Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ဗိုင်းရပ်ကြောက်လို့ တောင်အာရှ ထောင်တွေဆူ၊ တရက်အတွင်း အီတလီမှာ လူ ၈ဝဝ လောက် စံချိန်တင် သေဆုံး

22 มี.ค. 2563 - 08:06 น.

ကိုရိုနာဗိုင်းရပ်ရောဂါကို ကျားကုတ်ကျားခဲ တွန်းလှန်နေရတဲ့ အီတလီနိုင်ငံက စက်ရုံတွေအပါအဝင် စီးပွားရေး လုပ်ငန်းတွေမှာ မလိုအပ်တဲ့ လည်ပတ်မှုတွေ ရပ်ဆိုင်းသင့်တယ်လို့ အီတလီ ဝန်ကြီးချုပ် ဂျိုဇက်ပေ ကွန်တေက ပြောကြား လိုက်ပါတယ်။

တရက်အတွင်း အီတလီမှာ လူ ၈ဝဝ လောက် စံချိန်တင် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီးနောက် မစ္စတာ ကွန်တေက ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီထဲက လောင်ဘာဒီနယ်မှာ သေသူက ၅၅ဝ လောက်ရှိပါတယ်။

ဒီနယ်အတွက် မလိုအပ်တဲ့ အဆောက်အဦ ဆောက်တာတွေ တားမြစ်တာနဲ့ အပတ်စဉ် ဖွင့်တဲ့ လေဟာပြင်စျေးတွေကို ရပ်ဆိုင်းတာ စတဲ့ ပိုမိုတင်းကျပ်တဲ့ ဗိုင်းရပ်တိုက်ဖျက်ရေး စည်းမျဉ်းတွေကိုလည်း နယ်ဥက္ကဋ္ဌ အတ်တီလီယို ဖွန်တားနား က ကြေညာခဲ့ပါတယ်။

နောက် အပြင်ထွက်ပြီး တယောက်ချင်း အားကစားလုပ်တာနဲ့ ကိုယ်လက်လှုပ်ရှားတာ စတာတွေကိုလည်း တားမြစ်လိုက်ပြီလို့ သူက ဆိုပါတယ်။

ဥရောပက တခြားနှစ်နိုင်ငံမှာလည်း ဗိုင်းရပ်ကြောင့် သေသူအရေအတွက် ထိုးတက်လာခဲ့ပါတယ်။ ပြင်သစ်မှာ တရက်ထဲ လူတရာကျော် သေဆုံးပြီး စုစုပေါင်းသေသူ ၅၆ဝ ကျော် ရှိသွားခဲ့ပါတယ်။

စပိန်မှာတော့ တရက်ထဲမှာ သေသူ သုံးရာကျော်ပြီး စုစုပေါင်းသေဆုံးသူ ၁၃ဝဝ ကျော်သွားပါတယ်။

နောက် ဒီအကျပ်အတည်းမှာ သူ့နိုင်ငံသားတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုကိုလည်း စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်ချေးက ချီးကျူးခဲ့ပါတယ်။ စပိန်မှာ အရေးပေါ် အခြေအနေ ကြေညာထားတာ တပတ် ရှိသွားပါပြီ။

ဒီရောဂါတိုက်ဖျက်ရေးအတွက် ပြည်သူတွေ အိမ်မှာဆက်နေဖို့က အရေးကြီးတယ်လို့လည်း စပိန် ဝန်ကြီးချုပ်က ဆိုပါတယ်။ အဆိုးဆုံးရက်တွေကို ရင်ဆိုင်ရအုံးမယ်လို့လည်း သူက သတိပေးသွားပါတယ်။

ဗိုင်းရပ်ကြောင့် တောင်အာရှ ထောင်တွေဆူ

သီရိလင်္ကာနဲ့ အိန္ဒိယမှာ ဗိုင်းရပ်ကို ကြောက်လို့ ထောင်ဆူတာတွေ ဖြစ်ပွားခဲ့ပြီး သီရိလင်္ကာ အလယ်ပိုင်းက ထောင်ဆူမှုမှာ အနည်းဆုံး လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။

