Khaosod
Online

วันศุกร์ ที่ 7 ส.ค. 2563

ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးများကို ထိုင်းမှာဖမ်းဆီး

6 ธ.ค. 2562 - 17:26 น.

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည်သျှင်နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ကို ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ထိုင်းအစိုးရက ဖမ်းဆီးလိုက်တယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က သတင်းရရှိပါတယ် ။

ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ဘီဘီစီက မေးကြည့်တော့ " အခုပဲ အဲဒီသတင်းကြားလို့စိတ်မကောင်းဖြစ်နေတာ ။ ကိုယ့်သမီးတယောက် အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ အဲဒီထဲ မြေးလေးနှစ်ယောက်လည်း ပါတယ်။" လို့ ဘီဘီစီကို အတည်ပြုပါတယ်။

အခု ဖမ်းခံရသူ စစ်ဦးစီးချုပ်ရဲ့ ဇနီးဖြစ်သူ မဇာဇာ နဲ့ သားသမီးတို့ကို မြန်မာနယ်စပ် မဲဆိုင်မှာ ရဟတ်ယာဉ်နဲ့ သယ်ဆောင် သွားတာတွေ့ပြီး မြန်မာပြည်ကို ပြန်ပို့မယ်လို့ ယူဆရကြောင်း ထိုင်းနိုင်ငံက ရခိုင်အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

ဖမ်းဆီးခံရသူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဖမ်းခံရသူ သားသမီးတွေအနက် သမီးဖြစ်သူမှာ စောပြည့်သျှင်မှာ အသက် ၁၁ နှစ်အရွယ်ရှိပြီး သားဖြစ်သူ မှာ အသက် တစ်နှစ်ကျော်ရှိပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ဆယ်ဦးကို ရက္ခိုင့်တပ်မတော် အေအေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ နဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကိုလည်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာစဉ်မှာပဲ မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းတရားရုံးမှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ခမဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ " အန်ကယ် ဘယ်သူ့ဘက်ကမှ မရပ်တည်ဘူး အမှန်တရားဖက်ကပါ ရပ်တည်မယ် ဒါဥပဒေအတိုင်းသွားရမှာပဲ။ အန်ကယ် ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်မယ် ။ အနာဂတ်ကို ဘယ်သူမှ မပိုင်ဘူး " ဟု ဆိုပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ရဲမှူးကြီး မျိုးအောင်က ဒီကိစ္စကို မသိရှိရသေးကြောင်း ပြောဆိုပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးများကို ထိုင်းမှာဖမ်းဆီး
ข่าวที่เกี่ยวข้อง