ပျဉ်းမနားမှာ အမှိုက်နဲ့ အနွေးထည် လဲပေး အပါအဝင် မနက်ခင်းသတင်းများ

အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်တထည်ပေး

Getty Images
အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်တထည်ပေး

ပျဉ်းမနားမှာ အမှိုက်နဲ့ အနွေးထည် လဲပေး

အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်တထည်ပေးတဲ့ လှုပ်ရှားမှုကို ပျဉ်းမနားမြို့က လူမှုကူညီရေးအဖွဲ့တခုက စတင်ပြုလုပ်နေပါတယ်။

ပလတ်စတစ်အပါအဝင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ဆွေးမြေ့ဖို့ခက်ခဲတဲ့ အမှိုက်အမျိုးအစား တပိဿာ၊ ဖော့ဘူးအစရှိတာတွေကို လာပို့ရင် ဆောင်းရာသီအတွင်း ဝတ်ဆင်နိုင်မယ့် အနွေးထည်ကို ပေးတာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၁ရက်နေ့ တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလ လတိုင်းရဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ပျဉ်းမနားမြို့က ချို့တဲ့တဲ့ရပ်ကွက်အများစုကို လှည့်လည်ကာ အမှိုက်နဲ့ အနွေးထည် လဲလှယ်တာလို့ လှုပ်ရှားမှုကို စတင်တဲ့ မျှဝေသော လက်များ (ပျဉ်းမနား) ကူညီရေးအဖွဲ့က သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့၊ လှုပ်ရှားမှု စတင်တဲ့အချိန်မှာပဲ အမှိုက် ပိဿာ ၃၀၀ ရရှိခဲ့ပြီး အနွေးထည် ၃၀၀ ကို ဝေမျှပေးခဲ့ရတယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက ဘီဘီစီကိုပြောပါတယ်။

“ကလေးတွေက အသိပညာပေး သရုပ်ဖော်ပြတာတွေကို စိတ်ဝင်စားတယ်။ အမှိုက်လာပေးပြီး အနွေးထည် ယူတာတော့ လူကြီးတွေများတယ်” လို့သူကပြောပါတယ်။

မျှဝေသော လက်များ (ပျဉ်းမနား) ကူညီရေးအဖွဲ့က ဆောင်းရာသီမှာ အနွေးထည်လိုအပ်နေသူတွေကို ပြီးခဲ့တဲ့ ၃နှစ်ကျော်ကတည်းက အခမဲ့ဝေပေးနေတာဖြစ်ပေမယ့် အခုနှစ်ဆောင်းတွင်းမှာတော့ အမှိုက်နဲ့ အနွေးထည်လဲလှယ်တဲ့အစီအစဉ်ကို ပထမဆုံး စတင်လုပ်ဆောင်တာဖြစ်ပါတယ်။

သိမ်းဆည်းရရှိတဲ့ အမှိုက်တွေကိုတော့ နေပြည်တော်စည်ပင်သာယာရေးအမှိုက်သိမ်းကားနဲ့အတူ သတ်မှတ်ထားတဲ့ ကွင်းကြီးသုဿာန်အမှိုက်ပုံမှာ စွန့်ပစ်ကြတယ်လို့ အဖွဲ့ထံကသိရပါတယ်။

ပိုက်ဆံတောင်းတဲ့ ဦးစီးမှုးတာဝန်ယူထားသူ ဦးဝင်းအောင်ကို စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၅၀ကို လက်ဝယ်ရောက်ရှိ ရယူထားတာကို တွေ့ရ

BBC
ပိုက်ဆံတောင်းတဲ့ ဦးစီးမှုးတာဝန်ယူထားသူ ဦးဝင်းအောင်ကို စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၅၀ကို လက်ဝယ်ရောက်ရှိ ရယူထားတာကို တွေ့ရ

ပြန်စွန့်တဲ့လယ်မြေ လက်ရောက်ပြန်ပေးဖို့အတွက် ပိုက်ဆံတောင်းတဲ့ မြေစာရင်းဦးစီးကို အဂတိနဲ့စွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ရွာအတွင်းတပ်က ပြန်စွန့်တဲ့ လယ်မြေ ၄၅၃ ဧက၊ လယ်သမားတွေ လက်ရောက်ပြန်လိုချင်ပါက တဧက ၁ သိန်းနှုန်းပေးဖို့ တောင်းယူခဲ့သူ ရေးမြို့နယ် လယ်ယာမြေစီမံခန့် ခွဲရေးနဲ့ စာရင်းအင်းဦစီးဌာန ဒုဦးစီးမှုး (ဦးစီးတာဝန်) ကို အဂိတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၂ရက်နေ့မှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ထုတ်ပြန်ပါတယ်။

ပိုက်ဆံတောင်းတဲ့ ဦးစီးမှုးတာဝန်ယူထားသူ ဦးဝင်းအောင်ကို စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၅၀ကို လက်ဝယ်ရောက်ရှိ ရယူထားတာကို တွေ့ရထားလို့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်တယ်လို့ ယူဆကာ ရေးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ ကော်မရှင်က အတည်ပြုထုတ်ပြန်ပါတယ်။

