Khaosod
Online

วันพฤหัสบดี ที่ 20 ก.พ. 2563

ရွှေဈေးကွက်ကို ဥပဒေပြုပြီးအစိုးရက ထိန်းချုပ်ဖို့ကြိုးစားနေ

31 ธ.ค. 2562 - 00:30 น.

ဗဟိုဘဏ်က အသစ်ပြန်လည် ရေးဆွဲထားတဲ့ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်းမှာ ရွှေနဲ့ လက်ဝတ် ရတနာများ ရောင်းဝယ်ခြင်း အတွက် ဗဟိုဘဏ် ခွင့်ပြုချက်ရယူဖို့ သတ်မှတ်ချက်တွေ ထည့်သွင်းထားပါတယ်။

အဲဒီဥပဒေဟာ ပြည်ထောင်စုလွှတ်တော်ကိုရောက်နေပြီးတော့ဈေးကွက်ထဲမှာရောင်းဝယ်နေကြတဲ့ စံချိန်မီရွှေ ရွှေအရည်သွေး ၉၉.၅ ရှိတဲ့ ရွှေတုံးမျိုးတွေပိုင်ဆိုင်ခြင်းကို ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရယူ မယ်ဆိုပြီးအဆိုပါ ဥပဒေကြမ်းမှာ ထည့်ထားတာပါ။

အသစ်ပြန်စမယ့်လွှတ်တော် အစည်းဝေးတွေမှာဒီဥပဒေကြမ်းကိုဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ဒါပေမယ့် ဥပဒေကြမ်းအဆင့်ပဲရှိသေးတာဖြစ်သလို လုပ်ထုံးလုပ်နည်း နဲ့နည်းဥပဒေတွေထွက်လာရင်လည်း ပြောင်းလာနိုင်တာကြောင့် စံချိန်မီရွှေ အားလုံးမဟုတ်ဘဲ နဲ့ ပမာဏ တစ်ခု သတ်မှတ်ကောင်း သတ်မှတ်နိုင်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦကျော်ဝင်းကပြောပါတယ်။

ရွှေဆိုင်
Huw Evans picture agency
အခုရက်ပိုင်း ရွှေစျေးတက်

စံချိန်မီရွှေကို ရွှေသန့်စင်မှု ၉၉ ဒသမ ၅ ရာခိုင်နှုန်း နဲ့ အထက်ရှိတဲ့ ရွှေချောင်း၊ ရွှေတုံးတွေ ဖြစ်ကြောင်း ဗဟိုဘဏ် ဥပဒေကြမ်း မှာ သတ်မှတ်ထားပါတယ်။

"စံချိန်မီရွှေ ကို နိုင်ငံခြားငွေလို့ သတ်မှက်လိုက်တာပါ၊ အဲဒီလို သတ်မှက်လိုက်လို့ ဗဟိုဘဏ် ခွင့်ပြုချက်လိုကို လို တယ်ဖြစ်တယ်ဆိုတဲ့သဘောပါ"လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦကျော်ဝင်းကပြောပါတယ်။

အခုလက်ရှိမှာ တော့ရန်ကုန်မြို့ရွှေဘုံသာလမ်းနဲ့ မန္တလေးရွှေလုပ်ငန်းရှင် အသင်းတို့မှာ စံချိန်မှီ ရွှေတွေကို နေ့စဉ် ပိသာနဲ့ချီပြီးလွတ်လွတ်လပ်လပ်ရောင်းဝယ်နေကြတာဖြစ်ပါတယ်။

စံချိန်မီရွှေကို ပြည်တွင်းမှာ ပမာဏအလိုက် မခွဲခြားဖူးဆိုရင် တော့ ရွှေကို ဝယ်ယူစုဆောင်းတဲ့ သူတွေပါ ဗဟိုဘဏ်ကို ခွင့်ပြုချက်ယူရ မယ့်သဘောမျိုးဖြစ်နေပါတယ်လို့ မန္တလေးကရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မူဆယ်နယ်စပ်ကကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေ
Getty Images
မူဆယ်နယ်စပ်ကကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေ

ဒီ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်း မှာရှင်းရှင်းလင်းလင်း မကွဲပြားတာက ရွှေဆိုင်များတွင် လာရောက် ရောင်းဝယ် တာ ကို ခွင့်ပြုချက် လိုမလို ဆိုတာဖြစ်ပါတယ် ။

"မြန်မာ ကရွှေကြိုက်တော့ ရွှေတုံးလေးတစ်ကျပ် သားနှစ်ကျပ်သားလေးဝယ်တာနဲ့ ဗဟိုဘဏ် လက်မှက်မပါရင် ဒုက္ခရောက်မယ်ဆိုတာက တော့ ပြည်သူပြည်သားအတွက် တော့ အခက်အခဲရှိမှာပေါ့ ဒီဥပဒေကို ထုတ်ရတဲ့ အဓိက ရည်ရွယ်ချက် က ဘာကို ရည်ရွယ်တာလဲဆိုတာပေါ့မှာ မူတည်တာပေါ့ "လို့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင် ကပြောပါတယ်။

အခု ဥပဒေကြမ်းဟာ ပြည်တွင်း ရွှေလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်၊ မန္တလေး လုပ်ငန်းရှင် တွေ နဲ့ အသင်းအဖွဲ့တွေကို ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ ရေးဆွဲထားတာကြောင့် ဈေးကွက် အခြေအနေ တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း လုပ်ငန်းရှင် တွေကပြောပါတယ်။

ဒါပေမယ့်လက်ရှိအချိန် မှာ ဥပဒေကြမ်းအဆင့်သာ ရှိသေးတာကြောင့် ရွှေဈေးကွက်အပေါ်ကို ရိုက်ခတ်နိုင်ချေ မရှိသေးဘူးလို့လည်းလုပ်ငန်းရှင်များက ပြောပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ရွှေဈေးကွက်ကို ဥပဒေပြုပြီးအစိုးရက ထိန်းချုပ်ဖို့ကြိုးစားနေ
ข่าวที่เกี่ยวข้อง