Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ဗုံးမိုးရွာနေ တဲ့အချိန်မှာတော့တိုက်ပွဲ လျှော့ချ ဖို့ဆိုတာ ဆန့်ကျင်ဘက် လိုဖြစ်နေပါတယ်။

16 มี.ค. 2563 - 19:03 น.

အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝဒေသမှာ တပ်မတော်နဲ့ အေအေ တပ်ဖွဲ့ တွေအကြား တိုက်ပွဲတွေအရှိန်မြင့်တက်လာတာနဲ့အမျှ တိုက်ပွဲအသွင်သဏ္ဍန်လည်း ပြောင်းလဲလာတယ်လို့ သိရပါတယ်။ တပ်မတော်က မြေပြင်တပ်တွေရှေ့တန်းမှာထိုးဖောက်ဝင် ရောက်တိုက်ခိုက်နိုင်ဖို့အတွက် လေယာဉ်နဲ့ပစ်ကူပေးတာ၊ အစားအသောက်တွေ ပစ်ချပေး နေရသလို အေအေတပ်ဖွဲ့ကလည်း မြေပြင်ကလာတဲ့ တပ်မတော်တပ်ဖွဲ့တွေကို အကြီးအကျယ် တိုက်ပွဲဆင်နွှဲနေတာ၊ ဖမ်းဆီးရမိတွေရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ တောင်ယာတွေလည်း မီးလောင်ပြီး ထိခိုက်ပျက်စီး နေတာရှိသလို တချို့ရွာတွေမှာလည်း သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ် တွေပါမကျန် ရွာလုံးကျွှတ်ထွက်ပြေးနေကြရပါတယ်။ ပြင်းထန်လာတဲ့ တိုက်ပွဲအခြေ အနေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကို ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဖြေ။ ။ လေတပ်ကို အရင်တိုက်ပွဲတွေထက် ပိုပြီးမှ အဓိကထားပြီးအလုပ်လုပ်တာတွေ့တယ် ၊ဒါပေမယ့် မြေပြင်မှာ လည်း သူတို့ တော်တော်လေး အကုန်လုံးအားစိုက်ပြီးမှ လုပ်ပါတယ်။ လေတပ် တခုတည်းရယ် မဟုတ်ပါဘူး ၊ အမြောက်ကြီးတွေ ရော အကုန်ပါပါ တယ် ။

မေး။ ။ ဘယ်လိုလေယာဉ်တွေသုံးလဲ ၊တစ်ရက် ဘယ်နှစ်စီးလောက် သုံးနေလဲ ။

ဖြေ။ ။ ကျွန်တော် တို့လေယာဉ်တွေကို အောက်ကနေ ကြည့်ပြီး အမျိုး အစားမခွဲတတ်ပါဘူး။ပုံစံကတော့ စုံနေတာပဲ ရဟတ်ယာဉ် လည်းစုံပါတယ်၊ ရိက္ခာ တွေလည်း အပေါ်ကနေ ပစ်ချတဲ့ ဟာတွေရော၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရော အစုံသုံးပါတယ်။ အခု ရက်ပိုင်းကတော့ နေ့ကော ညကော အမြဲတန်းဗုံးကြဲတယ်၊ ဗုံးလည်းအမျိုးစုံပါတယ်။မီးလောင်တဲ့ဗုံးတွေရော ၊ တချို့ ဗုံးကြီးတွေချထားတဲ့နေ ရာဆိုရင် ဆယ်ပေလောက်နက်ပြီးမှ တော်တော်ကျယ်တယ်၊ အဲဒါတွေလည်း တွေ့ပါတယ်။မီးခိုးဗုံးတွေလည်း သုံးပါတယ်။ အရင် ရဟတ်ယာဉ် တွေနဲ့ လူချတဲ့ အချိန်မှာ ဒီဖက် ကအတော် ပစ်လိုက်တယ်။ နောက်ပိုင်းရဟတ်ယာဉ်နဲ့ မချတော့ဘူး ၊ ပုံစံ တမျိုးပေါ့ ၊ဂျက်လေယာဉ်တွေနဲ့ ကားဝင်တဲ့ လမ်းကြောင်းတောက်လျှောက်ပစ်ပေးတယ် ၊မီးခိုးဗုံးတွေချလိုက်တဲ့ အဲ့ဒီ အချိန်မှာ သူတို့ ကားတွေဝင်လို့ရ သွားတယ်၊ ပို့လို့ရသွားတယ် ။ပုံစံတွေအမျိုးမျိုးပါပဲ၊ တိုက်ပုံ တိုက်နည်းတွေက။

