Khaosod
Online

วันอาทิตย์ ที่ 31 พ.ค. 2563

အေအေကို ချင်းပြည်နယ်မှာ အခြေချလှုပ်ရှားခြင်းမပြုဖို့(CNF)တောင်းဆို၊စားသုံးဆီဈေးအလွန်အကျွံဝယ်ယူစုဆောင်းပါကဈေးနှုန်းမတည်မငြိမ်ဖြစ်လိမ့်မယ်လို့သတိပေးစတဲ့ မနက်ခင်းသတင်းများ

20 มี.ค. 2563 - 10:20 น.

(၁ အေအေ ကို ချင်းပြည်နယ်မှာ အခြေချလှုပ်ရှားခြင်း မပြုဖို့ ချင်းအမျိုးသားတပ်ဦး (CNF) တောင်းဆို

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြား ချင်းအမျိုးသားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိနေတာကြောင့် ချင်းအမျိုးသားများ အတွက် အရေးပေါ်အခြေအနေ ရောက်ရှိနေပြီလို့ ချင်းအမျိုးသားတပ်ဦးCNFက သူ့ရဲ့သတ္တမအကြိမ်မြောက် ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။

ညီလာခံကနေ အချက် ၇ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး အဆိုပါကြေညာချက်ထဲမှာ မြန်မာ့တပ်မတော်နဲ့ အေအေ အနေနဲ့ ချင်းအမျိုးသား ပိုင်နက် နယ်မြေတွေအတွင်း တိုက်ပွဲ တွေ ချက်ချင်းရပ်တန့်ဖို့ ၊ အေအေအနေနဲ့ ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေ နေထိုင်ရာ နေရာတွေမှာ စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံး၀ မပြုလုပ်ဖို့ဆိုတဲ့အချက်လည်း ပါပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းပြည်နယ် ပလက်ဝဒေသမှာ အေအေနဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ချင်းလူမျိုး ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

(၂ တစ်ရှုးငှက်ပျောကားတွေကြောင့် တရုတ်နိုင်ငံသားအဝင်အထွက်ပိတ်ပေးဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို အိတ်ဖွင့်စာပို့

ကိုဗစ် -၁၉ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို စိုးရိမ်နေရဆဲအခြေအနေမှာ ကချင်ပြည်နယ်အနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဂိတ်တွေကနေ လူအဝင်အထွက်အပြင် ငှက်ပျောထွက်ကုန်တွေကြောင့် တရုတ်နိုင်ငံဘက်က ကုန်ကားတွေ ကို ဝင်ထွက်ခွင့်ပြုနေသေးတာဟာအလွန်အန္တရာယ်များတာကြောင့် ကချင်ပြည်နယ်တွင်းက နယ်စပ်ဂိတ် တွေမှာ လူအဝင်အထွက်နဲ့ ကားအဝင်အထွက်တွေကို ယာယီပိတ်ပေးထားဖို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)ကနေ မတ် ၁၉ ရက် နေ့စွဲနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၉ ရက်နေ့မှာ နယ်စပ်ဂိတ်ပေါက်အားလုံးကနေ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံခြားသားအဝင်အထွက်တွေကို ခွင့်မပြုတော့ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံနယ်စပ်က ပြည်သူတွေအနေနဲ့တော့ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်ပြားနဲ့ဝင်ရောက်သွားလာနိုင်ပြီး ကျန်းမာရေးအရ စစ်ဆေးတာတွေကို လုပ်ဆောင်သွားမယ်လို့ ပါပါတယ်။

(၃ အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိန်းမှုကျုးလွန်ခဲ့တဲ့ တရားခံ၄ ဦးကို သေဒဏ်စီရင်တော့မယ်

၂၀၁၂ခုနှစ်က အိန္ဒိယနိုင်ငံ ဒေလီမြို့က ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ကျုးလွန်ခဲ့သူ အမျိုးသား ၄ ဦးဟာ သေဒဏ်စီရင်ခံရတော့မှာဖြစ်ပါတယ်။

တရားခံ ၄ ဦးကို တရားရုံးက ၂၀၁၃ ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

မုဒိန်းကျင့်ခံခဲ့ရသူ ကျောင်းသူဟာဘတ်စ်ကားပေါ်မှာ အမျိုးသား၆ ဦးရဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံမှာ ဥပဒေအသစ်ထွက်ပေါ်လာဖို့ မုဒိန်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မုဒိန်းမှုကျူးလွန်ခဲ့သူ ၆ ဦးအနက် Ram Singh ဆိုသူဟာ ၂၀၁၃ ခုနှစ်က ထောင်ထဲမှာ သတ်သွားခဲ့ပြီး အသက်မပြည့်သေးသူတစ်ဦးကိုတော့ လူငယ်ပြုပြင်ရေးကျောင်းကို ပို့ခဲ့ပါတယ်။

အသက်မပြည့်သေးတဲ့တရားခံကိုတော့ လူငယ် ပြုပြင်ရေးစခန်းမှာ ၃ နှစ် ထား ခဲ့ပါတယ် ။

(၄ စားသုံးဆီဈေးအလွန်အကျွံဝယ်ယူစုဆောင်းပါက ဈေးနှုန်းမတည်မငြိမ်ဖြစ်လိမ့်မယ်လို့ သတိပေး

ပြည်တွင်းဈေးကွက်မှာ စားသုံးဆီပြတ်လပ်မှုမရှိအောင်နဲ့ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ရရှိစေဖို့ အစိုးရနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကနေ မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စားသုံးဆီအဓိကတင်ပို့တဲ့နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှားစတဲ့နိုင်ငံတွေမှာလည်း ဆီအုန်းစက်ရုံတွေ ပုံမှန်လည်နေပြီး ပြည်ပကို ပုံမှန်တင်ပို့နိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပ ါတယ်။

ဒါကြောင့် စားသုံးသူပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စိတ်နဲ့စားသုံးဆီကို အလွန်အကျွံဝယ်ယူစုဆောင်းပါက ဆီဈေးနှုန်းမတည်ငြိမ်တာမျိုး ဖြစ်လာနိုင်တာကြောင့် ပုံမှန်သာ ဝယ်ယူသုံးစွဲကြဖို့ အသိပေးထားပါတယ်။

ဆီဈေးကွက်မှာ မတ် ၁၉ ရက်ကစပြီး စားသုံးဆီဈေးဟာ တစ်ပိသာကို ကျပ် ၂၁၀၀ ခန့်ကနေ ကျပ် ၃၀၀၀ ခန့်အထိ ဈေးတက်သွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကိုဗစ် -၁၉ ကြောင့် ဈေးတွေပိတ်မှာစိုးရိမ်ပူပန်စိတ်ကြောင့် ကုန်ပစ္စည်းတွေကို အလွန်အကျွံဝယ်ယူတာတွေလည်းဖြစ်ပေါ်ခဲ့ပါသေးတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ အေအေကို ချင်းပြည်နယ်မှာ အခြေချလှုပ်ရှားခြင်းမပြုဖို့(CNF)တောင်းဆို၊စားသုံးဆီဈေးအလွန်အကျွံဝယ်ယူစုဆောင်းပါကဈေးနှုန်းမတည်မငြိမ်ဖြစ်လိမ့်မယ်လို့သတိပေးစတဲ့ မနက်ခင်းသတင်းများ
ข่าวที่เกี่ยวข้อง