အဲဒီ သိန်း ၅၀က လယ်ဧက ၄၅၃ဧက ထဲက ပိုင်ရှင်အချို့ ၁၄ဦးထံကနေ တောင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း တပ်ကစွန့်လွှတ်ထားတဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းက လယ်ဧက ၃၀၀ ကျော်ကို တိုင်းအစိုးရက ပြန်မပေးသေးတာကြောင့် မင်းကင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

မင်္ဂလာဒုံက ပြန်စွန့်လယ်မြေတွေကတော့ ပိုင်ရှင်တွေနဲ့ အစိုးရအကြား စီမံကိန်းအကောင်အထည်ဖော်ဖို့ ကိစ္စကို နှစ်ဘက် ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီး မအောင်မြင်ပေမယ့်လည်း လက်ရှိအချိန်အထိ ပြန်မပေးသေးတာ လို့ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းသိမ်းဆည်းခံရတဲ့ လယ်ယာမြေနဲ့ အခြားမြေများကို အမြန်ဆုံး စုံစမ်း၊ စစ်ဆေး ဖော်ထုတ်ပြီး ပိုင်ရှင်တွေလက်ဝယ်အရောက်ပြန်လည်ပေးအပ်ရမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောဆိုထားပေမယ့်လည်း ပိုင်ရှင်လက်ဝယ် ပြန်ပေးအပ်တဲ့အခါမှာတော့ ကြန့်ကြာမှုတွေရှိနေတယ်လို့ လယ်သမားအရေးလုပ်ဆောင်နေသူတွေနဲ့ လယ်သိမ်းခံ တောင်သူလယ်သမားတွေက ဝေဖန်ပြောဆို ကြပါတယ်။

မုန်းတိုင်းကြောင့်ဘဲ ပြီးခဲ့တဲ့ စနေနေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့တဲ့ ဆီးဂိမ်းက ပွဲစဉ်တချို့ကိုလည်း ပယ်ဖျက်တာ၊ ပြန်လည်ကျင်းပတာတွေ လုပ်ထားပါတယ်။

EPA
မုန်းတိုင်းကြောင့်ဘဲ ပြီးခဲ့တဲ့ စနေနေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့တဲ့ ဆီးဂိမ်းက ပွဲစဉ်တချို့ကိုလည်း ပယ်ဖျက်တာ၊ ပြန်လည်ကျင်းပတာတွေ လုပ်ထားပါတယ်။

ဆီးဂိမ်းကျင်းပနေတဲ့ ဖိလစ်ပိုင်မှာ အားပြင်းတဲ့ တိုင်ဖုန်းခန်မာရီကြောင့် လူထောင်ချီပြောင်းရွှေ့နေရ

အားပြင်းတိုင်ဖုန်းမုန်တိုင်း ခန်မာရီက ကုန်းတွင်းကိုဝင်ရောက်ဖို့ ဦးတည်နေပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကမ်းခြေ လူဇွန်ကို ချဉ်းကပ်လာပြီဖြစ်ပါတယ်။

ကမ်းရိုးတန်း၊ တောင်းပေါ်ဒေသ လူဦးရေ ၂သိန်းလောက်ကို မုန်တိုင်းကြောင့် ရေကြီးတာ၊ မုန်တိုင်းဒဏ်မခံ ရအောင်၊ မြေပြိုမှုတွေကနေ လွတ်ကင်းအောင်လို့ ရွှေ့ပြောင်းကယ်ဆယ်ရေးတွေ လုပ်ပေးနေရပါတယ်။

မုန်တိုင်းကြောင့် မနီလာလေဆိပ်ကိုလည်း ဒီကနေ့ အင်္ဂါနေ့မှာ ဖိလစ်ပိုင်စံတော်ချိန် မနက် ၁၁နာရီက စတင်ကာ ၁၂ နာရီကြာအောင် ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။

မုန်းတိုင်းကြောင့်ဘဲ ပြီးခဲ့တဲ့ စနေနေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့တဲ့ ဆီးဂိမ်းက ပွဲစဉ်တချို့ကိုလည်း ပယ်ဖျက်တာ၊ ပြန်လည်ကျင်းပတာတွေ လုပ်ထားပါတယ်။

ဖိလစ်ပိုင်၊ ဆွာဆိုဂွန်ပြည်နယ်မှာဆိုရင် မုန်တိုင်းပြင်းအားက တနာရီကို ၉၆မိုင်နှုန်းနဲ့ လေပြင်းတွေ တိုက်ခတ်နိုင်ပြီး၊ မိုးသက်လေပြင်းတွေက တနာရီကို ၁၄၆မိုင်အထိ ရှိနိုင်ပါတယ်။

บทความก่อนหน้านี้ชีวิตบนถนนของคนพิการขาที่ผันตัวมาเป็นคนขับรถรับส่งผู้โดยสาร
บทความถัดไปสายการบินดังป่วน!! ผู้โดยสารบุกเคาน์เตอร์สนามบินเชียงใหม่ ดีเลย์ข้ามวัน