Khaosod
Online

วันอาทิตย์ ที่ 27 ก.ย. 2563

ကျုံးဒိုး လှည့်ကင်း ရဲကားတိုက်ခိုက်ခံရမှု ကရင်လက်နက်ကိုင်အဖွဲ့တွေ သဘောထားပြော

12 พ.ย. 2562 - 22:47 น.

ကရင်ပြည်နယ် ကျုံဒိုးမှာ လှည့်ကင်းရဲကား လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ကြပါတယ်။

ကျုံဒိုးတန်ဆောင်တိုင် နိုဝင်ဘာ၁၁ ရက်ညက လက်ပစ်ဗုံးနဲ့ ရဲကားကို တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ ဝင်သုံးဦး အပါအဝင် အနည်းဆုံး လူ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ခန့်ဒဏ်ရာရှိခဲ့ပါတယ်။

လက်ပစ်ဗုံးနဲ့ တိုက်ခိုက်သွားလို့ ဒဏ်ရာရထားတဲ့သူတွေကို နိုဝင်ဘာလ ၁၂ ရက် မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဦးဆောင်ပြီး အသုံးအဆောင်ပစ္စည်းတွေ သွားပေးရင်း အားပေးစကား ပြောခဲ့ပါတယ်။

ကေအန်ယူ အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့တွေက ဒီတိုက်ခိုက်မှုကြောင့် သူတို့ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေး ထိခိုက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကရင်ပြည်နယ် ကျုံဒိုးမြို့မှာ နိုဝင်ဘာ ၁၁ ရက် ည ၈နာရီခွဲလောက်က တန်ဆောင်တိုင်ပွဲတော် ကျင်းပနေချိန် လုံခြုံရေးယူပေးနေတဲ့ ရဲကားပေါ် လက်ပစ်ဗုံး ပစ်သွင်းခံရလို့ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ် ။

ကျုံဒိုးမြို့ရဲစခန်းက ရဲကင်းလှည့်ကားနဲ့ တန်ဆောင်တိုင်ပွဲတော်ကို လုံခြုံရေးယူပေးနေချိန်မှာ ဆိုင်ကယ်သမားတစ်ဦးက ရဲကားပေါ် လက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာနဲ့ ပစ်သွင်းခဲ့လို့ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားတချို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်

"လုံခြုံရေးယူပေးနေတဲ့ ကားပေါ် လက်ပစ်ဗုံးကျတယ်။ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ သေဆုံးအရေအတွက်တော့ သေချာမသိရသေးပါဘူး"လို့ ကရင်ပြည်နယ်အစိုးရ အဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က နိုဝင်ဘာ လ ၁၁ ရက်နေ့က ဘီဘီစီကို ပြောခဲ့ပါတယ်။

"ဒဏ်ရာပြင်းထန်တဲ့သူတွေ၊ စိုးရိမ်ရတဲ့သူတွေကို ဘားအံကို ခေါ်လာနေပါတယ်။ လုံခြုံရေးအပိုင်းကို ရဲတပ်ဖွဲ့တွေနဲ့ ဆက်လုပ်နေပါတယ်" လို့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ရဲကားပေါ် လက်ပစ်ဗုံးတိုက်ခိုက်ခံရမှု အပြီးမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒီအမှုကို ဖော်ထုတ်ဖို့ အချက်အလက်တွေနဲ့ ကွင်းဆက်တွေကို အတော်လေးရရှိထားပြီလို့ ကရင်ပြည်နယ်အစိုးရ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အခုထိတော့ တရားခံကို ဖမ်းမိတာ မရှိသေးပါဘူး။

တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အခုလို တိုက်ခိုက်သွားတာကို လက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအတွင်းရေးမှူးချုပ် ပဒိုတာဒိုမူးက ဘီဘီစီကို ပြောပါတယ်။

ဒီကေဘီအေ ဆက်ဆံရေးရုံးများ တာဝန်ခံ ဗိုလ်မှူးကြီး စောကျော်သန်းဌေးက အစိုးရဝန်ထမ်းတွေကို ဒီလို တိုက်ခိုက်တာကို ကန့်ကွက်တယ်လို့ ပြောပါတယ်။

ဘားအံမှာလုပ်တဲ့ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ ဇနီး တက်ရောက်
BBC
ဘားအံမှာလုပ်တဲ့ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ ဇနီး တက်ရောက်

ကရင်ပြည်နယ်ထဲက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကေအန်ယူ၊ ငြိမ်းချမ်းရေးကောင်စီနဲ့ ဒီကေဘီအေအဖွဲ့တွေအပြင် တခြားအဖွဲ့အစည်းတွေပါ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေမရှိတော့ဘူးလို့ ဒေသခံတွေက ပျော်ရွှင်နေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်တာကို ဒေသခံလူထုတွေရော စီးပွားရေးလုပ်ငန်းရှင်တွေပါ မနှစ်သက်ကြဘူးလို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကျုံးဒိုး လှည့်ကင်း ရဲကားတိုက်ခိုက်ခံရမှု ကရင်လက်နက်ကိုင်အဖွဲ့တွေ သဘောထားပြော
ข่าวที่เกี่ยวข้อง