အေအေစစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့ ကလေးနှစ်ဦးကို ထိုင်းအစိုးရ အပြည့်အဝကာကွယ်ပေးဖို့ အေအေ တောင်းဆို၊ ဖလော်ရီဒါပစ်ခတ်မှုအတွက် ဆော်ဒီဘုရင်က အမေရိကန်ကို ဝမ်းနည်းစကားပြော သတင်းတွေအပါအဝင် မနက်ခင်းထိပ်တန်းသတင်းများ

(၁) အေအေစစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့ ကလေးနှစ်ဦးကို ထိုင်းအစိုးရ အပြည့်အဝကာကွယ်ပေးဖို့ အေအေ တောင်းဆို

အေအေစစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့ သားသမီးနှစ်ဦးကို မြန်မာနိုင်ငံကိုပြန်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုနေပါတယ်

EPA
အေအေစစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့ သားသမီးနှစ်ဦးကို မြန်မာနိုင်ငံကိုပြန်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုနေပါတယ်

ရက္ခိုင့်တပ်မတော် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့ သားသမီးနှစ်ဦးကို ထိုင်းနိုင်ငံအစိုးရက လူ့အခွင့်အရေးအရ အပြည့်အဝကာကွယ်ပေးမယ်လို့ ယုံကြည်ကြောင်း အေအေပြောခွင့်ရသူ ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာ စစ်ဦးစီးချုပ်မိသားစုဝင်တွေဟာ ထိုင်းမှာပဲ ရှိနေသေးတယ်လို့ သိရပြီး ထိုင်းက ပြန်မလွှဲပေးသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။ စစ်ဦးစီးချုပ်မိသားစုကို ထိုင်းဘက်ကနေ မြန်မာကို ဒီဇင်ဘာ ၅ ရက်မှာလွှဲပြောင်းဖို့လုပ်ထားပေမယ့် အစီအစဉ်ပျက်သွားတယ်လို့ မြန်မာဘက်က လက်ခံမယ့်အဖွဲ့မှာပါတဲ့ တာချီလိတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ကလည်း ပြောပါတယ်။

မနှင်းဇာဖြူဟာ တစ်နှစ်ကျော် အရွယ် သားနဲ့အတူ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး ထိုင်းမှာ ကျောင်းတက်နေတဲ့ အသက် ၁၁ နှစ်အရွယ် သမီး မစောပြည့်ရှင်နဲ့ သူ့ရဲ့ နေထိုင်ခွင့် ဗီဇာသက်တမ်း လာတိုးချိန် ဒီဇင်ဘာ ၄ ရက်မှာ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့မိသားစုဝင်တွေကို မြန်မာနိုင်ငံဘက် ပြန်မလွှဲဖို့ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့ တွေကလည်း တောင်းဆိုနေကြပါတယ်။

ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် တော်လှန်ရေးသမားတွေ အစဉ်အဆက် နေထိုင်ခဲ့တဲ့နေရာ ဖြစ်တဲ့အတွက် အခု ဖြစ်ရပ်မှာတော့ ထိုင်းဟာ သံတမန်ရေးအရ ဖိအားတွေများလာတဲ့အပေါ် မျက်နှာမပျက်အောင် လုပ်တယ်လို့မြင်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့မိန်းမဖြစ်ရုံ၊ အေအေစစ်ဦးစီးချုပ်ရဲ့ သားသမီးဖြစ်ရုံနဲ့ သူတို့ တရားဝင်ကိုင်ဆောင်သွားလာနေတဲ့ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်စာရွက်စာတမ်းတွေကို သိမ်းဆည်း ဖျောက်ဖျက်တာဟာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို မြန်မာအစိုးရက ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘက်နဲ့မသက်ဆိုင်တဲ့ ကလေးငယ်တွေကို ဒုက္ခပေးတာဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက် တာဖြစ်တဲ့အတွက် ထိုင်းအစိုးရအနေနဲ့ လူ့အခွင့်အရေးအရ အကာအကွယ်ပေးဖို့တာဝန်ရှိနေပြီး အကောင်းဆုံးအပြည့်အ၀ ကာကွယ်ပေးမယ်လို့လည်း ယုံကြည်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

