ရွေးကောက်ပွဲကတိမတည်ဘူးဆိုပြီး မက္ကဆီကို ရွာလူကြီး ကားနဲ့တရွတ်တိုက်ဆွဲခံရ

မက္ကဆီနိုင်ငံ တောင်ပိုင်း ရွာတစ်ရွာက အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ထရပ်ကားနောက်မှာ ကြိုးနဲ့ချိတ်ပြီး လမ်းတွေမှာ လျှောက်မောင်းတဲ့ ဒေသခံ ၁၁ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

အုပ်ချုပ်ရေးမှူး ဂျော့ချ် လူဝီ အက်စ်ကန်ဒွန် ဟာနန်ဒက်စ်ကို ရဲတွေက လိုက်ကယ်ခဲ့ရပါတယ်။

သူဟာ ကားနောက်မှာ တရွတ်တိုက်ပါသွားခဲ့ပေမဲ့ ကြီးကြီးမားမား မထိခိုက်ခဲ့ပါဘူး။

အခု တိုက်ခိုက်ခံရတာဟာ ဒုတိယ အကြိမ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲတုန်းက လမ်းတွေ ပြင်ပေးမယ် ဆိုတဲ့ မဲဆွယ်ကတိကို ဖြည့်ဆည်းပေးဖို့ ဒေသခံ လယ်သမားတွေက တောင်းဆိုပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီရွာရှိတဲ့ ချီရားပတ်စ် ပြည်နယ်ထဲမှာ ရဲအင်အားတွေ ပိုတိုးချထားလိုက်ရပါတယ်။

Map


မက္ကဆီကိုမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံ နိုင်ငံရေးသမားတွေဟာ မူးယစ်ဆေးဂိုဏ်းတွေရဲ့ ပစ်မှတ်တွေ ဖြစ်လေ့ ရှိပါတယ်။

ဒီဂိုဏ်းတွေက သူတို့ရဲ့ ရာဇဝတ်မှုတွေမှာ မပူးပေါင်းတဲ့ အာဏာရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တတ်ကြ ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကတိ မတည်ဘူးဆိုပြီး အခုလို တိုက်ခိုက်တာမျိုးကတော့ ရှားပါတယ်။

မစ္စတာ အက်စ်ကန်ဒွန်ကတော့ သူ့ကို ပြန်ပေးဆွဲပြီး သတ်ဖို့ကြံတဲ့အမှုနဲ့ ဒီလူတွေကို အရေးယူမယ်လို့ ပြောပါတယ်။

ဘေးလူတွေ ရိုက်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးရှေ့က ဗီဒီယိုမှာတော့ သူ့ကို လူတစ်စုက ရုံးထဲက ဆွဲထုတ်လာပြီး ကားပေါ်အတင်းတင်နေတဲ့ ပုံတွေ ပါပါတယ်။

https://twitter.com/Tabalminutomx/status/1181669483431301120


သူ့ကို လက်ကိုကြိုးတုပ်၊ ထရပ်ကားနောက်မှာ တွဲလောင်းချည်ပြီး လက်စ် မာဂရီတာမြို့ထဲက လမ်းတွေမှာ ကားဖြတ်မောင်းသွားတဲ့ ပုံကို စီစီတီဗီ မှာ ရိုက်မိထားပါတယ်။

ကားကို ရပ်ပြီး သူ့ကို ကယ်နိုင်ဖို့ ရဲအင်အား အတော်များများ သုံးခဲ့ရပါတယ်။

ရဲနဲ့ ပြန်ပေးသမားတွေ လုံးထွေးသတ်ပုတ်ခဲ့ရပြီး တချို့ ဒဏ်ရာ ရခဲ့ပါတယ်။

https://twitter.com/tinta_fresca/status/1181646714731675648


ပြီးခဲ့တဲ့ လေးလတုန်းကလည်း လူတစ်စုက သူ့ရုံးခန်းမှာ သူ့ကို ဝင်ရှာခဲ့ကြပြီး သူ့ကိုမတွေ့တဲ့အခါမှာ ရုံးခန်းကို ဖျက်ဆီးသွားခဲ့ကြပါတယ်။

အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ တုန်းကလည်း သူ့ပြိုင်ဘက် ကိုယ်စားလှယ်လောင်းနဲ့ သူ့ကို အားပေးသူတွေအကြား ငြင်းခုန်ရန်ဖြစ်မှုမှာ သူပါ ပါတယ်ဆိုပြီး အဖမ်းခံခဲ့ရပါသေးတယ်။ နောက်တော့မှ သက်သေ မခိုင်လုံလို့ သူပြန်လွတ်လာတာ ဖြစ်ပါတယ်။

บทความก่อนหน้านี้ไล่ออก โชเฟอร์สาย8 ขับชนที่กั้นทางรถไฟ ขสมก.สั่งปรับ5พันบาท
บทความถัดไปลูก2ขวบอวัยวะเพศฉีกขาด! แม่พาลูกแจ้งจับตาขืนใจ ยายโต้ไม่จริงทิ้งให้เลี้ยงมากับมือ