Khaosod
Online

วันอาทิตย์ ที่ 31 พ.ค. 2563

ဗိုင်းရပ်မကူးအောင် ရေစင်ဖျန်းတဲ့ နိုင်ငံနဲ့ လမ်းထွက်ခွင့် ကန့်သတ်တဲ့ ပြင်သစ်

17 มี.ค. 2563 - 22:26 น.

ကော်ကေးဆပ်ဒေသက ဂျော်ဂျီယာ သမ္မတ နိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ် မကူးစက်အောင် ကာကွယ်တဲ့အနေနဲ့ အော်သိုဒေါက် ခရစ်ယာန် ဘုန်းကြီးတွေက တစ်ဘလစ်ဆီ မြို့တော်လမ်းတွေပေါ်မှာ ရေစင်ဖျန်းပေးခဲ့ကြပါတယ်။

တစ်ဘလစ်ဆီမြို့ ကက်သီဒြယ် ဘုရားကျောင်းကြီးကနေ ဘုန်းကြီးတွေ လိုက်ပါလာတဲ့ ကားတန်းဟာ မြို့လယ် ရင်ပြင် ထိ ကြွချီပြီးနောက် မြို့ထဲက နေရာအနှံ့ကို ခွဲပြီး ဆုတောင်းပေးခဲ့ကြတာပါ။

ဂျော်ဂျီယာမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရတယ်လို့ စာရင်းဝင်သူ ၃၄ ယောက် ရှိပြီ ဖြစ်ပါတယ်။

ဂျော်ဂျီယာနယ်စပ်တွေကို ပိတ်ပစ်ခဲ့သလို နှင်းလျှောစီးတဲ့ စခန်းတွေ၊ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

Georgia
Reuters
တစ်ဘလစ်ဆီ မြို့တော်လမ်းတွေပေါ်မှာ ရေစင်ဖျန်းပေး

ယူရို ၂ဝ၂ဝ တနှစ်ရွှေ့

ယူရို ၂ဝ၂ဝ ဘောလုံးပွဲတွေကို ဗိုင်းရပ်ကြောင့် တနှစ် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ က ဆွစ်ဇာလန်မှာ ဗီဒီယို ကွန်ဖရင့်ခေါ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

နောက်နှစ် ဇွန်နဲ့ ဇူလိုင်မှာ ဥရောပ နိုင်ငံတွေ ဖြန့်ပြီး ဒီဘောလုံးပွဲကို ကျင်းပမယ်လို့လည်း နော်ဝေး ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

လမ်းထွက်ခွင့် ကန့်သတ်တဲ့ ပြင်သစ်

France
Reuters
ဘာကြောင့် ထွက်ရတယ် ဆိုတာ ရှင်းပြရ

ကိုရိုနာ ဗိုင်းရပ်ရောဂါကပ်ဘေးကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နေကြချိန်မှာပဲ ပြင်သစ် နိုင်ငံမှာလည်း ပြင်းထန်တဲ့ ကန့်သတ်မှုတွေ ချမှတ်ခဲ့ပါတယ်။

အိမ်ကနေ အပြင်ထွက်လာသူတိုင်း ဘာကြောင့် ထွက်ရတယ် ဆိုတာ ရှင်းပြတဲ့ စာကို ယူလာရမှာ ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်ရင် ၁၃၅ ယူရို ဒဏ်တပ်မှာ ဖြစ်ပါတယ်။

အလုပ်သွားတာ၊ အားကစား လေ့ကျင့်တာ၊ စျေးဆိုင်နဲ့ ဆေးဆိုင်ကို သွားတာ၊ မိသားစု အရေးပေါ် ကိစ္စနဲ့ ထွက်ရတာ မျိုးကိုသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

ဒီနေ့နှောင်းပိုင်းမှာလည်း ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ဗီဒီယို ကွန်ဖရင့် ခေါ်ဖို့ ရှိနေပြီး အီးယူ နယ်စပ်တွေ အားလုံး ရက် ၃ဝ ကြာ ပိတ်ဖို့ ကြေညာမယ်လို့လည်း ယူဆ နေကြပါတယ်။

