Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ကိုဗစ်၁၉- သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ အပြင်မထွက်ဖို့ မြန်မာ အစိုးရ ပန်ကြား

21 มี.ค. 2563 - 12:30 น.

အသက်အရွယ် ကြီးသူတွေနဲ့ နာတာရှည် ရောဂါသည်တွေ အခုအချိန်မှာ အပြင်ကို သွားတာ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဒီကနေ့ မတ်လ ၂၁ ရက်နေ့စွဲနဲ့ ပန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေနဲ့ ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကင်ဆာ၊ ကျောက်ကပ်၊ အသည်းတို့လို နာတာရှည်ရောဂါသည်တွေ အပြင်သွားတာကိုရှောင်ဖို့ အစိုးရက တိုက်တွန်းထားတာပါ။

လူထူထပ်တဲ့နေရာတွေ၊ ပွဲလမ်းသဘင်အခမ်းအနားတွေကို လည်း မသွားရောက်ကြဖို့ အဲဒီပန်ကြားချက်မှာ ပါရှိပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှာ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံကိုလည်း ရောဂါအချိန်မရွေး ဝင်ရောက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတစ်ဦးတစ်ယောက်ကိုမှ ရောဂါမဖြစ်စေလို၊ အသက်မဆုံးရှုံးစေလိုတာကြောင့် ထုတ်ပြန်ချက်တွေကို အတိကျလိုက်နာကြဖို့နဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ဒီဗိုင်းရပ်စ်ဟာ အသက်အရွယ်ကြီးသူတွေအထိခိုက်ခံစားရဆုံး ဖြစ်ပေမယ့် ငယ်ရွယ်သူတွေလည်း မပေါ့ဆသင့်ဘဲ လူစုလူဝေးကို ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။

သေဆုံးသူ လေးထောင်ကျော်နဲ့ အများဆုံးဖြစ်နေတဲ့အီတလီမှာ သေဆုံးတဲ့အသက်အရွယ်ပျှမ်းမျှနှုန်းထားဟာ ၇၅ နှစ်ခွဲနဲ့ အထက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လူနာတွေပြုံကျနေတဲ့အီတလီမှာ ဘယ်အသက်အရွယ်အပိုင်းအခြားကို ဦးစားပေးပြီး ကုသမလဲဆိုတာ ဆေးရုံတွေက ခက်ခက်ခဲခဲဆုံးဖြတ်ကုသနေရတယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာလည်း အဲဒီလိုအခြေအနေနဲ့ ကြုံလာရရင် ဘယ်အသက်အရွယ်ကို ဦးစားပေးကုသမလဲဆိုတာ ဆွေးနွေးနေကြပါပြီဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၂၀ ရက်အထိ မြန်မာမှာ ဗိုင်းရပ်စ် ကူးစက်သူမရှိသေးဘဲ စောင့်ကြည့်နဲ့ သံသယလူနာ စုစုပေါင်း ၁၈၆ ဦး ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက နာတာရှည်ဆီးချိုနဲ့ နှလုံး နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးသူ ၃ ဦး၊ တီဘီ၊ ကျောက်ကပ်တို့နဲ့ သေဆုံးသူ တစ်ဦး၊ နာတာရှည်ကျောက်ကပ်ရောဂါနဲ့ သေဆုံးသူ တစ်ဦး၊ အဆုပ်ပွရောဂါနဲ့ သေဆုံးသူ တစ်ဦး၊ သွေးဆိပ်တက်ပြီး နောက်ဆက်တွဲဆိုးကျိုးနဲ့ သေဆုံးသူ နှစ်ဦး၊ လတ်တလောအသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ကြောင့် သေသူ တစ်ဦး စုစုပေါင်း ကိုးဦး ရှိနေပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ဖို့ ဒါတွေလုပ်ပါ

ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့အချက်တွေကိုလည်း လိုက်နာကြဖို့ကို တိုက်တွန်းထားပါတယ်။

အဲဒါတွေကတော့ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးဖို့ ဒါမှမဟုတ် အရက်ပြန်အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါတဲ့ လက်ဆေးရည်နဲ့ ဆေးဖို့ဖြစ်ပါတယ်။

အထူးသဖြင့် အပြင်က ပြန်လာပြီးတိုင်း အများပြည်သူအသုံးပြုရာနေရာတွေက ပစ္စည်းတွေ ဥပမာ လှေကားလက်ရမ်း၊ ဓာတ်လှေကားခလုတ်၊ တံခါးလက်ကိုင် တွေကို ကိုင်ပြီးတိုင်း လက်ကိုဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်။ လက်ကိုမဆေးဘဲ နှာခေါင်း၊ ပါးစပ်နဲ့ မျက်နှာတို့ကို မကိုင်တွယ်ဖို့ လိုပါတယ်။

နှာချေချောင်းဆိုးတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ရပါမယ်။

ဖျားနာ၊ နှာချေချောင်းဆိုနေရင် လူစုလူဝေး၊ ဘတ်စ်ကားစီးခြင်းနဲ့ ခရီးသွားခြင်းကိုရှောင်ရပါမယ်။ ကိုယ်ကနေတစ်ဆင့် ကိုယ့်မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တခြားသူတွေကို ရောဂါမကူးစက်အောင် နေရပါမယ်။

ရောဂါ ကူးစက်ရာဒေသ နိုင်ငံတွေက ပြန်လာသူတွေဟာ အနီးဆုံးကျန်းမာရေးဌာနကို သတင်းပို့ရမှာ ဖြစ်ပြီး အစိုးရက သတ်မှတ်ထားရှိမယ့် quarantine လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုဗစ်၁၉- သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ အပြင်မထွက်ဖို့ မြန်မာ အစိုးရ ပန်ကြား
ข่าวที่เกี่ยวข้อง