အခုလို အေအေစစ်ဦးစီးချုပ်မိသားစုဝင်တွေဖမ်းခံရတဲ့အပေါ် ဦးခိုင်သုခသဘောထားက

“စစ်ဘက်နဲ့ မပတ်သက်တဲ့မိသားစုဝင်တွေကို ဒုက္ခပေးတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ မိသားစုဆိုတာ ကျွန်တော်တို့ဘက်မှာပဲရှိတာမဟုတ်ဘူး။ အစိုးရဘက်မှာလည်း မိသားစုရှိတာပဲ။ သူတို့ ဘက်က ကျွန်တော်တို့မိသားစုတွေကို ပစ်မှတ်ထားလာလို့ရှိရင်တော့ အဲဒီလိုလုပ်ရပ်တွေများလာရင်တော့ တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေပိုများလာရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဖြစ်လာ နိုင်တယ်”

“ဆုံးရှုံးသွားတာကို ပြန်ရဖို့ဆိုရင် နိုင်အောင်တိုက်ရမှာပဲ” – ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ဒီလို စစ်ဦးစီးချုပ်မိသားစုကို ဖမ်းထားတဲ့အတွက် အေအေဘက်က ဖမ်းထားတဲ့ အမျိုးသား လွှတ်တော် အမှတ် ဦးဝှေ့တင်းအပါအဝင် ဓားစားခံတွေနဲ့ပတ်သက်လို့ အလျော့အတင်းလုပ်ဖို့တော့ မရှိဘူးလို့ ဦးခိုင်သုခ က ပြောပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့ ညီ၊ ညီမနဲ့ ယောက်ဖ၊ ဒါ့အပြင် စင်ကာပူက အေအေထောက်ခံတယ်ဆိုတဲ့ ရခိုင်အသင်းခေါင်းဆောင်တွေကို လက်ရှိမှာ မြန်မာအစိုးရက ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

() ဖလော်ရီဒါပစ်ခတ်မှုအတွက် ဆော်ဒီဘုရင်က အမေရိကန်ကို ဝမ်းနည်းစကားပြော

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖလော်ရီဒါရေကြောင်းလေတပ်အခြေစိုက်စခန်း

Reuters
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖလော်ရီဒါရေကြောင်းလေတပ်အခြေစိုက်စခန်း

ဖလော်ရီဒါက စစ်တပ်စခန်းတစ်ခုမှာ ဆော်ဒီအာရေဗျ နိုင်ငံသား သေနတ်သမားက ပစ်လို့ လူသုံးဦး သေဆုံးခဲ့ရပြီး ဆော်ဒီဘုရင်က အဲဒီအတွက် ဝမ်းနည်းရကြောင်း သတင်းစကားပါးတယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောပါတယ်။

သေနတ်သမားဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ပြီး ဆော်ဒီပြည်သူတွေက ဒေါသထွက်နေတယ်။ ဒါဟာ ဆော်ဒီပြည်သူတွေရဲ့သဘောထားကိုမထင်ဟပ်ဘူး၊ ဆော်ဒီပြည်သူတွေက အမေရိကန်လူထုကို ချစ်ခင်တဲ့အကြောင်း ဆော်ဒီဘုရင်က ပြောတယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ သင်တန်းတက်ဖို့ရောက်နေတဲ့ အဲဒီသေနတ်သမားပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံး တာအပြင် နောက်ထပ် လူရှစ်ယောက်လည်း ဒဏ်ရာရသွားပါတယ်။

ပစ်တဲ့သူကိုယ်တိုင်လည်း သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားပါတယ်။

