်း ခြေစွမ်းတည်ငြိမ်နေပါတယ်။ ဂိုးမြူးနေတဲ့ တိုက်စစ်နဲ့ ခြေသာနဲ့ ချယ်လ်ဆီးကို အိမ်ရှင်အသင်း မယှဉ်နိုင်ပါဘူး။

atl
AFP
အဝေးကွင်းမှာ ၁၀ပွဲဆက် နိုင်ပွဲ မရှိသေးတာကို မန်ယူတို့ အဆုံးသတ်မလား

နယူးကာဆယ် - မန်ချက်စတာယူနိုက်တက်

အချိန် - ည ၁ဝနာရီ

နှစ်သင်းစလုံး ဖိအားတွေနဲ့ ကစားရမှာဖြစ်သလို ဂိုးရဖို့လည်း ရုန်းကန်နေရတဲ့ အသင်းတွေပါ။ စတိဗ်ဘရု လက်ထက်မှာ နယူးကာဆယ် ခြေစွမ်းအားရစရာ လုံးဝ မရှိသလို ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကလည်း အဝေးကွင်းမှာ နိုင်ပွဲမရတာ ၁ဝပွဲအထိ ရှိပါပြီ။ ယူနိုက်တက်မှာ ပေါ့ပ်ဘာ၊ မာရှယ်လ်အပြင် လင့်ဂတ်လည်း လွဲချော်မှာဖြစ်လို့ တိုက်စစ်က ဂိုးရဖို့ အခက်တွေ့နိုင်ပါတယ်။ ခြေပျက်နေတဲ့ နှစ်သင်းဖြစ်လို့ ခန့်မှန်းရခက်တဲ့ ပွဲဖြစ်ပေမယ့် အသင်းကြီးဖြစ်တဲ့ ယူနိုက်တက် အနေနဲ့ အနိုင်ရသင့်တဲ့ပွဲပါ။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด



ภาพที่



อัลบั้มภาพ ပွဲကောင်းတွေ ကြည့်ရမယ့် Super Sunday ပရီးမီးယားလိဂ်
ข่าวที่เกี่ยวข้อง