Khaosod
Online

วันพฤหัสบดี ที่ 27 ก.พ. 2563

အီရန်ဘက်က လျှော့သွားပြီလို့ ထရမ့်ပြော

9 ม.ค. 2563 - 00:17 น.
သမ္မတ ထရမ့်
EPA
အီရန်ကို ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့ပြော

အီရတ်မှာရှိတဲ့ အမေရိကန် အခြေစိုက် စခန်းနှစ်ခု ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူး မနက်အစောပိုင်းမှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက် အီရန်က လျှော့သွားပုံရတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ အသေအပျောက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် စခန်းတွေလည်း အပျက်အစီး အနည်းဆုံး အခြေအနေမှာပဲ ရှိတယ်လို့ ပြောပါတယ်။

အီရတ်မှာရှိတဲ့ အယ်ဘီလ် နဲ့ အယ်လ် အာဆတ် အမေရိကန် စစ်အခြေစိုက်စခန်း နှစ်ခုကို ဒေသ အချိန် မနက်ပိုင်းမှာ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုဟာ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အမေရိကန်က သောကြာနေ့တုန်းက တိုက်ခိုက်ခဲ့တာကို လက်စားချေတိုက်ခိုက်တာလို့ အီရန်က ပြောပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ အီရန်ဘက်က လျှော့သွားပြီလို့ ထရမ့်ပြော
ข่าวที่เกี่ยวข้อง