မြေဧက တစ်သောင်းသာ ရန်ကုန်အစိုးရရောင်းပေးနိုင်အပါအဝင် မနက်ခင်းသတင်းများ

မြေဧက တစ်သောင်းသာ ရန်ကုန်အစိုးရရောင်းပေးနိုင်

ရန်ကုန်အစိုးရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနေရာတွေကို ရောင်းချနေရာမှာ စုစုပေါင်း မြေဧက တစ်သောင်းသာ ရောင်းချပေးနိုင်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက အောက်တိုဘာ ၉ရက်မှာ ဘီဘီစီကိုပြောပါတယ်။

အဲဒီရောင်းချမယ့် မြေဧက တစ်သောင်းအတွက် ဝယ်ယူလိုသူတွေက လျှောက်လွှာရောင်းချနေတဲ့ အောက်တိုဘာ ၇ရက်ကစပြီး နိုဝင်ဘာ ၈ရက်အထိ လျှောက်လွှာဝယ်ယူကာ လျှောက်ထားဝယ်ယူနိုင်တယ် လို့ ဦးသန်းက ဘီဘီစီကို ပြောပါတယ်။

ရောင်းချရေးကော်မတီက မြေလျှောက်လွှာတစောင်ကို တစ်သောင်းနှုန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။

စရောင်းတဲ့ စက်တင်ဘာ ၇ရက်နေ့မှာပဲ ထောင်ချီတဲ့ လျှောက်လွှာတင်တဲ့သူတွေ ရှိတယ်လို့ ပထမဆုံး နေ့မှာပဲ လျှောက်ထားဖို့သွားခဲ့တဲ့ အင်းစိန်နေ ဒေါ်မိုးမြင့်သန်းက ဘီဘီစီကိုပြောပါတယ်။

သူ့အနေနဲ့တော့ မြေကွက်ဝယ်ယူဖို့သွားရောက်ခဲ့ပေမယ့် လူများတဲ့အတွက် မတင်ဖြစ်ပဲ ပြန်လာခဲ့ရပြီး နောက်ရက်မှ ပြန်လည်သွားရောက်ကာ လျှောက်လွှာတင်မယ်လို့ သူကပြောပါတယ်။

ရန်ကုန်အစိုးရ ရောင်းတဲ့ မြေတွေက ဒဂုံလေးမြို့နယ်ရယ်၊ လှိုင်သာယာ၊ ရွှေပြည်သာစတဲ့ ၆မြို့နယ်ထဲမှာ မြို့ပြစီမံကိန်းဖောင်ဆောင်ခဲ့တဲ့ ကာလအတွင်း ကျန်ရှိနေတဲ့ မြေတွေဖြစ်ပါတယ်။

အဲဒီမြေတွေကို ပထမအသုတ် ၅၃၀၊ ဒုတိယအသုတ် ၁၈၀ နဲ့ နောက်ဆုံးအသုတ် ၉၀၀၀ တို့ကို ရောင်းချမှာ ဖြစ်တဲ့အတွက် စုစုပေါင်း တသောင်းလောက်သာ ရောင်းချပေးမှာလည်းဖြစ်ပါတယ်။

အစိုးရက အခုလိုမြေကွက်တွေ အများပြည်သူကိုရောင်းချတာက သူ့အသက် ၇၀အတွင်းမှာ ပထမဆုံး ကြားသိဖူးတာလို့ တာမွေမြို့နယ်မှာနေတဲ့ ဦးမြင့်စိုးက ဘီဘီစီကိုပြောပါတယ်။

အရင်အစိုးရတွေလက်ထက်တုန်းက မြို့နယ်သစ်တွေကိုဖော်ဆောင်ရာမှာ နေစရာမရှိတဲ့သူတွေကို ပြန်လည် နေရာချထားပေးထာတာတွေ၊ တိုက်ခန်းတွေကို ရောင်းပေးတာမျိုးတွေကိုတော့ရှိခဲ့ဘူးတယ်လို့ သူကဆိုပါတယ်။

လျှောက်လွှာတွေမှာတော့ မြေဝယ်ယူပြီး ၆လအတွင်း အဆောက်အဦးဆောက်လုပ်ပြီးရင် ဂရမ်ရရှိရေး လုပ်ဆောင်ပေးမှာဖြစ်သလို၊ သုံးနှစ်အတွင်း အမည်ပြောင်းတာ၊ တဆင့်ရောင်းတာကို ခွင့်ပြုမှာမဟုတ် ဘူးလို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော်ဝန်ကလည်း အခုလိုရောင်းချပေးတဲ့ မြေနေရာတွေက ခိုင်မာမှုရှိတယ်လို့ အာမခံထား ပါတယ်။

ဒေါ်နယ်ထရမ့်ကို ဖြုတ်ချဖို့လုပ်မယ့် စုံစမ်းမှု မပူးပေါင်းနိုင်ဘူလို့ အိမ်ဖြူတော်ပြော

အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးကနေ ဖယ်ရှားနိုင်စေမယ့် စွပ်စွဲပြစ်တင် မှုစုံစမ်း မှုမှာ ပူးပေါင်းမှာမဟုတ်ဘူးလို့ သမ္မတအိမ်တော် အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံနဲ့ မညီလို့ စုံစမ်းမှုမှာ ပူးပေါင်းပါဝင်မှာမဟုတ်ဘူးဆိုတာကို အိမ်ဖြူတော်ရှေ့နေတစ်ဦးက ဒီမိုက ရက်ကွန်ရက်စ်လွှတ်တော် ခေါင်းဆောင်တွေကို စာရေးသား ပေးပို့ခဲ့တာပါ။