မေး။ ။ ရခိုင်ပြည်နယ်မှာ အခုဖြစ်တဲ့ တိုက်ပွဲကမြေပြင်မှာ စစ်ရှိန်မြင့်ပြီး အဆင့်တက်သွားတဲ့ သဘောလား ၊ ဘယ်ပုံစံ အထိရောက်နေလဲ။

ဖြေ။ ။အဲဒီဂွင်မှာ တော့ မီးချောင်းဗျုဟာကုန်းလို့ ရိုးရိုးပြောကြပေမယ့် ၊ တကယ်က ကျောက်တော်မြို့နယ်ကနေ ပလက်ဝ မြို့နယ် အထိ ကီလိုမီ တာ ၃၀ လောက် တောင်မြောက် ပေါ့ ၊ ၁၅ မိုင် ပတ်လည်လောက်ပေါ့ အဲဒီဝန်းကျင်လောက်ပေါ့ ၊တိုက်ပွဲ ကတော့ အစုံပါ ပဲ ၊လက်နက်ကြီးလက်နက်ငယ် အစုံပဲ၊ ဒီတစ်ဂွင်လုံးတော့ လူထောင်ချီပြီးမှ ရန်သူအင်အားလည်းများတယ်၊ အတွဲလိုက်ပစ်တဲ့ဒုံးတွေလည်းပစ်ပပါတယ်။ ဆိုတော့တော်တော်လေးကိုပြင်းထန်တဲ့ တိုက်ပွဲလို့ပြောလို့ရတယ်။

မေး။ ။ သူတို့ ကဘယ်နေရာ ကိုအဓီကတိုက်တာလဲ၊ ဘာကြောင့်လဲ။

ဖြေ။ ။ ဗုံးကျဲတာ အမြောက်ပစ်ကူပေးတယ်ဆိုတာကတော့ သူ့ရဲ့ပိတ်မိနေတဲ့ တပ်တွေကို ကယ်တင်ဖို့အတွက်အသည်းအသန်ကြိုးစားနေတာပါပဲ ၊နံပတ်တစ်ကတော့ ပိတ်ဝိုင်းခံထားရတဲ့ ဗျုဟာကုန်းကို ကယ်တင်ရေးပေါ့ ။သူတို့ ရိက္ခာနဲ့ ရေကပြတ်နေတာ ကြာပြီ အဲတော့လေယာဉ်ပေါ်ကနေ ရေသန့်ဗူးတွေ ရေခဲတုံးတွေပေးတယ်၊ ဆန်ပြုတ်ထုပ် တွေ အဲဒါတွေကို ပစ်ချတယ်။ရောက်တဲ့ ဟာလည်း ရောက်၊ မရောက်တဲ့ ဟာလည်း မရောက်ပေါ့၊ လက်နက်ခဲယမ်းလည်းဒီအတိုင်းပါပဲ အဲဒါကို ကယ်တင်ဖို့ အသည်းအသန်ကြိုး စားနေကြတာပါ ။ပို့လိုက်တဲ့ စစ်ကူတွေလည်းချေမူန်းခံလိုက်ရတာရှိတယ်လေ ၊ ခမရ ၇ ဆိုရင် တစ်ရင်းလုံးချေမူန်းခံရတယ်၊ တပ်ရင်းမှူးကိုယ်တိုင်နဲ့ အရာရှိတွေ အမြောက်အများဖမ်းခံထိတယ်ပေါ့။

"ဘယ်လူမျိုးကိုမှ မုန်းပြီးမှ ကျွန်တော်တို့ရဲ့ လွတ်မြောက်မှုကို လိုချင်တာမဟုတ်ဘူး"

ဗိုလ်ချုပ်ထွန်းမြတ်နိုင်
Getty Images
"ဒီထက်အင်အားကြီးအောင်ကြိုးစားရမှာပဲ" ဗိုလ်ချုပ်ထွန်းမြတ်နိုင်

မေး။ ။ ဗုံးတွေက အရပ်ဘက်တွေထိခိုက်နေတယ် ၊စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေပါ အပါပေါ့ ပြည်သူတွေနစ်နာမူကိုကြည့်ပြီးတိုက်ပွဲ အရှိန်လျှော့ချဖို့ မရှိဘူးလား ။

