Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ကိုရိုနာ သံသယ စောင့်ကြည့် လူနာ သေဆုံးမှု ၅ ဦးရှိလာ၊ ကျိုင်းတုံက သေဆုံးသူလူနာ အဖြေ စစ်ဆေးဖို့လုပ်နေ

18 มี.ค. 2563 - 20:56 น.

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ အမျိုးသား ၁ ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ မတ်လ ၁၇ ရက်က သေဆုံးသွား တယ်လို့ ကျိုင်းတုံ ဆေးရုံအုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်း က ဘီဘီစီကိုပြောပါတယ်။

အသက်၃၀အရွယ် ဒီလူနာဟာ မိုင်းဖြတ်က ဆည်မြောင်း လုပ်သားတစ်ဦးဖြစ်ပြီး တော့ သေဆုံးတဲ့ နေ့မနက်ပိုင်းက ပဲ ကျန်းမာရေးဝန်ကြီးဌာန က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျိုင်းတုံက သေဆုံးသူလူနာဟာ မြန်မာနိုင်ငံက ကိုရိုနာ သံသယ စောင့်ကြည့် လူနာသေဆုံးမှု ၅ ဦး မြောက်ဖြစ်ပါတယ်။

မတ် လ ၅ ရက် နဲ့ ၆ ၇က်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးကလူနာတွေဟာ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ နဲ့ စောင့်ကြည့်လူနာ အဖြစ်ကုသစဉ်သေဆုံးခဲ့ပြီး၊ မန္တလေး မှာ မတ်လ ၁၇ ရက်နေ့ က စောင့်ကြည့်လူနာ တစ်ဦး လည်းသေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံက ကိုရိုနာ သံသယ စောင့်ကြည့် လူနာ သေဆုံး မှု ၄ ဦးမှာ ဒီနေ့အထိ ပိုးတွေ့သူမရှိဘူးလို့ လည်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

ကျိုင်းတုံ က သေဆုံးသူလူနာရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်က အမျိုးသား ကျန်းမာရေးဓာတ်ခွဲစစ်ဆေးတဲ့ဌာနကို ပေးပို့စစ်ဆေးဖို့လုပ်နေတယ်လို့ ကျိုင်းတုံ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်း က ဘီဘီစီကိုပြောပါတယ်။

အဆိုပါ စောင့်ကြည့်လူနာဟာ မတ်လ ၁၄ ရက်နေ့က ကျိုင်းတုံဆေး ရုံကို ရောက်လာ တဲ့သူဖြစ်ပြီး

ရင်ကြပ်ရောဂါရှိလို့ ကျိုင်းတုံဆေးရုံမှာ သီးခြားခွဲထား ကုသပေးနေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

"ဆေးရုံ လာတက်တဲ့ အချိန်မှာ ချောင်းဆိုးတယ် ချောင်းဆိုးတဲ့ အချိန်မှာ သွေးပါတယ်၊ဓာတ်မှန်ရိုက်ပြီးစစ်လိုက်တော့ ပြင်းထန်တဲ့ အဆုတ်ရောင် ရောဂါ လက္ခဏာတွေတွေ့ရလို့ သီးသန့်ထားကုပြီး ကုသရေးဦးစီးဌာန ရုံးချုပ်ကို သတင်းပေးပို့ပါတယ် ရုံးချုပ် ကစောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ပေးတာပါ "လို့ ဒေါက်တာလှဋ္ဌေးမင်း က ဘီဘီစီကိုပြောပါတယ်။

အဲဒီလူနာ ဟာ မတ်လ ၁၇ ရက်နေ့ ညက သေဆုံးသွားခဲ့ပြီး လူနာမသေဆုံးမီ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ ရယူထားပြီး ဓာတ်ခွဲစစ်ဆေးချက်များ ကိုမတ်လ ၁၉ ရက်နေ့မှာ ရန်ကုန်ကို ဓာတ်ခွဲ ပေးပို့ဖို့ ရှိတယ်လို့လည်း သူကရှင်းပြပါတယ်။

မန္တလေး ကန်တော်နဒီဆေးရုံမှာ မတ်လ ၁၇ ရက် မနက်က ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ ကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးရာ မှာ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း နှင့် ရောဂါပိုးမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပါတယ်။

ကျိုင်းတုံကသေဆုံးခဲ့တဲ့လူနာ ဟာရောဂါပိုးရှိသူတွေနဲ့ထိတွေ့ဆက်ဆံ ခဲ့ခြင်းမရှိသလို နိုင်ငံခြားခရီးသွားခဲ့တာမရှိကြောင်း သမားတော်တွေရဲ့ မှတ်ချက်ကတော့ ပြင်းထန်အဆုတ်ရောင်လက္ခဏာ တွေနဲသွေးထဲမှာ နှလုံးအားနည်းရောဂါ သွေးထဲမှာ ပိုတက်ဆီယမ် ဓာတ်လျော့နည်းလို့ သေဆုံးတာလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ကျိုင်းတုံက သေဆုံးသူမတိုင် မှီ ကိုရိုနာ သံသယ စောင့်ကြည့် နဲ့သေဆုံးခဲ့သူ ၄ ဦးဟာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် ရပ်စောက် မြို့နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ် သတ်မှတ် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံက စောင့်ကြည့်လူနာ ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်က အသက် ၆၈ နှစ်အရွယ် နဲ့ ၂၂ နှစ် အရွှယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာ သံသယ စောင့်ကြည့် လူနာ သေဆုံးမှု ၅ ဦးရှိလာ၊ ကျိုင်းတုံက သေဆုံးသူလူနာ အဖြေ စစ်ဆေးဖို့လုပ်နေ
ข่าวที่เกี่ยวข้อง