Khaosod
Online

วันอาทิตย์ ที่ 31 พ.ค. 2563

ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံတွေ မြန်မာ ဆေးရုံတွေမှာအလုံအလောက်ရှိ ရဲ့လား

19 มี.ค. 2563 - 22:52 น.

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားကူးစက်လာခဲ့ရင်ကုသဖို့ အတွက် မြန်မာနိုင်ငံ ကဆေးရုံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် PPE တွေအလုံအလောက်မရှိဘူးလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ကဘီဘီစီကိုပြောပါတယ်။

ဒါအပြင် အသက်ရှုစက် တွေဟာ ဆေးရုံကြီးတွေ မှာရှိပေမယ့် covid 19 လူနာ ကိုကုသလိုက် ရင်နောက်လူကို ကုသမရနိုင်တဲ့ အတွက် အခက်အခဲရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒီအသက်ရှုစက် ကိုနောက်တစ်ယောက်သုံးရင် နောက်တစ်ယောက်ကူးသွားမှာကို တို့ တိုင်းပြည်မှာတော့ ဆေးရုံတစ်ရုံ လုံးမှ တစ်လုံး ရှိတာတို့၊ နှစ်လုံးရှိတာတို့၊ ရှိတာကိုးအဲဒီ covid 19 လူနာတွေကိုပေးရပြီဆိုရင် ကျန်တဲ့ လူနာ အတွက်က မရှိတော့ဘူး "လို့ ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လူနာ တွေ တကယ်တန်းများလာခဲ့ ရင် အခြားနိုင်ငံ တွေမှာတော့ ဟိုတယ်တွေကို ဆေးရုံ အဖြစ် ပြောင်းထားပြီးကုတာရှိပေမယ့် မြန်မာနိုင်ငံ ဆေးရုံတွေမှာ လူနာများလာရင်ဆိုတဲ့ကုသရေးအတွက် စဉ်းစားမှုတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

"စာသင်ကျောင်းတွေအခုပိတ်ထားတော့ ပိုးသတ်ပြီး သုံးသင့်ရင် သုံးမယ် ဟိုတယ်တွေ သုံးသင့်ရင်သုံးမယ် ဆိုပြီး စဉ်းစားနေကြတယ်"လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး အပိုင်းတွေ အတွက် N95 နှာခေါင်းစည်းတွေ နဲ လိုအပ်သလို လူနာကိုစောင့်ကြည့်တဲ့စက် ၊ ဆေးထိုးတဲ့ စက် အကြောဆေးသွင်းတဲ့စက် နဲ့ အလွယ်တကူ သယ်လို့ရတဲ့ ဓာတ်မှန် စက ရင်ကျပ်ရင်ရှူတဲ့ စက်၊ အောက်စီဂျင်စက် တွေလည်းလို တယ်လို့လည်း သူကပြောပါတယ် ။

covid 19 လူနာကို အပြင်ခေါ်ထုတ် ကုသလို့မရ တာ ကြောင့် အခုလို စက်တွေထပ်လိုတာဖြစ်တယ်လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

"လိုအပ်တာတွေ ကတော့အများကြီးပဲ မနေ့ကတော့ ဝန်ကြီးက မကြာမှီ ဘက်ဂျက် ချပေးဖို့ ရှိတယ်လို့ ပြောသွားတယ်" လို့လည်းသူကပြောပါတယ်။

မြန်မာနိုင်ငံ ဆရာဝန်များအသင်းကလည်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန နဲ့ပူးပေါင်းပြီးစေတနာ့ ဝန်ထမ်း လုပ်ကိုင်မယ့် ဆရာဝန်များအမည်စာရင်းစုဆောင်းနေတယ်လို့ထုတ်ပြန်ပါတယ်။

"ဒီရောဂါဖြစ်လာခဲ့ ရင်ထိပ်ဆုံး က ကူးမှာ တို့ပဲ အဲတော့ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံးက လည်းစိုးရိမ်ကြပါတယ်။ အဲတော့ ဘယ်ကလာမယ်မှန်းမသိတဲ ရန်သူကို စောင့်နေ ရတယ် အခုလည်းမနိုင်ဝန်ထမ်းနေ ရတာဆိုတော့ စိတ်ပူပန်မှုတွေရှိတယ်လို့လည်း "သူကပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ စိတ်ဖိစီးမှု တွေများလွန်းနေတာကြောင့် သူတို့ကို စိတ်ပိုင်းဆိုင် ရာ ထောက်ပံ့အားပေးမှုတွေလုပ်ပေးသင့်တယ်လို့လည်းပြောပါတယ် ။

မတ်လ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ က ၇ ဦး သေဆုံးခဲ့ပါတယ် ။ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက် ရှိတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီး ဌာန တရားဝင်ထုတ်ပြန်ချက်တွေအ ရ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၁၆) ဉီးကို သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိ ပါတယ်။

"စက်ကိရိယာတွေ မစုံလင်ပေမယ့် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေဆဲပါ။တကယ်လို့ positive လူနာ တစ်ယောက် ပေါ်လာလို့ စမ်းသပ်တဲ့ ဆရာ၀န် ၀န်ထမ်းတွေ ကလည်း ဘာကြိုတင်ကာကွယ်မှုမှ လုပ်မထားမိသေးဘဲ စမ်းမိရင် လူနာကိုင်မိသူများ quarantine (၁၄)ရက်ထိပါ့မယ်။ ဆရာ၀န်၊ ဆရာမ၊ သန့်ရှင်းရေး အကုန် (၁၄)ရက် ထိပါ့မယ်။

အဲဒီလို အဖြစ်မျိုး positive လူနာ(၅)ယောက်လောက်မှာ ကြုံရရင် quarantine အလုပ်ခံရတဲ့ အရေအတွက် တစ်အားများပြီး ပုံမှန် ဆေးရုံ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်"လို့ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံတွေ မြန်မာ ဆေးရုံတွေမှာအလုံအလောက်ရှိ ရဲ့လား
ข่าวที่เกี่ยวข้อง