ဘာကြောင့် သူ အဲဒီလိုလုပ်လဲဆိုတာကိုတော့ စုံစမ်းနေဆဲပဲလို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရော်နီစန်တစ်က ပြောပါတယ်။

() ကင်ညာမှာ ဘတ်စ်ကားတစ်စီး ချောင်းမြောင်းတိုက်ခိုက်ခံရလို့ လူ ၆ ဦးသေ

ကင်ညာနိုင်ငံအရှေ့မြောက်ပိုင်းမှာ လက်နက်ကိုင်လူတစ်စုက ဘတ်စ်ကားတစ်စီးကို ချောင်းမြောင်း တိုက်ခိုက်လို့ အနည်းဆုံး လူခြောက်ဦး သေဆုံး သွားပါတယ်။

ဆိုမာလီအစ္စလာမစ်စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ်က သူတို့လက်ချက်လို့ပြောပြီးတော့ အစိုးရအဖွဲ့က လူ ၁၀ ဦး သေသွားတယ်လို့ သိရပါတယ်။

နယ်စပ်ကိုဦးတည်သွားတဲ့ဘတ်စ်ကားကို လက်နက်ကိုင်တွေက ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး ကင်ညာ နွယ်ဖွား ဆိုမာလီနိုင်ငံသား မဟုတ်တဲ့သူတွေကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

() ဗြိတန်ရွေးကောက်ပွဲမတိုင်ခင် ကွန်ဆာဗေးတစ်နဲ့ လေဘာပါတီခေါင်းဆောင်တွေ နောက်ဆုံးအကြိမ် စကားစစ်ထိုး

အခုရွေးကောက်ပွဲဟာ ဘယ်သူနိုင်မယ်ဆိုတာ မှန်းဆရခက်နေပါတယ်

Reuters
အခုရွေးကောက်ပွဲဟာ ဘယ်သူနိုင်မယ်ဆိုတာ မှန်းဆရခက်နေပါတယ်

ဗြိတိန်အထွေထွေရွေးကောက်ပွဲ လာမယ့်သီတင်းပတ်မှာ ကျင်းပတော့မှာဖြစ်ပြီး လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဘောရစ်ဂျွန်ဆင်နဲ့ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကိုဘင်တို့ ရုပ်မြင်သံကြားမှာ နောက်ဆုံး အကြိမ် စကားစစ်ထိုးခဲ့ကြပါတယ်။

စကားစစ်ထိုးပွဲမှာ ပရိသတ်တွေက ဘရက်ဇစ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို မေးတဲ့အခါ လေဘာ ပါတီ ခေါင်းဆောင် ဂျရမီကိုဘင်က ဥရောပသမဂ္ဂအီးယူကနေ ဗြိတိန်နုတ်ထွက်မယ့် ဘရက်ဇစ်နဲ့ပတ်သက်ပြီး အီးယူနဲ့ သဘောတူညီချက်အသစ် ရအောင်လုပ်ပြီး လူထုကို ပြန်တင်ပြမယ်လို့ ဆိုပါတယ်။

မစ္စတာဂျွန်ဆင်ကတော့ သူလုပ်ထားတဲ့ သဘောတူညီချက်အရ အီးယူကနေ နောက်လဆို ထွက်မယ်လို့ ပြောပါတယ်။

ဗြိတိန်ရွေးကောက်ပွဲဟာ ဘယ်သူနိုင်မယ်ဆိုတာ မှန်းဆရအလွန်ခက်တဲ့ရွေးကောက်ပွဲလို့လည်း သတင်း ထောက်တွေက မှတ်ချက်ပေးနေကြပါတယ်။

บทความก่อนหน้านี้เตือนภัยพ่อแม่! งูเห่าหนีหนาว ซุกรองเท้า ด.ช.10 ขวบหวิดดับ
บทความถัดไปพระจันทร์ฉาย คว้าชัย คู่เอก “ศึกลุมพินีแชมเปี้ยนเกริกไกร”เวทีลุมพินี