ဖြေ။ ။ ဒီလောက်ကြီး ဗုံးမိုးရွာ နေတဲ့အချိန်မှာ တော့တိုက်ပွဲ လျှော့ချ ဖို့ဆိုတာ ဆန့်ကျင်ဘက် လိုဖြစ်နေပါတယ်။နိုင်ငံရေးအုပ်စုတွေလည်းစောစော ပိုင်းကတည်း က ပြည်သူတွေကို အကာကွယ်ပေးဖို့ လွှတ်တော်မှာရောအ ခြားနေရာအသီးသီးမှာ ပြောဆိုတာရှိပါတယ်။ဒါပေမဲ့ပြည်ထောင်စု အစိုးရသော်လည်းကောင်းလွှတ်တော် အနေ နဲ့လည်းကောင်း ဒါကိုအဖက်လုပ်ပြီးစဉ်းစားတာကိုတော့မတွေ့ရပါဘူး။ဒီထက်ပိုပြီးမှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်ဖို့လိုတယ် ။ကျွန်တော်တို့မှာ မဟာမိတ် အဖွဲ့ရှိတယ် မြောက်ပိုင်း မဟာမိတ် အဖွဲ့ရှိတယ်။ ညီနောင်အဖွဲ့တွေရှိတယ် FPNCC ရှိတယ် ၊ကျွန်တော်တို့ချဉ်းကပ်နေတဲ့ မဟာဗျုဟာ တစ်ခုလုံးကိုကြည့်ပြီးမှပြောရမယ်။ရခိုင်ပြည်နယ်မှာ ဒီအပစ်အခတ်တွေကို ထိန်းသိမ်းဖို့ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုး သားသားတော့ပြောဖို့လိုတာပေါ့။ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောနေပြီးမှ တစ်ဘက် က အပြတ်ကြိတ်နေတဲ့ ခြေလှမ်းမျိုးတွေလှမ်းနေလို့တော့ မဖြစ်ဘူးပေါ့ ၊

မေး။ ။ အခုလို တပ်မတော်နဲ့ အေအေ တိုက်ပွဲ ပြင်းထန်နေချိန် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေကရော ကြားဝင်ဖြေရှင်းတာ ပဲဖြစ်ဖြစ် ၊ကမ်းလှမ်းတာ ပြောဆိုတာတွေ မရှိဘူးလား၊

ဖြေ။ ။ လောလော ဆယ်တော့ ကျွှန်တော်တို့ မကြားမိသေးပါဘူး။

မေး။ ။ အေအေ ကလက်နက်စက်ရုံဆောက်လုပ်ဖို့ အဆင့်အထိရည်မှန်းထားတော့ ဘယ်လို လက်နက်တွေ ထုတ်လုပ်ဖို့ အထိ ရည်မှန်းထား သလဲ ။

ဖြေ။ ။ ဘယ်စစ်တပ် မဆို သူရဲ့ အမှီအခို ကင်းမဲ့သော ရပ်တည်နိုင်ဖို့ ခွန်အားကြီးမားဖို့ အတွက် ကြိုးစားကြမှာပဲ ရက္ခိုင့် တပ်တော် အနေနဲ့ တော့အခုလို မျိုး သာလွန် အင်အား လက်နက်အင် အားနဲ့အနိုင်ကျင့်တာ မခံရဖို့ ကိုယ့်ပြည်သူ အိုးအိမ်တွေကို ကာကွယ်ဖို့ လုံခြုံရေးနဲ့ အချုပ် အခြာအာဏာကို ထိန်းဖို့ အတွက် ဒီထက်အင်အားကြီးအောင်ကြိုးစားရမှာပဲ၊အင်အားကြီးအောင်ကြိုးစားမယ်ဆိုရင် ဒါက မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းဖြစ်တယ်။

မေး။ ။ လက်နက် အင်အား လူအင် အားတောင့်တင်းမှ နိုင်ငံရေးမှာ ပြောအားရှိတယ် ပြောခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အခြေအနေ လား၊

ဖြေ။ ။စကားပြောရုံ သက်သက်ဆိုရင်တော့ လက်နက်စက်ရုံမလိုပါဘူး ၊ကျွှန်တော်တို့ မှာ ဒီထက်ကျယ်ပြန့်တဲ့ အတွေးရှိပါတယ်။ကျွှန်တော်တို့ ပြည်သူတွေ အသက် အိုးအိမ်စည်းစိမ် လုံခြုံဖို့ အချုပ် အခြာအာဏာ အကျိုးစီးပွားတွေအကုန်လုံးထိပါးမခံရဖို့ power balance လုပ်နိုင်တဲ့ အနေ အထားကို အခိုင် အမာ တည်ဆောက်ထားဖို့တော့ လိုအပ် ပါ တယ်။