ဗိုင်းရပ်ကိစ္စကြောင့် အခက်တွေ့နေတဲ့ ကုမ္ပဏီတွေကို ကူညီဖို့နဲ့ အခွန်ကောက်ခံတာ ရပ်ဆိုင်းပေးဖို့အတွက် ဥရောပ အစိုးရတွေရဲ့ ကူညီရေး စည်းမျဉ်းတွေ ဖြေလျှော့ပေးဖို့လည်း ဥရောပ ကော်မရှင်က အဆိုပြုထားပါတယ်။

အလီဘာဘာက အာဖရိကကိုကူ

အလီဘာဘာ အင်တာနက် စျေးရောင်းတဲ့ ဝက်ဆိုက်ကို ပူးတွဲ တည်ထောင်တဲ့ တရုတ် ဘီလျံနာ သူဌေး ဂျက်မားက ကိုရိုနာ ဗိုင်းရပ်ပိုး စစ်တဲ့ ပစ္စည်း နှစ်သောင်းစီကို အာဖရိကနိုင်ငံတိုင်းကို လှူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မျက်နှာဖုံးစွပ် တသိန်းစီနဲ့ အကာအကွယ်ဝတ်စုံ တထောင်စီကိုလည်း ဒီနိုင်ငံတွေကို သူက လှူမှာ ဖြစ်ပါတယ်။

အာဖရိကနိုင်ငံတွေအနေနဲ့ ဗိုင်းရပ်ထက် တလှမ်းကြိုပြင်ထားလို့ရပြီး တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေကနေ သင်္ခန်းစာယူနိုင်တယ်လို့လည်း မစ္စတာ မားက ပြောကြားခဲ့ပါတယ်။

အီသီယိုးပီးယား နိုင်ငံမြို့တော် အဒစ်အဘားဘားကို ဒီပစ္စည်းတွေ ပို့ပြီး ဖြန့်ဖြူးပေးမှာပါ။

အီသီယိုးပီးယား ဝန်ကြီးချုပ် အက်ဘီအာမက်က ဒီပစ္စည်းတွေကို လက်ခံပြီး အာဖရိကတတိုက်လုံးကို ဝေပေးရမှာ ဖြစ်ပါတယ်။

ဒီလို ပူးပေါင်း ကူညီတဲ့အတွက် ဂျက်မားကို ကြိုဆိုတယ်လို့လည်း မစ္စတာ အာမက်က တွစ်တာဝက်ဆိုက်မှာ ရေးသားခဲ့ပါတယ်။

တဂျ်မဟာ မဝင်ရ

သီရိလင်္ကာမှာ ဗိုင်းရပ်ကြောင့် နိုင်ငံတကာ လေယာဉ် အဝင်အထွက်ကို နှစ်ပတ် ပိတ်မယ်လို့ ကြေညာ ခဲ့ပါတယ်။ အိန္ဒိယမှာလည်း တဂျ်မဟာ အဆောက်အအုံအပြင် ထင်ရှားတဲ့ နေရာတွေကို ဝင်ထွက်ခွင့် ပိတ်ခဲ့ပါတယ်။

တဂျ်မဟာကို လာသူတွေက တရက်ကို သောင်းနဲ့ချီ ရှိပါတယ်။

အိန္ဒိယမှာ ဗိုင်းရပ်နဲ့ သေသူက သုံးယောက်ပဲ ရှိပြီး ဗီဇာတွေပိတ်ထားသလို ကျောင်းတွေလည်း ပိတ်နေပါတယ်။

ပါကစ္စတန်မှာတော့ ဗိုင်းရပ်ကူးစက်ခံရသူ ၂ဝဝ လောက် ရှိနေပါပြီ။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဗိုင်းရပ်မကူးအောင် ရေစင်ဖျန်းတဲ့ နိုင်ငံနဲ့ လမ်းထွက်ခွင့် ကန့်သတ်တဲ့ ပြင်သစ်
ข่าวที่เกี่ยวข้อง