သမ္မတထရမ့်ဟာ သူ့ပြိုင်ဘက်ဖြစ်လာနိုင်သူ သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို အဂတိမှုနဲ့ စုံစမ်းဖို့ ယူကရိန်း သမ္မတနဲ့ဖုန်းပြောချိန် တိုက်တွန်းမှုစွပ်စွဲချက်ကို ဒီမိုကရက်လွှတ်တော်အမတ်တွေက စုံစမ်းတာခံနေရတာပါ။

အခုလိုပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုတဲ့ စာက ဒီမိုကရက်အများစုစိုးမိုးထားတဲ့ ကွန်ကရက်က လုပ်နေတဲ့ ထရမ့်ကိုဖြုတ်ချဖို့ စွပ်စွဲပစ်တင်ရေး လုပ်ငန်းစဉ်အတွင်း အမေရိကန်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်မယ်လို့ ပြောဆိုအပြီး နာရီပိုင်းအကြာမှာ ပေါ်ထွက်လာတာ ဖြစ်ပါ တယ်။

အိမ်ဖြူတော်ရှေ့နေ ပက်စီပိုလိုနီက စာမျက်နှာ ၈မျက်နှာရှိတဲ့ အဲဒီစာကို ဒီမိုကရက်ပါတီအပြင် ကွန်ကရက် ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ အခြားကော်မတီ သုံးခုရဲ့ ဥက္ကဋ္ဌတွေစီကို ပို့ခဲ့တာပါ။

အဲဒီစာထဲမှာတော့ ဒီမိုကရက်တွေက ၂၀၁၆ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲချင်တာကြောင့် တိုက်ခိုက်မှု နေတာအပြင် အခုလို စုံစမ်း

စစ်ဆေးမှုတွေက အခြေခံဥပဒေအရလည်း ကိုက်ညီမှုမရှိသလို၊ ချိုးဖောက်ရာ လည်းရောက်တယ်လို့ စွပ်စွဲထားပါတယ်။

သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မှာ ခြုံပုတ်၊ အပင်ခြောက်တွေ မီးလောင်ရာကနေ အိမ်အလုံး သုံးဆယ်ကျော်လောက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

EPA
သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မှာ ခြုံပုတ်၊ အပင်ခြောက်တွေ မီးလောင်ရာကနေ အိမ်အလုံး သုံးဆယ်ကျော်လောက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

သြစတေးလျမှာ အပင်ခြောက်တွေမီးလောင်ရာက အိမ်သုံးဆယ်ကျော်ပျက်စီး

သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မှာ ခြုံပုတ်၊ အပင်ခြောက်တွေ မီးလောင်ရာကနေ အိမ်အလုံး သုံးဆယ်ကျော်လောက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၈ရက်၊ အဲဒီမီးလောင်မှုက နယူးဆောက်ဝေးကနေ အနီးက အပူချိန် ၄၀ဒီဂရီစင်ဒီဂရိတ် အထိရှိနေတဲ့ ကွင်းစလန်းရဲ့ နေရာအချို့အနားထိဖြစ်ခဲ့ပါတယ်။

အခုလိုဖြစ်နေတာတွေကြောင့် ထိခိုက်နာကျင်မှုတွေတော့မရှိသလို့၊ ရာသီဥတုအခြေအနေကိုလည်း တိုင်းတာခဲ့တာတွေလုပ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နွေဦးအစမှာပဲ အကြီးအကျယ်ဖြစ်လာတဲ့ ရေရှားပါးတဲ့ပြဿနာကို သြစတေးလျအရှေ့ပိုင်းမှာ ပြင်းပြင်းထန်ထန် သက်ရောက်ခံစားနေရပါတယ်။

အာဏာပိုင်တွေကတော့ အခုမီးလောင်တာမျိုးက မီးလောင်ခဲ့တဲ့ ရာသီတွေအတွင်းမှာ အဆိုးဝါးဆုံး ဖြစ်ရပ်တွေရဲ့ အစပိုင်း အခြေအနေသာ ဖြစ်တယ်လို ဆိုပါတယ်။

BBC
အာဏာပိုင်တွေကတော့ အခုမီးလောင်တာမျိုးက မီးလောင်ခဲ့တဲ့ ရာသီတွေအတွင်းမှာ အဆိုးဝါးဆုံး ဖြစ်ရပ်တွေရဲ့ အစပိုင်း အခြေအနေသာ ဖြစ်တယ်လို ဆိုပါတယ်။

အာဏာပိုင်တွေကတော့ အခုမီးလောင်တာမျိုးက မီးလောင်ခဲ့တဲ့ ရာသီတွေအတွင်းမှာ အဆိုးဝါးဆုံး ဖြစ်ရပ်တွေရဲ့ အစပိုင်း အခြေအနေသာ ဖြစ်တယ်လို ဆိုပါတယ်။

ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေတဲ့ မီးတောက်မီးလျှံတွေက ငါးပတ်အထိကြာမြင့်ခဲ့ပါပြီ အဲဒီလိုလောင် ကျွမ်းနေလို့လည်း မြေဟတ်တာ တစ်သိန်းလောက် ထိခိုက်မှုတွေရှိနေပါတယ်။

บทความก่อนหน้านี้วอนช่วย สองตาหลาน ชีวิตสุดข้นแค้น อดมื้อกินมื้อ บ้านพัง ไม่มีไฟฟ้าใช้ โรครุมเร้า
บทความถัดไปเข็มส้ม