အကျဉ်းသားတွေက သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုရာကနေ ဆူပူမှု ဖြစ်ပွားတာလို့ ရဲက ဆိုပါတယ်။

ထွက်ပြေးဖို့ လုပ်သူတွေကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားမြို့ က ထောင်ကြီးမှာတော့ ဆူပူမှုကို ဖြိုခွဲဖို့ ရဲက မျက်ရည်ယိုဗုံး သုံးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ ထောင်ကျ အကျဉ်းသားတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ပရိဘောဂတွေကို ဖျက်ဆီးခဲ့ကြပါတယ်။

ကန် အကူအညီပေးရေး ညှိနေဆဲ

အမေရိကန် ဆီးနိတ် လွှတ်တော်မှာတော့ ဗိုင်းရပ်ကပ်ဘေးမှာ စီးပွားရေး အကူအညီ အတွက် ဒေါ်လာ တစ် ထရီလျံ ပေးဖို့ ကိစ္စ သဘောတူဖို့ တိုးတက်မှုတွေ ရှိတယ်လို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ်တွေက ပြောပါတယ်။

အမေရိကန် မိသားစုတွေ၊ စီးပွားရေးတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အကူအညီက ခုကတည်းက လိုနေပြီလို့လည်း ဆီးနိတ် လူများစု ခေါင်းဆောင်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်အမတ် မစ်ချ် မက်ကောနဲက အလေးပေး ပြောဆိုခဲ့ပါတယ်။

ဒီသီတင်းပတ်ကုန်မှာ ဒီကိစ္စ ပြတ်အောင် ဆွေးနွေးပြီး တနင်္လာနေ့မှာ နောက်ဆုံး မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

ဒီအစီအစဉ်မှာ အိမ်တိုင်းကို ဒေါ်လာတထောင်စီ ပေးတာ အပါအဝင် စီးပွားရေး လုပ်ငန်းတွေအတွက် ချေးငွေတွေနဲ့ အလုပ်လက်မဲ့ အာမခံကို တိုးမြှင့်ပေးဖို့ ကိစ္စတွေလည်း ပါမယ်လို့ မျှော်လင့်နေကြပါတယ်။

နောက် အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က သူနဲ့ သူ့ဇနီးမှာ ဒီဗိုင်းရပ်ရှိမရှိ စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ ရွှေ့မယ့် ဘိုလစ်ဗီးယား

Bolivia
Reuters
ဘိုလစ်ဗီးယားစျေးထဲက မျက်နှာဖုံးရောင်းသူ

တောင်အမေရိကက ဘိုလစ်ဗီးယားနိုင်ငံမှာတော့ မေလလုပ်မယ့် သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်လို့ ကြားဖြတ်အစိုးရက ကြေညာခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ် ကူးစက်မှာကို တားဆီးတဲ့အနေနဲ့ ဘိုလစ်ဗီးယား နိုင်ငံအနှံ့ ပိတ်ဆို့မှုတွေကိုလည်း ဒီကနေ့ စပြီး လုပ်ဖို့ ရှိပါတယ်။

တနိုင်ငံလုံး သီးသန့်ခွဲထားဖို့အတွက် ရွေးကောက်ပွဲကို နှစ်ပတ် နောက်ဆုတ်မယ် ဆိုပေမယ့် ဘယ်နေ့ လုပ်မယ်ဆိုတာကိုတော့ ရွေးကောက်ပွဲ အရာရှိတွေက မပြောပါဘူး။

ဘိုလစ်ဗီးယားမှာ ရောဂါကူးစက်ခံရသူ ၁၉ ယောက် ရှိပြီး အိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီး နည်းပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဗိုင်းရပ်ကြောက်လို့ တောင်အာရှ ထောင်တွေဆူ၊ တရက်အတွင်း အီတလီမှာ လူ ၈ဝဝ လောက် စံချိန်တင် သေဆုံး
ข่าวที่เกี่ยวข้อง