မေး။ ။ ပလက်ဝ တိုက်ပွဲအခြေအနေ က ဘယ်လိုတွေ့ရလဲ။ အေအေတပ်ဖွဲ့တွေလှုပ်ရှားလို့မရအောင် တပ်မတော်က တိုက်ထုတ်နေတယ်လို့ တချို့က သုံးသပ်တယ်။ အဲဒီလိုတွေ့နေရလား။

ဖြေ။ ။ အစောပိုင်းမှာ က သူတို့ ရည်၇ွှယ်ချက်က ကျွှန်တော်တို့ ရပ်တည်လို့ မရအောင်ပေါ့ ၊ဒါပေမယ့် အခု လက်ရှိအခြေအနေမှာ ကတော့ သူတို့ သိက္ခာမကျအောင် အသည်းအသန်ကာကွယ်နေရတဲ့ သဘော၊ အပြင်ပန်း က ကြည့်ရင်တော့ သူကထိုးစစ်ဆင် နေတယ်လို့မြင်ရ မှာပေါ့ ။ကြည်းရေလေ အကုန်သုံးပြီးမှ ကျွှန်တော်တို့ကိုထိုး စစ်ဆင်နေတာလို့ မြင်ရမှာပဲ ၊ဒါပေမဲ့ မြင်အောင်ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့ဂုဏ်သိက္ခာ ကိုမကျအောင် အကာအကွယ် အဖတ်ဆည်ဖို့ အသေအလဲ လုပ်နေရတဲ့ သဘောပဲ၊

မေး။ ။ လက်နက် နဲ့ လူအင်အား အရမ်းကွာတော့ အေအေ ကဘယ်အတိုင်းအတာထိတောင့် ခံနိုင်မလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ ဆယ်နှစ် ကဆိုရင် ကျွှန်တော်တို့မှာ အားလုံးပေါင်းလို့ သေနတ်တစ်လက် ပဲရှိတယ်။နောက်နည်းနည်းကြာ လာတော့ သေနတ်ဆယ်လက် လောက်နဲ့ သေနတ်မှာ ကျည်ဆန် ငါးဆယ်လောက်စီရှိတယ်၊ လူက လူလေးငါးဆယ်လောက်ပဲရှိတယ်၊ အဲတော့ ဘာမှ မရှိတဲ့ အဲ့ဒီအချိန်ကတောင် တစ်စက်မှ မကြောက်ခဲ့ဘူး အခုလို အချိန်မှာ ဆိုရင်တော့ ပိုပြီးတောင်မှ မကြောက်ဘူးပေါ့၊ဒီလိုမျိုးစိုးရီမ်စိတ်တွေရှိရင် တော်လှန်ရေးဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ ကမ္ဘာမှာ အင်အားကြီးတိုင်းအနိုင်ရ တာ မဟုတ်ပါဘူး၊ဥပမာပြောရမယ်ဆိုရင် ဆိုဗီယက်နိုင်ငံ ဆိုတာ ကမ္ဘာမှာ အင်အား အရ ထိပ်တန်း အကြီးဆုံးနိုင်ငံ ပဲ ၁၉၉၁ မှာ တရားမျှတတဲ့ ပြည်ထောင်စုကို မတည်ဆောက်ထားတော့ သူဘာဖြစ်သွားသလဲ အဲဒါတွေက သင်ခန်းစာတွေ အများကြီးရှိပါတယ်။ ကျွှန်တော်တို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးလွတ်မြောက်ဖို့ အတွက် ဘယ်လောက်ကြီးတဲ့နိုင်ငံ ကိုမဆို အံတုပြီးမှ လွတ်မြောက်သွားကြ တာချည်းပါဘဲ ။ဒါကြောင့်ကျွန်တော်တို့ ကနောက်ကို မျက်နှာမလှည့်ဘဲ ရှေ့ကိုဆက်လက် ချီတက်သွားမယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဗုံးမိုးရွာနေ တဲ့အချိန်မှာတော့တိုက်ပွဲ လျှော့ချ ဖို့ဆိုတာ ဆန့်ကျင်ဘက် လိုဖြစ်နေပါတယ်။
ข่าวที่เกี่ยวข้อง